抖阴社区

                                    

အနားတိုးတိုးကပ်ပြောသွားတော့ရှောင်းကျန့်ငိုချင်လာတယ် ။ဒီလိုလာလုပ်ရင် ကျားခနဲကန်ထုတ်လိုက်ချင်တာတအားပဲ ။

"ဟာဟ ကိုယ်မစတော့ဘူး ကျန်းမာရေးဂဏုစိုက်နော် ကိုယ်နောက်မှလာတွေ့မယ် "

မလိုပါဘူး ။ အလုပ်တွေရှုပ်တယ် ။

"ဟုတ် ကျေးဇူး "

ရှောင်းကျန့်သက်ပြင်းချပြီး ခွေးစာထုပ်ကြီးထမ်းကာလမ်းထိပ်ပြန်ထွက်ခဲ့လိုက်တယ် ။ ခွေးတွေအစာနယ်ကျွေးထားပြီးကြောင်ကိုနည်းနည်းပွတ်ပေးတော့ သဝန်တိုတတ်တဲ့ခွေးတွေကဆာနေတာတောင်မစားဘဲ ဗြုတ်စဗျင်းတောင်းတွေလာလုပ်ပြနေတယ် ။

ရှောင်းကျန့်စိတ်ညစ်ညစ်နဲ့ပဲကြောင်ကိုအုတ်တံတိုင်းပေါ် တင်ပေးလိုက်ရတယ် ။ ယုန်စာထုပ်က ဘာရယ်တော့လည်းမဟုတ်ပါဘူး ။ကျွေးစရာယုန်လည်းမရှိဘူး ။ မွေးမြူရေးခြံနားမှာတောအုပ်လေးရှိပေမဲ့ဒီမှာကမရှိဘူးလေ ။
ဒါပေမဲ့ သူကယ်ထားတဲ့ယုန်လေးကတအားဉာဏ်ပြေးတာ ။ တောထဲလွှတ်ပေးတာတောင် သူ့ဘာသူရအောင်ပြန်လာတာလေ ။
ရှောင်းကျန့်အတွေးတွေနဲ့အိမ်ပြန်လာခဲ့တယ် ။

"ဟိုကောင်လေးလာဦး "

ဦးလေးခေါ်လို့သွားတော့လည်း ဦးလေးသားသမီးတွေကနှာခေါင်းတရှုံ့ရှုံ့ ။

"ခွေးမွှေးတွေချည်းပဲ ဆေးရုံကဆင်းတာနဲ့အိမ်မကပ်တော့ဘူး တော်တော်လွတ်လပ်နေတယ်ပေါ့ "

"မကြီးလိုက်ပို့ပေးတာ "

"အေး နင့်အစ်မလည်းကြည့်ပြောနော်လာရင် အိမ်ကြီးရှင်သခင်မလိုလိုနဲ့လူကြီးတွေ့ရင်နှုတ်ဆက်ဖော်တောင်မရဘူး "

ရှောင်းကျန့်ခေါင်းကုတ်လိုက်တယ် ။ ခွေးသန်းတွေကပ်လာလားမသိဘူးဗျာ ။ရှောင်းကျန့်ရဲ့
တုံဏှိဘာဝေပုံစံကြောင့် သက်ပြင်းကိုယ်စီချလိုက်ကြတယ် ။

"ဆေးခန်းပြစရာလိုရင် မင်းဒေါ်လေးကိုပြောလိုက်၊ ခြံပြင်နေကြတာ တစ်ရက်နှစ်ရက်နားပြီးသွားကူလိုက်ဦး "

"ဟို လမ်းထိပ်ကကြောင်လေးအကိုက်ခံထားရတယ်ထင်တယ် အဲ့ဒါဆေးခန်းပြ.... "

Xiao Tu Tu and Leo Where stories live. Discover now