抖阴社区

                                    

"ဘာလိုချင်လဲ ကိုယ့်ကလေး "

" ထုထုပုံပြောင်းချင်လို့ "

မျက်ဝန်းအစ်အစ်ကလေးကိုပွတ်ရင်း သူ့ကိုမှီကာပြောလာတဲ့ ကောင်လေးကိုသူငေးနေမိတယ် ။ ဒီမြတ်နိုးစရာသက်ရှိလေးကိုဘယ်သူကများအဆုံးသတ်ပစ်ချင်ရတာလဲ ။

"ကိုယ် အဖော်မပြုပေးလို့ ပျင်းနေတာလား "

"သခင်မအားရင်နေပါနော် ထုထုမျက်စိရှေ့ရှိနေရင်ပြီးတာပဲ ထုထုဘေးမှာအိပ်နေမယ် "

ထိုအလိုက်သိမှုလေးကို Alpha က မငြင်းဆန်နိုင်ခဲ့ပေ ။ နေ့အလင်းမကွယ်ခင် သူစွမ်းအင်တွေကိုသန့်စင်ပေးဖို့လိုတယ် ။ ဒါကသူတို့ရဲ့အနာဂါတ်အတွက်ပါပဲ ။

ယုန်ပုံပြောင်းသွားတဲ့ထုထုက သူ့ကိုယ်ကကျွတ်ကျလာတဲ့အဝတ်ပုံလေးပေါ်မှာပဲ သူ့ဗိုက်ပူပူကို
ဖွက်လို့အိပ်ဖို့ကြိုးစားလိုက်တယ် ။ ယုန်ဘဝမှာတော့သူကမွှေးပွလုံးလေးလိုဖြစ်နေပါတယ် ။ သူမျက်စိအတင်းမှိတ်ထားပေးမဲ့ အဲ့ဒါကအသုံးမဝင်ခဲ့ပေ ။ သူ့ကိုယ်ကယားယံပြီး ရှုပ်ထွေးနေတယ် ။ သူကိုယ်တိုင်တောင်မသိလိုက်ပါဘဲ သွားလေးတွေ ခြေသည်းလေးတွေနဲ့အမွှေးတွေကိုကိုက်ချွတ်နေမိတယ် ။ လူ့ဆံပင်ကျွတ်လွယ်နေတဲ့ကာလလိုမျိုးသူ့အမွှေးတွေကလည်းအဆုပ်လိုက်
အလွယ်တကူကျွတ်လာတယ် ။ သူကနာကျင်ခြင်းကိုမခံစားရဘဲ အမွှေးတွေကိုသာအသိုက်လေးလိုဖြစ်အောင်စုနေမိတယ် ။

နေဝင်သွားတဲ့အခါ Alpha က လောကဝင်ရိုးစွန်းတွေအထိလှည့်ပတ်ဖြန့်ကျက်ထားတဲ့စွမ်းအင်တွေကိုပြန်သိမ်းဆည်းလိုက်တယ် ။   နွမ်းနယ်နေတဲ့သူ့နံဘေး နှာစေးသံလေးနဲ့လှုပ်ရွနေတဲ့နွေးထွေးမှုကြောင့်ပြုံးမိပြီးမျက်ဝန်းစိမ်းတွေကိုအသာအယာဖွင့်လိုက်တယ် ။

အမွှေးပုံထဲလူးနေတဲ့ ယုန်ကိုမြင်တဲ့အခါ Alpha ကသွေးပျက်မတတ် ထိတ်လန့်သွားတော့တယ် ။

" SEAN!"

ယုန်ကနားမလည်သလိုလေးမော့ကြည့်လာပြီး သူ့ပေါင်ပေါ်ပြေးတက်လာခဲ့တယ် ။ Sean အဆင်ပြေနေပေမဲ့ ပုံမှန်မဟုတ်တဲ့အမွှေးပုံ
ကြောင့် Alpha က သူ့ယုန်ကိုခပ်တင်းတင်းပွေ့ထားရင်းကြောက်ရွံ့နေဆဲပဲ ။ ထို့နောက် သမားတော်ခေါ်ဖို့အမိန့်ပေးနေတဲ့ Alpha ရဲ့အသံက နန်းဆောင်ထဲ မာန်ဖီသံလိုကျယ်လောင်နေခဲ့ပါသတဲ့ ။




Xiao Tu Tu and Leo Where stories live. Discover now