"သခင် "
"ကိုယ်တို့ဘယ်တော့မှမခွဲဘူး ၊ ပန်းလှေပွဲတော်ကျရင် မခွဲခွာရခြင်းပန်းလှေလေးတွေမျှောကြမယ် "
ပန်းလှေပွဲတော်ကနောက်သုံးလကြာရင်ရောက်မယ် ။ ပန်းလှေမျောရာမြစ်က ဝိဥာဥ်ကမ္ဘာကူးတံတားဝဆိုတာသူသိထားတယ် ။ သူ ဒီဘဝ ၊ ဒီကမ္ဘာနဲ့ လောကအရှင်ကပေးအပ်ထားသမျှစွန့်လွှတ်နိုင်သည် ။ သူမစွန့်လွှတ်နိုင်တာ ဒီကောင်လေးပဲ ။
လူတွေအကုန်လုံးရဲ့ကောင်းချီးပေးမှုထက် Sean ရဲ့ ခပ်ဆိုးဆိုးအော်သံလေးတွေကိုပဲသူမက်မောတယ် ။ တစ်လောကလုံးက ကျိန်ဆဲပါစေဦးတော့ သူ့ယုန်ပေါက်လေးသာရှိနေရင်ရပြီ ။
. . .
ထုထုတစ်နေကုန်အီလည်လည်လေးတော့ဖြစ်နေတယ် ။ သခင်ကဘာမှပြောမလာပေမဲ့ ထုထုစိတ်ပိစိလေးက ရမ်းရမ်းကိုလေးနေတာပဲ ။ အွန်း။
ထုထုလူပုံဖြစ်နေပေမဲ့ လက်ကလေးတွေကိုလျက်နေမိတယ် ။ သူယုန်ပုံစံနေရတာထက်
လူပုံစံကိုပိုသဘောကျပေမဲ့ အခုတော့ယုန်လေးသာဖြစ်ချင်နေမိတယ်လေ ။ သူ့တစ်ကိုယ်လုံးမှာစူးရှရှလေးဖြစ်နေတယ် ။ အမွှေးတွေနှုတ်ပစ်ပြီးနွေးထွေးအောင်လုပ်ချင်တာအရမ်းပဲ ။ထုထုအိမ်လေးထဲသွားကြည့်ပြီး အိပ်နေတဲ့လင်းမြွေကိုနှိုးလိုက်တယ် ။ လင်းမြွေက သူ့ရဲ့မင်္ဂလာခေါင်းစည်းလေးကိုလည်ပင်းမှာစွပ်ထားရင်း နိုးမလာပါချေ ။
"အေ့နော်ထုထုမရှိရင် လင်းမြွေကို Sky စားပစ်မှာ အဲ့လိုဆိုးရင် သခင်ကလင်းမြွေကိုခေါ်ထားမှာမဟုတ်ဘူး "
လင်းမြွေက မရှိတဲ့နားရွက်ကိုမရှိတဲ့လက်နဲ့ပိတ်ပြီး သူ့အခွေထဲခေါင်းလေးစွက်ခနဲနှစ်ချလိုက်တယ် ။
"ပျင်းတာကွား "
ထုထု လင်းမြွေကိုနှိုးမရတာမို့ အခန်းပြင်ချောင်းကြည့်ပြီးဗိုက်လေးကော့တော့ကော့တော့နဲ့ အဆောင်ပြင်မှာတရားထိုင်နေတဲ့ သခင်ရှိရာထွက်လာလိုက်တယ် ။
"သခင် "
Alpha က ဖြန့်ကျက်ထားတဲ့ စွမ်းအင်တွေကိုပြန်စုစည်းပြီး မျက်လုံးဖွင့်လာခဲ့တယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg