"Sean ရာ "
"သခင်း အိပ် အိပ် "
Alpha က ခေါင်းအသာခါပြီး Sean ရဲ့ကဗျာသီချင်းတွေကြား အိပ်ပျော်သွားချင်ယောင်ဆောင်လိုက်တယ် ။ အနားငုံ့ကျလာတဲ့ မျက်နှာလေးနဲ့ရှုထုတ်လိုက်တဲ့လေနွေးနွေးလေးတွေခံစားမိပေမဲ့သူမျက်လုံးမဖွင့်ဘဲစောင့်ကြည့်နေတယ် ။ Sean ကသူ့ကိုတဖွဖွငုံ့နမ်းပြီး အချစ်တွေပိုနေလေရဲ့ ။ ဘောင်းဘီဇစ်နားရောက်လာတော့ ကိုယ်သေးသေးကိုပြန်ဖိချလိုက်ပြီး လှုပ်မရအောင်ချုပ်ထားလိုက်တယ် ။
"နေမကောင်းသေးဘူး "
ကောင်ငယ်လေးက ရှုံ့မဲ့တဲ့မျက်နှာလေးနဲ့ ဟွန့်ခနဲဆူပုတ်သွားတော့တယ် ။
*
ပန်းလှေပွဲတော်ရက် ။
Sean ရဲ့ပုံစံက အတော့်ကိုမကျန်းမာတော့တာမို့ ခမည်းတော်တို့ကပါလာရောက်ကြည့်ရှုပေးကြတယ် ။ နောက်ဆုံးတော့သူတို့မြစ်ကမ်းနဘေးကတည်းခိုဆောင်မှာပဲ ပွဲတော်ရဲ့အလှကိုရှုစားခဲ့ကြတယ် ။ ပန်းအိုးလေးလိုပန်းအစုံသီကုံးပန်ဆင်ထားတဲ့ Sean က လှချင်တိုင်းလှလို့ ။ သွေးမရှိသလိုဖြူလျော်နေတာတောင် အလှတရားဟာတော့မမှေးမှိန်နိုင်ခဲ့ပေ ။မျောလွင့်နေတဲ့မီးတောက်လေးတွေကိုငေးရင်း Sean က ယခင်တစ်ခါလို ငိုင်နေတာမို့ Alpha က သတိပေးတဲ့အနေနဲ့ခပ်ဖွဖွနမ်းလိုက်တယ် ။
"ဒီပွဲတော်အကြောင်းမှတ်မိသေးလား Sean "
"ချစ်သူတွေမဝေးကွာဘဲ အမြဲအတူရှိရတယ်တဲ့"
"တော်လိုက်တာ ကိုယ့်ကောင်လေးက ဥာဏ်ကောင်းတာပဲ "
"ထုထုမရှိတော့ရင်တောင် သခင့်စိတ်ထဲမှာတော့
ထုထုရှိနေမှာပဲလေ သခင့်နှလုံးသားထဲမှာထုထုရှိနေသ၍ မဝေးကွာရတော့ဘူးပေါ့ ""Sean?"
ထူးထူးဆန်းဆန်းစကားပြောနေတာက အံ့အား
သင့်စရာကောင်းပေမဲ့ ဝေးကွာရမဲ့အကြောင်းကြိုတင်ပြောနေတာကပိုမိုကြောက်စရာကောင်းလှပါတယ် ။ Alpha က ဒီနေရာမှာ ဆက်ရှိနေဖို့စိုးရိမ်လာတာကြောင့် အမြန်ပဲ မြစ်ကမ်းဘေးက ပြန်လာခဲ့တယ် ။အဆောင်တော်ပြန်ရောက်လာတာနဲ့ အငယ်ဆုံးကလေးကတုန်ယင်နေတဲ့ခြေထောက်လေးတွေနဲ့သူ့ဆီခုန်ဆွဆွပြေးလာခဲ့တယ် ။ အငယ်ဆုံးလေးဟာထူးထူးခြားခြား ဖြစ်နေတာသူတွေ့လိုက်ရတာကြောင့် ရင်ဘတ်ထဲစည်တီးခံလိုက်ရသလို ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg