အခု.... ။
ဦးနှောက်ဖွံ့ဖြိုးမှုနောက်ကျနေခဲ့သည့်မောင်လေးအနေနဲ့ပဲသူမနေသားကျနေခဲ့တာမဟုတ်ပါလား ။
သူမ မေ့လုမေ့ခင်ဖြစ်နေခဲ့တာက ရှောင်းကျန့်
ရုတ်တရတ်ကြီးမကျန်းမမာဖြစ်မသွားခင် သွက်လက်ပြီးဥာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးတယ်ဆိုတာပါပဲ ။ရှောင်းကျန့်အပျော်တွေနဲ့အတူစာရင်းစာရွက်ကိုထပ်ခါထပ်ခါဖတ်နေမိတယ် ။ သူမနက်ကတင်အကောင်တွေအကိုက်ခံရလို့ ကြောက်လန့်ပြီးငိုနေခဲ့သေးသည် ။ အင်းဆက်ကိုက်ခံပြီးနောက် ထူးထူးခြားခြားအစွမ်းရလာတဲ့လူသားဇာတ်လမ်းတွေအများကြီးကြားဖူးပေမဲ့
ရှောင်းကျန့်ကိုယ်တိုင်ကြုံတွေ့ရမှပင်ယုံနိုင်တော့သည် ။စာရင်းစာရွက်ကိုကျေနပ်အောင်ဖတ်ပြီး အသစ်အဆန်းထပ်ဖတ်ချင်လာတာမို့ အခြား နီးစပ်ရာစာရွက်တစ်ရွက်ကိုကောက်ယူလိုက်တယ် ။ စာရွက်ကိုထောင်လိုက်စောင်းလိုက်လှည့်ဖတ်နေပေမဲ့ တော်တော်ကြီးကြာသွားတဲ့အထိသူတစ်လုံးမှမဖတ်နိုင်ခဲ့ပေ ။ ရှောင်းကျန့်ရဲ့တက်ကြွနေတဲ့စိတ်ဓာတ်က ပြန်လည်ကျဆင်းသွားတယ် ။
"သားမဖတ်တတ်တော့ပြန်ဘူး "
အစ်မဖြစ်သူက သူ့လက်ထဲရှိစာရွက်ကိုအသာလှမ်းကြည့်ပြီး မျက်ခုံးကုပ်ကုပ်နဲ့နားသယ်မွှေးတစ်ချက်ဆွဲနှုတ်သွားတယ် ။
"ဘယ်နိုင်ငံစာလုံးတွေမှန်းငါတောင်မသိတာကို ရှင်ကဘယ်လိုဖတ်ချင်လို့လဲ "
ပြည်ပကအသီးအနှံတွေထုပ်ပိုးထည့်ပေးရာမှာအကာအကွယ်အနေနဲ့ထည့်ခံပေးလိုက်တဲ့သတင်းစာစာရွက်ကိုရှောင်းကျန့်ထိုင်ဖတ်နေခဲ့မိခြင်းပင် ။
"စာပြန်ဖတ်တတ်တာတော့ကောင်းပါတယ် ကျပ်ကလေးကပြည့်မနေဘူး ၊ ရော့ ဒီစာအုပ်ဖတ်
ကြည့် "ကိုယ်ဝန်သည်ဂရုပြုစာအုပ်ကိုဖန်ကြည့်ခိုင်းတော့ စာမျက်နှာတစ်ခုလုံးကိုရှောင်းကျန့်က ဖြည်းဖြည်းချင်းဖတ်သွားနိုင်ခဲ့သည် ။ သူ့ခေါင်းကလည်းဆိုးရွားတဲ့တုံ့ပြန်မှုမျိုးဖြစ်မလာပေ ။
စျေးရောင်းထွက်တော့ ယခင်ရက်တွေကသုံးခဲ့တဲ့အစ်မအလွယ်မှတ်ပေးထားတဲ့စာရင်းစာရွက်အစား စာလုံးအပြည့်အစုံနဲ့သေသေသပ်သပ်ရေးမှတ်ထားတဲ့စာရင်းစာရွက်အသစ်တစ်ရွက်ကိုရှောင်းကျန့်ပူဆာခဲ့တယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg