"Sean ရယ် "
ဝေ့ဝဲနေတဲ့ အပြာရောင်မီးတောက်လေးတွေက အိပ်မောကျသွားတဲ့သူ့ကောင်လေးမျက်နှာပေါ်တယုတယသွားနားကြတယ် ။ နဂါးမီးတောက်ရဲ့စွမ်းအင်တွေကယခင်လောက်မပြင်းထန်ပေမဲ့
ဒီကမ္ဘာကလူသားခန္ဓာအတွက်တော့ သဘာဝလွန်စွမ်းအင်ဖြစ်နေသေးတယ်လေ ။Alpha က ကဲကဲသဲသဲပျော်မြူးနေတဲ့ နဂါးမီးတောက်တွေကိုအသာတောက်ထုတ်ရင်း ချစ်ရသူရဲ့ပါးပြင်လေးကိုအသာဖွဖွပွတ်သပ်လိုက်တယ် ။ နောက်ဆုံးတော့ သူ့ကြင်ယာတော်လေးကို ပြည့်ပြည့်ဝဝထွေးပွေ့ခွင့်ရခဲ့ပြီ ။ ဒီကမ္ဘာရောက်လာထဲက ကြင်ယာတော်ရဲ့
ထွေးပွေ့ချုပ်နှောင်ခြင်းတွေနဲ့နေသားကျခဲ့ရတာမို့ ပြန်လည်ထွေးပွေ့ခွင့်ရရုံနှင့်ပင် သူ့မျက်ဝန်းအိမ်ကစိုစွတ်လာခဲ့တယ် ။ မိမိလက်ထဲမှာပိုးကောင်လေးတောင်အကိုက်မခံရအောင် ထားခဲ့ပေမဲ့ သူထွေးပွေ့ထားတဲ့ လက်ရှိမြတ်နိုးရာလေးကိုယ်ပေါ်မှာတော့ အနာရွတ်လေးတွေဟိုတစ်စဒီတစ်စပြန့်ကျဲလို့ ။ Alpha က ထိုအနာရွတ်လေးတွေပေါ် တဖွဖွနမ်းရင်း ပွင့်ဟနေတဲ့နှုတ်ခမ်းရဲရဲလေးကိုလည်း မနက်ဖြန်ဆိုတာမရှိတော့သလို
မက်မက်မောမောနမ်းရှိုက်လိုက်တယ် ။ ကြင်ယာတော်ကိုတစ်ကြိမ်တစ်ခါဆုံးရှုံးရပြီးပြီမို့ သူအသက်ရှုနေနိုင်သမျှကာလတစ်ခုလုံး ဒုတိယနောင်တဆိုတာမျိုးထပ်အဖြစ်မခံနိုင်တော့ပေ ။"အင်း သခင်းးး "
Alpha က သက်မကိုဆုန်တုန်ရီရီရှိုက်ရင်း မျက်ရည်ဝဲတက်လာခဲ့တယ် ။
" အင်း ကိုယ်ကမင်းရဲ့သခင် ၊ ကလေးတွေရဲ့
ဒယ်ဒီ "အိပ်မက်ယောင်နေတဲ့ ကြင်ယာတော်ကတော့ဖြင့်ကျေကျေနပ်နပ်နဲ့ ပြုံးလို့ ။
"ယောကျာ်းလို့ခေါ်ပါဦး "
Sean ရဲ့အပြုံးကပိုကြီးလာပေမဲ့တုံ့ပြန်သံကိုတော့ဖြင့်မပြု ။ သူကအိပ်မက်ထဲရှိသူ့သခင်ရေခဲတုံးကို စပ်ဖြီးဖြီးလှောင်ပြောင်စနောက်နေပုံရပါတယ်။ Alpha က ချစ်မဝစွာနဲ့ ဖျစ်ညှစ်နမ်းနေရုံအပြင်မတတ်နိုင်ခဲ့ပေ ။ ထိုအချင်းအရာက နံနက်မိုးစင်စင်လင်းသည်အထိဖြစ်သွားခဲ့တယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg