抖阴社区

                                    

"အခုရော ဘယ်လိုနေလဲ နေရထိုင်ရတာ "

"ကောင်းပါတယ် "

သူတို့ပြောနေတုန်း ဆိုင်ရှင်လင်မယားရဲ့သားအကြီးကထွက်လာပြီး ရှောင်းကျန့်ကိုမြင်တော့ကားဆီသွားနေရာကနေလှည့်လာပြီး ခေါင်းအသာပွတ်တယ် ။

"သက်သာလာပြီလား ကိုယ်တောင်ဆေးရုံထပ်လာဦးမလို့ ကုန်တွေကျပ်နေတာနဲ့မလှည့်လာဖြစ်တာ "

"ဟုတ် "

ရှောင်းကျန့်ရှက်တာကြောင့် ဖိနပ်ကိုပဲကြည့်နေလိုက်တယ် ။ ဒီကိုကြီးကသူ့ကိုကြိုက်နေတာ လမ်းဘေးကကြွက်တောင်သိတယ် ။ ကုပ်ချောင်းချောင်းသူ့ကို ဆိုင်ရှင်လင်မယားက ဂရုတစိုက်ရှိနေတာဒါကြောင့်ပဲလေ ။ ရှောင်းကျန့်ကတော့မကြိုက်ပါဘူး ။ ရှောင်းကျန့်ကမိန်းမပဲယူချင်သေးတာ ။ ယောကျာ်းယူရမှာရှက်စရာကြီးလေနော် ။

ပြီးတော့ဒီကိုကြီးကရှောင်းကျန့်ကိုကြင်နာပေမဲ့ရှောင်းကျန့်လိုချင်ခဲ့တဲ့ တစ်ယောက်ယောက်ပုံစံမျိုးမဟုတ်ပါဘူး ။အမြဲအသားယူပြီးရှောင်းကျန့်ကိုပုံစံပြောင်းချင်နေတာ ။ အရှိအတိုင်းသဘောကျပေးတာမျိုးမဟုတ်ဘူး ။ ပြောင်းလဲလို့ရမှတော့နော် ရှောင်းကျန့်ဒီလိုနေပါ့မလား ။

"ဟာဟ မြေကြီးထဲလည်းခေါင်းကျွံနေဦးမယ် ၊ ကိုယ်မင်းအတွက်ခွေးစာတွေဖယ်ထားတယ် "

"ကျွန်တော်မစား...ကျွန်တော်မဝယ်တော့ဘူး
မကြီးကခွေးတွေကြောင်တွေမကျွေးရတော့ဘူးတဲ့ "

"ဟော... ဒါဆိုလက်ထဲကအစာထုပ်ကဘာတုန်း "

"ဒါကယုန်စာ "

"မင်းအစ်မကြားရင်လာရိုက်တော့မှာပဲကွာ... အူယားလိုက်တာ "

ပါးကိုလာညှစ်နေတာကြောင့်သူနောက်နည်းနည်းဆုတ်လိုက်တယ် ။ မထိဖို့ပြောရမှာလည်းအားနာပြီးကြောက်တတ်တော့ သူထုတ်မပြောဖြစ် ။

"အမေ ရေထိလို့ဖယ်ထားတဲ့အထုပ်လေးသူ့ပေးလိုက်နော် ၊ ငွေပေးစရာမလိုဘူးဏေထိထားလို့ ကိုယ်တို့ရောင်းမရတာ "

"ကျေးဇူးပါ "

"ကျေးဇူးတင်ရင်ကိုယ့်ကိုအဖြေပေးလေ "

Xiao Tu Tu and Leo Where stories live. Discover now