抖阴社区

                                    

ရှောင်းကျန့်နိုးလာတော့ ယုန်ဖြူကအညိုလုံး
ဖွထားတဲ့ ယုန်အိမ်ကိုရှင်းလင်းနေပြီး တရားခံအညိုလုံးကတော့သူ့ရင်ဘတ်ပေါ်တက်ကာနို့အတင်းလိုက်စို့နေခဲ့တယ်။ဒီလောက်နဲ့တင်
အညိုလုံးနဲ့အလုံးလေးကတစ်ကောင်ထဲပဲလားဆိုတာသူတွေးလိုက်မိတယ် ။ ထူးဆန်းတဲ့အရာတွေကဆက်တိုက်ဖြစ်နေတာမို့သူထွေထွေထူးထူးတော့မအံ့သြမိ ။ နို့ကုန်းကိုက်နေတဲ့အညိုလုံးကိုသူအသာဆွဲခွာတော့ အညိုလုံးကမရမကသူ့မျက်နှာပေါ်ကုပ်တက်လာတယ် ။ မနက်စောစောစီးစီး ယုန်ဖင်နဲ့အပွတ်ခံနေတဲ့
ရှောင်းကျန့်အသက်ပင်ရှုမရတော့ ။

ကယ်တင်ရှင်ယုန်ကအိပ်ယာပေါ်တက်လာပြီး အညိုလုံးကိုအသာဆွဲခေါ်သွားခဲ့တယ် ။
နေ့စဥ် ၊ အချိန်တိုင်းတာဝန်ဖြစ်တဲ့မှန်ကြည့်ခြင်းနဲ့ရှောင်းကျန့်တစ်နေ့တာကိုစတင်လိုက်တယ် ။

"မမရေ သားကိုဂျပိုးတွေခြင်တွေကိုက်သွားကြပြီ "

ရှောင်းကျန့်ရဲ့ ယောင်ယမ်းမတတ်ဖြစ်နေတဲ့နှုတ်ခမ်းကစလို့ မြင်နေရသမျှအရေပြားဟာနီနီရဲရဲအကွက်တွေနဲ့တဲ့လေ ။

ပိုးကောင်ပေါတဲ့နွေရာသီနော် ။ တအားတအားကိုဆိုးပါဒယ် ။ ရမ်းခက်ဒယ် ။

Meanwhile Alpha Be Like:
" Guilty Side Eye But I didn't Do Anything Wrong,  That's my Horne... Sorry Human Right "
[သူငယ်ချင်းတစ်ယောက်ပြောတာလေးသဘောကျလို့ ထည့်ရေးလိုက်ပါတယ် 😅]

Zawgyi

"ထုထုလှတာ ထုထုသိတယ် "

"ထုထုအရမ်းလှဒယ်း "

"သခင်လည်းရမ်းမိုက်ဒဲးးနေားး"

ထုံးစံအတိုင်း အမှောင်ထုမပြယ်သေးတဲ့ ဒီလိုအချိန်မှာသူ့အိပ်မက်တွေက ဆက်မက်လာခဲ့ပြန်တယ် ။ နိုးနိုးချင်မှန်ကိုကြည့်မိတော့ လရောင်ဟပ်နေတဲ့သူ့မျက်နှာလေးကပုံမှန်ထက်ချစ်စရာကောင်းနေသလိုလို ။ ရှုပ်ပွနေတဲ့ဆံပင်လေးကိုလက်နဲ့အသာစုပြီး မမအခန်းထဲကနှိုက်ထားတဲ့ ခေါင်းစည်းကွင်းနှစ်ကွင်းနဲ့ဟိုဘက်သည်ဘက်နှစ်ဖက်ဖြစ်အောင်ခွဲစည်းလိုက်တယ် ။

ရှောင်းကျန့်ခုတလော တအားချစ်ဖို့ကောင်းလာသလိုပဲ ။ ခြံထဲမှာလိုနေပူပူအောက်အလုပ်မလုပ်ရတော့လို့ထင်တယ် ။ မှန်နားကပ်ကြည့်တော့လည်းမျက်နှာလေးကဝင်းနေရောပဲ ။
ရှောင်းကျန့် နှုတ်ခမ်းလေးထော်ပြီးအသာပွတ်ကြည့်လိုက်တယ် ။ နှုတ်ခမ်းလေးလည်းအရင်လိုဖြူလျော်လျော်မဟုတ်တော့ဘဲ ရဲလာပြီ ။

Xiao Tu Tu and Leo Where stories live. Discover now