抖阴社区

                                    

"မမ ၊ သား မမနဲ့လာနေရင်အကောင်လေးတစ်ကောင်နှစ်ကောင်မွေးလို့ရလား "

"စလာပြန်ပြီလား "

ရှောင်းကျန့်ပါးထောင်းထားပြီးခေါင်းငုံ့နေလိုက်တယ် ။

"အဲ့အကောင်ပလောင်ကိစ္စတွေမေ့ပြီးငါပြောတာပဲလုပ် ၊ ရော့ ဒါကိုယူထား အိမ်ကဟာတွေမသိအောင်သုံး သိသွားရင်စောက်ပြဿနာရှာဦးမယ် "

ရှောင်းကျန့်လက်ထဲဖုန်းဘူးလေးထိုးပေးပြီးတာနဲ့ မမကခြံထဲတစ်ချက်ကြည့်ပြီးထွက်ခွာသွားတယ် ။

"သားလိုက်ပို့မယ်လေ "

"နေခဲ့ ဒါဏ်ရာကိုနေရောင်ပြင်းပြင်းသာမထိစေနဲ့ ၊ အနာတွေကသေချာခြောက်သေးတာမဟုတ်ဘူး "

ပါးစပ်ကအဆက်မပြတ်ဆူနေပေမဲ့ မျက်ရည်မကျလာအောင်ထိန်းထားတဲ့မျက်ဝန်းတွေကတော့စိုစွတ်စွတ် ။ အစ်မဖြစ်သူဝမ်းမနည်းရအောင် အမြဲတစေပြုံးပြုံးလေးနေတတ်ပေမဲ့ အစ်မမျက်လုံးထဲမှာတော့သူကသနားစရာလေးသာဖြစ်နေခဲ့ပုံပါပဲ ။

"ခြံဝထိတော့လိုက်ပို့ပါရစေ "

ခြံဝန်းကအတော်လေးကျယ်တာမို့ ဗိုက်တကားကားနဲ့အစ်မကိုသူတွဲခေါ်သွားလိုက်တယ် ။ ကားပေါ်ပါသွားတဲ့အထိစောင့်ကြည့်ပြီးမှ မိမိအခန်းထဲပြန်လာတော့ ငုတ်တုတ်အိပ်နေခဲ့တဲ့ယုန်ကမရှိတော့ ။ အခုတလော ယုန်ကအချိန်အကြာကြီးငုတ်တုတ်လေးအိပ်အိပ်နေတာ ။

အနီးအနားပတ်ရှာကြည့်ပေမဲ့လည်းမတွေ့တာကြောင့် ရှောင်းကျန့်ဝက်စာအရင်ကျွေးဖို့ထွက်လာခဲ့တယ် ။ ညနေစောင်းလာတဲ့အထိဝက်ခြံထဲဖုန်းကိုလျှောက်စမ်းကြည့်ပြီးမှ ပန်းယေပင်တွေရေဆက်လောင်းလိုက်တယ် ။ ဖုန်းကိုမလိုအပ်သလို သုံးတတ်လှတယ်လည်းမဟုတ်တော့ မမဆက်သွယ်မှသာသူသုံးတော့မည် ။

ပန်းပင်တွေရေလောင်းပြီးရေမိုးချိုးပြီးတဲ့အထိယုန်တစ်ကောင်နဲ့ အမွှေးတစ်လုံးကိုသူမတွေ့ရသေး ။ သူရေချိုးတိုင်းဘေးက ဝန်ဆောင်မှုပေးတတ်တဲ့ယုန်မရှိတော့ သူ့မှာမပြည့်စုံသလိုပါပဲ ။

အိပ်ယာဝင်ချိန်နီးမှခြေသံတိုးတိုးလေးတွေသူကြားလိုက်ရတယ် ။ ရှောင်းကျန့်မျက်ဝန်းတွေမှတ်ထားပြီးအိပ်ချင်ယောင်ဆောင်နေလိုက်တယ် ။ စိုစိစိယုန်နှာခေါင်းနဲ့ပါးစပ်လေးက သူ့နဖူးမှနှုတ်ခမ်းတစ်လျှောက်ဖိကပ်နမ်းသွားတော့ ဟန်ဆောင်မကောင်းတဲ့ရှောင်းကျန့်လည်းဟိခနဲရယ်လိုက်မိတော့တယ် ။

Xiao Tu Tu and Leo Where stories live. Discover now