抖阴社区

                                        

"ဂဲ အစ် အစ် အစ် "

ခွေးဟာဆက်သည်းမခံနိုင်တော့ပေ ။ ယုန်ကသူ့ကိုအနိုင်ကျင့်နေတာ ။ သူဘယ်တော့မှဒီလိုပုံစံနဲ့မာန်မဖီဘူး ။ ကလေးဆန်ဆန်လည်းမျက်နှာမပြောင်ဘူး ။ သူကတော်ဝင်ဆန်တဲ့ခွေးပဲဖြစ်ခဲ့တာ ။

"ကြိုးပြုတ်သွားပြီ "

"ခေါ်ထားကြပါဦး "

"ဟဲ့ "

လေ့ကျင့်ရေးကွင်းထဲဆူညံသွားပြီး ထုထုရှေ့ကပြေးလာနေတဲ့ခွေးကိုမျက်လုံးလေးပြူးလို့ကြည့်မိနေခဲ့သည် ။ မျက်လုံးကလင်းမြွေထက်ကိုပြူးသည် ။

"Sean! "

သခင့်အော်သံကျယ်ကျယ် ။

အမလေးလေးယေး ။ စတာပါ စတာပါ။ Alpha အော်သံကြောင့်သတိဝင်လာတဲ့ယုန်က အလုံးလိုက်လေးပြေးလာပြီး Alpha ရဲ့ဂုတ်ပေါ်ဒုံးကျည်အရှိန်နှင့်ရောက်သွားခဲ့သည် ။

ခွေးက Alpha အနားရောက်လာတဲ့အချိန်
တအီအီနှင့် ဝပ်တွားသွားခဲ့တယ် ။ ထုထုက တုန်နေတဲ့ရင်ဘတ်လေးကိုဖိထားရင်းငုံ့ကြည့်လိုက်တယ် ။

ငြိမ်သွားဘီပဲးးးးး ။
ထုထုမသိမသာလေးပြန်တွယ်ဆင်းသွားပြီးသခင့်ဒူးမှာဖက်လို့ခွေးခေါင်းကိုခြေထောက်လေးနဲ့အသာနင်းကြည့်လိုက်တယ် ။

ခွေးခေါင်းကိုမထိရသေးခင် သခင်ကပြန်ဆွဲချီသွားခဲ့လေတယ် ။ ခွေးကလည်းအံကျိတ်ပြီးမာန်ဖီနေရာကနေ ခြေနင်းခံရရင်လှမ်းဟပ်ဖို့
အသင့်ပြင်ခဲ့တာဖြစ်သည် ။

"ကြည့် ၊ ခွေးလိုက်ခံထားရတာတောင် အကြောက်အလန့်မရှိ "

ထုထုနှာရည်လေးတွေစိမ့်ထွက်လာတာကိုလက်နဲ့ပွတ်ဆွဲလိုက်တယ် ။ သခင်ကနီးနီးလေးသေချာကြည့်မှာချောတာနေား ။ ထုထုသွားလေးဖြဲပြီးသဘောကျသွားတယ် ။ ထုထုပိုင်တာလေထုထုဟာ။ မနေနိုင်စွာချွေးစို့နေတဲ့သခင့်မျက်နှာကိုသူအားရပါးရမွှေးမွှေးပေးပြီး အမွှေးနုလေးတွေနဲ့ပါပွတ်တိုက်လိုက်တယ်။

သခင်းးးး အဲ့လောက်ချောနေမှတော့ ထုထုတို့ကလေးထပ်မွေးကြမယ်းးးး ။

AN- ထုထုကျောင်းတွားမယ် ထုထုကျောင်းတွားမယ်

AN- ထုထုကျောင်းတွားမယ် ထုထုကျောင်းတွားမယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Xiao Tu Tu and Leo Where stories live. Discover now