ထုထုမျက်နှာလေးပုပ်သွားပြီး Alpha ရဲ့ပါးတွေကိုတသ်ချက်ဆီလိုက်နမ်းပြီးချွဲလိုက်တယ် ။
"ထုထုကိုအချစ်ဆုံးလို့ပြောပါဦးသခင် "
Alpha က ခပ်တိုးတိုးရယ်လိုက်ပြီး ကောင်ငယ်လေးရဲ့ကိုယ်သေးသေးကို အုပ်မိုးချကာတစ်ကိုယ်လုံးနမ်းလိုက်တယ် ။
"Sean က ကိုယ့်အချစ်ဆုံးပါပဲကွာ "
"အာ့ဆို အုဟုဟုကြမယ်သခင်းး "
Alpha က ခေါင်းအသာခါပြီးရယ်လိုက်တယ် ။ သူစိတ်ပူခဲ့ရပေမဲ့ ကလေးဆိုးကတော့နိုးတာနဲ့ လကွယ်ညကဗျာကိုသီကျူးတယ် ။
"ကိုယ့်ကိုချော့သိပ်ပါလား ကိုယ်သိပ်ပင်ပန်းနေပြီ "
"ချော့သိပ်မယ်နော် "
ထုထုလည်ချောင်းရှင်းလိုက်တယ် ။
'မြက်ခင်းထဲမှာမြွေတစ်ကောင်
ထုထုကိုစားချင်နေပါတယ်
မျက်လုံးပြူးပြူးနဲ့မြွေက ပြေးလို့လာခဲ့တယ်
သူ့ခြေထောက်တွေကရမ်းမြန်တော့
ထုထုကြောက်သွားတယ်
ထုထုနဲ့မြွေနဲ့သူငယ်ချင်းဖြစ်သွားတယ်
မြက်တောထဲမှာမြွေကမြက်တွေရိတ်သိမ်းတယ်
ထုထုကတော့မြက်တွေအခြောက်လှန်းတယ်
ထုထုအဖမ်းခံလိုက်ရတယ်
မြွေကလာကယ်ပေမဲ့ ထုထုမလွတ်ဘူးကွယ်
ထုထုကြောက်လို့ပုန်းနေခဲ့ပါတယ်ထုထုသခင့်ကိုတွေ့တော့မြန်မြန်ကြည့်လိုက်တယ်
သခင်ကထုထုကိုသိပ်ကြင်နာပါတယ်
ထုထုသခင့်ရဲ့ယုန်လေးဖြစ်သွားတယ်
အခုတော့ထုထုမှာသူဌေးယောကျာ်းရှိပါတယ် "Alpha က စိတ်ဝင်တစားနားထောင်နေရင်း အသံထွက်ရယ်လိုက်မိတယ် ။ လက်တန်းဆိုနေပုံရတဲ့ဘဝသီချင်းက သူ့ဟာနဲ့သူတော့နားထောင်ကောင်းသားပါပဲ ။
"ရယ်နဲ့ အိပ်အိပ် "
"ဟုတ် "
'အဟမ်း... အဲ့ဒါလည်ချောင်းအမှိုက်လှည်းတာ သီချင်းဟုတ်ဘူး အရှေ့ကဟာကလည်းရှင်းပြတာနော်သီချင်းဟုတ်ဘူး... အဟမ်း
သခင်ကထုထုကို အစားကောင်းတွေကျွေးတယ်
ထုထုကိုဟော့ပေါ့မလုပ်လို့ထုထုချစ်ပါတယ်
သခင်ကရမ်းချောတော့ ထုထုငှက်ပျောသီးစားတယ် ၊ ငှက်ပျောသီးထိုးမိတော့ အီးတုံးလေးတွေထွက်လာပါသတဲ့ကွယ် တယ်တယ့်တယ် '

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg