抖阴社区

                                    

"သခင်က... သခင်က အထဲကိုခေါင်းလေးသွင်းပြီး ချောင်းကြည့်ရုံလေးပဲလုပ်နေတာ ထုထုကိုမကြိုက်တော့တာလား "

"ကလေးရယ်... ကိုယ်အားထည့်လိုက်ရင်ဗိုက်နာသွားမှာပေါ့ ၊ လိမ္မာတယ်နော် "

"အဲ့လိုလား "

"ဒီလောက်လှတာလေး ဘယ်လိုမကြိုက်ပဲရှိရ? "

ထုထုကကျေနပ်သွားပြီး Alpha ရဲ့မျက်နှာကိုပဲလျှာလေးနဲ့လျက်ဆော့နေတော့တယ် ။ ထုထုယောကျာ်းကိုထုထုအရမ်းချစ်တာ ။ ထုထုယောကျာ်းကအရသာအရမ်းရှိတယ် ။

***

မွေးဖွားချိန်နီးလာတော့ Alpha က ကောင်ငယ်လေးရဲ့ကိုယ်ကိုပွေ့ထားရင်း ထုံးစံအတိုင်းနဂါးမီးတောက်လေးတွေနဲ့ဗိုက်ကိုပွတ်သပ်ပေးနေတယ် ။ သူ့ကြင်ယာတော်လေးရဲ့ဗိုက်မှာထူးခြားတဲ့စွမ်းအင်တစ်ခုရှာတွေ့လာတော့သူထိတ်လန့်သွားခဲ့တယ် ။

"ဒါက... "

Alpha က ချက်ချင်းဝတ်ရုံခြုံပြီး အဆောင်ကနေထွက်သွားလိုက်တယ် ။ လရောင်အောက်မှာသေရည်တစ်ပုလင်းနဲ့ထိုင်နေခဲ့တဲ့ Ice က သူလာမှာကိုကြိုသိနေသည့်အလား နာကျင်စွာ
လှည့်ကြည့်လာခဲ့တယ် ။ ထိုအမူအယာက Alpha ကိုတုန်လှုပ်စေပါတယ် ။

"ကြင်ယာတော်ရဲ့ကိုယ်ပေါ်မှာရှိနေတာဘာလဲ "

"မှော်စွမ်းအင်ပါသခင် "

"ဘာ "

Alpha က ခြေယိုင်ပြီးနောက်ရွေ့သွားတယ် ။ မှော်စွမ်းအင်အတွက် အရောင်းအဝယ်လုပ်ကြတဲ့နေရာမှာအသက်သက်တမ်းက ပေးချေရတဲ့တန်ဖိုးပဲ ။ Alpha က Ice ရဲ့ လည်တိုင်ကိုတင်းတင်းကျပ်ကျပ်ညှစ်ထားရင်း မျက်ဝန်းရဲရဲတွေနဲ့စိုက်ကြည့်နေခဲ့တယ် ။

"မင်းဘာလုပ်လိုက်တာလဲ "

Ice က နာကျင်နေတဲ့လည်တိုင်ကြောင့်စကားပြန်မပြောနိုင်ခဲ့ပေ ။ Alpha က လွှတ်ချလိုက်ပြီး Ice ရဲ့အဖြေကိုစောင့်နေလိုက်တယ် ။

"ဝံပုလွေတွေနဲ့ကျွန်တော်တို့တိုက်ပွဲကိုမှတ်မိသေးတယ်မလား... သခင့်ဆီမရောက်လာခင် ကျွန်တော်ဒီလောကရဲ့စည်းကိုကျော်ခဲ့တယ် "

"ဘာ ?"

"Sean... အဲ့ကလေးက အပြာရောင်လောကကပါ ၊ သူကသာမန်လူသားတစ်ယောက်ပဲ ကျွန်တော့်ကိုကယ်ဖို့ သူ့သွေးသုံးခဲ့တယ် အဲ့ဒါ
ကြောင့်... "

Xiao Tu Tu and Leo Where stories live. Discover now