ထုထုစာအုပ် ?။
အယ်ရီစာအုပ်တွေကြောင့်ပဲ ဒုက္ခရောက်ခဲ့ရတော့စာအုပ်မလုပ်ချင်တော့သလို ခေတ်အခြေအနေကထုတ်တဲ့သူကလည်းမမြတ်ဘူး ၊ ဝယ်တဲ့သူကလည်းမတန်ဘူး အဲ့လိုအခြေအနေဖြစ်နေတော့အယ်ရီကြားကနေ အမြဲသိတ်မကောင်းဖြစ်ရတယ် ။ ပြီးတော့သဘောကျတဲ့သူတွေအတွက်မထွက်တာကတော်သေးတယ် ၊ ထွက်ပြီးမဝယ်နိုင်ရင်ဝမ်းနည်းရတယ်လေ ။ အယ်ရီ့ကြောင့်အဲ့လိုဖြစ်နေမှာမမြင်ချင်တော့ဘူးရယ် ။ အဲ့ဒါကြောင့်ပါ ။ ပြီးတော့စာအုပ်တွေကြာတာဆိုရင်ကြားကအော်သာနဲ့ရီဒါကြား ပျော်စရာတွေနည်းလာတတ်တယ် ။ အယ်ရီအဲ့လိုထပ်မဖြစ်ချင်တော့ပါဘူး ။ဘာလို့လုံးပြန်မလာဖို့အထိတွေးရတာလဲ? ။
အယ်ရီ့အတွက် ဒါကပိုခက်ပါတယ် ။ ဘယ်လောက်သံယောစဥ်တွယ်တတ်လဲဆိုတာအားလုံးလည်းသိမှာပါ ။ မသွားချင်ပါဘူး ။ ဒါပေမဲ့သွားလိုက်တာကအကောင်းဆုံးဖြစ်နေတယ်လေ ။ အခုချိန်မှာတော့ ဝါသနာတွေကို
စွန့်လွှတ်ပြီး ကျန်းမာရေးနဲ့ အိမ်ကိုပဲပြန်ကြည့်ချင်တော့တယ် ။ဘာတစ်ခုမှဖွင့်မပြောဘဲ ပျောက်ပျောက်သွားလို့
စိတ်ဆိုးနေတဲ့ ရင်းနှီးတဲ့ လူတွေကိုလည်းအားနာပါတယ် ။ ဒါပေမဲ့ အားနည်းချက်တွေ ၊ ဝမ်းနည်းစရာကိစ္စတွေကို လူတွေဆီပြောပြရမှာကြောက်လာတယ် ။ ခွေးအကိုက်ခံရပါတယ်ပြောရင်
ခွေးကိုက်ခံရလို့သနားမဲ့သူရယ် ခွေးကိုက်ခံရလို့လှောင်မဲ့သူရယ်ဆိုပြီးရှိတယ်မလား ။ အယ်ရီအကုန်လုံးကိုအလေးထားပါတယ်။ အမြဲပြောခဲ့သလိုပဲ အယ်ရီသူငယ်ချင်း 99% က wattpad ကြောင့်ရခဲ့တာပါ ။ အယ်ရီဒီကနေပုန်းနေတော့ စကားပြောစရာ ရင်ဖွင့်စရာလူဦးရေ လက်တစ်ဖက်စာတောင်မပြည့်ခဲ့ဘူး ။ အဲ့လေးငါးယောက်ကိုတောင်အယ်ရီမဆက်သွယ်နိုင်ဘဲ တစ်ယောက်ထဲနေခဲ့တာ ။ အများကြီးရင်ဖွင့်ချင်တယ် ။ author အနေနဲ့မဟုတ်ဘဲ ရင်ဖွင့်စရာက ဒီအသိုင်းအဝိုင်းအပြင်မရှိတာမို့ ။ ဒါပေမဲ့ဒီအသိုင်းအဝိုင်းမှာက အယ်ရီ့ကိုချစ်တဲ့သူခင်တဲ့သူအပြင်မလိုတဲ့သူတွေလည်းရှိနေမှာပဲလေ ။ အဲ့ဒါကိုကြောက်တယ် ။ ဒီစာရေးတာတောင်အများကြီးတွေဝေပြီးကြောက်နေခဲ့တယ် ။ ထပ်အပြောခံရဦးမလားဆိုတာကိုပေါ့ ။ ရေးနေတာ မေးခွန်းလေးတွေစမြင်ထဲကပါ ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg
Let me explain
Start from the beginning