抖阴社区

                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

. . .

လေ့ကျင့်ရေးကွင်းထဲရောက်တော့ Ice က ယုန်တစ်အုပ်ကိုမြင်တာနဲ့ချာခနဲလစ်ပြေးသွားခဲ့သည် ။ အမြီးအဖြာဖြာနဲ့ သူလိုသားရဲတစ်ကောင်ပေါ်တစ်ကိုက်စာယုန်တွေတက်ခုန်နေတာကိုတော့ သူဆက်လက်မခံနိုင်ပေ ။ ကလေးထိန်းဆိုထိန်းပေးမည် ။ ယုန်ပုံစံတွေနဲ့ကတော့တော်တော်လေး... ။

Black နဲ့ Sky ကတော့ ကလေးတွေအပေါ်နူးညံ့စွာဂရုစိုက်ပေးလေတယ် ။ အစောင့်တစ်ယောက်ခေါ်လာတဲ့ခွေးကြီးကိုမြင်သွားတယ် ။ အဲ့ဒါခွေးလို့ပါတယ် ။ အမြီးပါတဲ့ခွေးကြီးပေါ့ ။ နားရွက်တွေလည်းရှိတယ်လေ ။ ထုထုအနားကလူတွေကိုစရတာပျင်းရိလာပြီ ။ စိတ်တိုလွယ်မဲ့ပုံနဲ့ခွေးကြီးကိုစရင်ပျော်စရာမကောင်းဘူးလား ။

ထုထု ဖင်လေးကိုအသာခါယိမ်းလိုက်ပြီး ခပ်တိုတိုအမြီးလုံးကိုထောင်လိုက်တယ် ။ အစွယ်ရှိသယောင် နှာခေါင်းရှုံ့တက်သွားတဲ့အထိဖြဲပြရင်း မာန်ဖီလိုက်တယ် ။
"အုတ် အုတ် အုတ် "

သခင်ကရယ်နေရင်းလာပွတ်ပေးတော့ လျှာတစ်လစ်လေးထုတ်ပြီး ခွေးတွေမောပန်းနေသလို
တဟဲဟဲလုပ်နေလိုက်တယ် ။ အမြီးကိုလည်းပြတ်ထွက်မတတ်ခါတယ် ။

ထုထုကိုကြည့်စမ်း ။ ခွေးရှေ့ကနေ ခွေးပုံစံလုပ်ကာဖြတ်လျှောက်ပြတော့ ခွေးကသူ့ကိုစနောက်နေမှန်းသိသွားပြီး စဟောင်တော့တယ် ။ ခွေးလည်း စတွေ့ထဲက ယုန်ပုံစံကယုန်မဆန်နေ
တာသတိထားမိပါတယ် ။ သူ့ပုံစံအတုခိုးနေမှန်းတော့ချက်ချင်းမရိပ်မိခဲ့ဘူးပေါ့ ။

ကြိုးချည်ခံထားရမှန်းသိတော့ထုထုသုံးခေါက်တောင်ဖြတ်လျှောက်ပြီးမှ မျက်နှာချင်းဆိုင်ထိုင်လိုက်ကာ မရှိတဲ့အစွယ်ဖြဲပြလိုက်တယ် ။

Xiao Tu Tu and Leo Where stories live. Discover now