抖阴社区

                                    

"တစ်ပတ်လောက်နားနေလိုက်တာမဟုတ်ဘူးနော် ၊ အိမ်မှာဆို ရေကိုင်လိုက် အညှော်မိလိုက်ဖြစ်နေမှာပေါ့ ၊ မီးတွင်းကာလဆိုတာမပေါ့ရဘူးလေ အားကျန့်စိတ်တွေလည်းညစ်လာပါတယ် "

အလုံပိတ်ခန်းထဲ အပူပေးစက်လေးနဲ့နွေးနွေးထွေးထွေးနေနေတဲ့ အစ်မဖြစ်သူက
သူ့ကိုမျက်စောင်းဒိုင်းခနဲထိုးချလာတယ် ။

"သူများတွေလည်းတစ်ရက်နှစ်ရက်နေရင် ဆင်းလာတာပဲ ၊ ငါသုံးရက်နေတာတောင် တော်တော်လွန်လှပြီ ၊ ဒါတောင်သွေးတအားဆင်းနေလို့ "

"နောက်တစ်ယောက်မွေးရင် အားကျန့်လိုက်
စောင့်ပေးမယ်နော် "

"ဘယ်ကိုနောက်တစ်ယောက်လဲ ၊ ဒီတစ်ယောက်နဲ့တင်နာလိုက်တာ သေမလိုပဲ "

"ဟင် ကိုးမွှာပူးမွေးရင်မမတော့ သွားပြီ "

"ဟဲ့ တစ်ပြုံတစ်တောင်းမွေးရအောင် ငါကဖားမလည်းမဟုတ် ကြက်မလည်းမဟုတ် "

"ယုန်တွေလည်းမွေးတယ်လို့ "

"တော်ပဲအကုန်သိ ၊ နင့်ဟာလေးတွေရော ငြိမ်နေပါ့လား "

"သူတို့ကအမြဲငြိမ်နေတာပဲကို လိမ္မာတုံးလေးတွေပါဆို...  ယို့ တားတားရေ့ ဗိုက်ရှာနေပီယာ့ ပိုက်ပိုက်တွေဘယ်တူရှာနေတာရဲ့ပြော "

"စိတ်ဆင်းရဲပါတယ်ဟယ် ၊ ကလေးထိန်းတာလားသူငယ်ပြန်နေတာလား သွား အနှီးရုတ်လာခဲ့ "

အစ်မဖြစ်သူက အပြောဆိုးပေမဲ့ အပြုံးကြီးကြီးတော့ရှိနေတယ် ။ ရှောင်းကျန့်အခန်းထဲကထွက်လာတော့ချွေးတွေရွှဲနေတာကိုသတိထားမိလိုက်တယ် ။ တော်ရုံဆို ရှောင်းကျန့်ကအပူဒါဏ်မခံနိုင်တဲ့ကောင်လေးပင်ဖြစ်တယ် ။ နေပူတဲ့အပူဆိုလေတိုက်သေးတာကြောင့် သည်းခံလို့ရပေမဲ့အလုံပိတ်အခန်းထဲပူလာရင်တော့ မသေရုံတမယ်မွန်းကျပ်လာတတ်တယ် ။ အခုတော့သူသတိတောင်မထားလိုက်မိဘူး ။ ကြည့်ရတာတိုက်ခန်းမှာနေလာတာကြောင့်အကျင့်လေးဖြစ်လာပုံရတယ် ။

ရှောင်းကျန့်အနှီးတွေရုတ်လို့အခန်းထဲပို့ပြီးတာနဲ့ အီးပေအနှီးပိုင်းလေးတွေကို ဆပ်ပြာရည်ထဲနှစ်ထားလိုက်တယ် ။ မနက်လောက်ကျ ထိုအနှီးပိုင်းလေးတွေ အညစ်အကြေးပွကုန်မှ ရေပန်းပြင်းအားနဲ့ထိုးချပြီးလျှော်တော့မည် ။ Diaper တွေဆိုတာလည်း ငွေကုန်ကြေးကျများတဲ့အပြင် ကလေးအသားနုနုလေးတွေပွန်းကုန်မှာသူစိတ်ပူသည်လေ ။ ဒါကြောင့်ပဲ လက်အီးပေခံဖို့သူဆုံးဖြတ်လိုက်တာဖြစ်တယ် ။ သူ အလုပ်တွေပြီးလို့ရေမိုးချိုးပြီးတော့မှ ယောက်ဖဖြစ်သူအိမ်ပြန်လာတယ် ။ ကလေးကိစ္စတစ်ဖက် ၊ အလုပ်တစ်ဖက်နဲ့ယောက်ဖလည်း မျက်ကွင်းတွေတောင်ချောင်နေရှာတယ် ။

Xiao Tu Tu and Leo Where stories live. Discover now