"ကောကလည်း "
မင်ကောအနေနဲ့ ဒီကလေးကိုတော်တော်လေးလည်းအသနားပိုရပါတယ် ။ မိဘနှစ်ပါးလုံးအားကိုးရာမရှိတော့ခါမှပဲ ဥာဏ်ရည်မမှီတဲ့ကလေးအဖြစ်ပါ ဘုရားသခင်ကထပ်ဆင့်ရက်စက်လိုက်သေးတယ် ။ ရုပ်ရည်လေးလည်း
မဆိုးသလို စိတ်ထားလေးကလည်းကောင်းလွန်းတဲ့ ရှောင်းကျန့်ကို သူ့မိသားစုဝင်ညီငယ်လေးတစ်ယောက်လိုသူအသနားပိုစောင့်ရှောက်ပေးချင်ခဲ့တာ စတွေ့စဥ်ထဲက ။"ရန်အကြီးအကျယ်ဖြစ်တာကောမမြင်ချင်ဘူးနော် ၊ အားကျန့်အစ်မက ကိုယ်ဝန်အရင့်အမာကြီးနဲ့လေ သူလုံးဝလက်မခံဘူးဆိုရင် သူ့ကို
အလျော့ပေးရမယ်သိတယ်မလား နောက်ပိုင်းအားကျန့်ပိုရင့်ကျက်လာရင် မင်ကောကခွေးလေးတစ်ကောင်ဖြစ်ဖြစ်ဝယ်ပေးမယ် မင်းအစ်မသဘောတူလောက်မဲ့စျေးကြီးကြီးခွေးသေးလေးတွေဖြစ်ဖြစ်ပေါ့ "ရှောင်းကျန့်ပြန်မဖြေခြင်းက ခေါင်းမာတော့မည်ဖြစ်ကြောင်း မင်ကောကနားလည်လိုက်တယ် ။
ဟင်း ၊ မောင်နှမတွေပွဲထဖြစ်ရင် သူတတ်နိုင်သလောက်ကြားက ဖြန်ဖျေရတော့မှာပဲ ။ရှောင်းကျန့်ယောက်ဖပြောတဲ့စကားတွေကြောင့်စိတ်လေးပင်နေပြီး စျေးရောင်းချင်စိတ်လည်းမရှိတော့ပေ ။ ဆိုင်မထွက်ဘဲ ယုန်တောင်းပိုက်ရင်းကမ်းဘေးမှာပဲတစ်ညနေလုံးထိုင်နေလိုက်တယ် ။
သူအရင်ကမွေးလာတဲ့ကလေးတွေတောင်လွယ်လွယ်ကူကူမခွဲနိုင်တာ ။ ဒီယုန်ကသူ့ကိုအရမ်းချစ်နေတာလေ ၊ သူဘယ်လိုစွန့်ပစ်နိုင်မှာလဲ ။ အဲ့ဒါကအရမ်းရက်စက်လွန်းတယ် ။ ယုန်ကအညိုလုံးလေးကိုချော့သိပ်နေရင်းကနေ သူ့ကိုမော့ကြည့်လာတယ် ။"ကျန့်ကျန့်ငိုနေတာပါနော် မျက်ရည်တွေလည်းကျနေပြီ "
ယုန်ကအလိုက်တသိနဲ့ထောင်းထဲကထွက်လာပြီး
အမွှေးနုနုလေးတွေနဲ့မျက်ရည်သုတ်ပေးခဲ့တယ် ။"ကျန့်ကျန့်က မင်းနဲ့ခွဲရမှာစိုးလို့ငိုနေတာ"
ညကမှောင်မိုက်ခြင်းကိုဦးတည်လာတယ် ။
ရှောင်းကျန့်အိမ်မပြန်ရဲဘူး ။ မမသာယုန်တွေကိုလွှတ်ပစ်လိုက်ရင် သူဘယ်လိုရှေ့ဆက်ရမယ်ဆိုတာကို အဖြေရှာမရသေးဘူးလေ ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg