抖阴社区

                                    

ကလေးက သူချမ်းချမ်းသာသာနဲ့ ကြီးပြင်းဖို့ အထုပ်သယ်လာတာဆိုပြီး မမကပြောတယ် ။

ရှောင်းကျန့်စုဆောင်းထားတဲ့ငွေတွေကိုရေတွက်ပြီးနောက် နို့ကော်ဖီရောင် အင်္ကျီလေးထဲမြုပ်နေတဲ့အညိုလေးကို ကောက်မွှေးမွှေးပေးလိုက်တယ် ။

"ပြောပါဦး ဒီသားသားကရော အထုပ်လေးနဲ့လာတာပဲလား ၊ အီးထုပ်လေးများလားကွား "

အိပ်ပျော်နေတဲ့ ယုန်ပေါက်က အမြှုခံနေရတော့ တခိခိနဲ့ရယ်ရင်း နိုးလာတော့တယ် ။ ညတိုင်းသူ့ဒယ်ဒီနဲ့ပဲအချိန်ကုန်ရတာများတာမို့ ဒီနေ့ကအသစ်အဆန်းဖြစ်နေတယ် ။ အဖေသေးသေးလေးက ဒယ်ဒီ့ကိုပဲချစ်တာလေ ။ လုံးလုံးလေးကို ဘယ်သူးးးးးးမှ မချစ်ကြဘူး။

သူတို့က တော်တော်ကြာအောင် ပူးကပ်လို့
ကျူးနေခဲ့ကြတယ် ။ အညိုလုံးလေးပြန်အိပ်ပျော်သွားတော့ ရှောင်းကျန့်အနွေးထည်အိတ်လေးထဲ
ထည့်သိပ်ထားပေးလိုက်တယ် ။ ယုန်မရှိဘဲနဲ့တော့ ကလေးကိုတစ်ယောက်ထဲမသိပ်ထားရက်ဘူးလေ ။ မနက်မိုးမလင်းခင် မင်ကောက စျေးတိုက်ဖို့ထလာတယ် ။

လဝက်လောက် မီးတွင်းအောင်းနေခဲ့ရတဲ့မမကလည်း ဒီနေ့တော့မီးဖိုချောင်ကိုပျော်ပျော်ကြီးဝင်နေတယ်လေ ။ ရှောင်းကျန့်အညှော်ခံဆေးမှုန့်တစ်ချို့ကို မမနှာခေါင်းဆီ ပွတ်ပေးရင်းအက်ကြောင်းထပ်နေတဲ့
မီးနေသည်သေဆုံးပုံကို ထပ်ပြောရင်းဆူရပါသေးသည် ။

"ဟဲ့ငါကကြက်ဥပဲပြုတ်နေတာလေဟယ် "

"ဘာပဲဖြစ်ဖြစ် ၊ တစ်လလောက်တော့နားလိုက်ပါဆို "

"ရှောင်းကျန့်ရေ တစ်ခြားကလေးအမေတွေလည်းနင်ပြေးကြည့်ပါဦး တော်တော်ကဲကဲသဲသဲတွေဖြစ်နေတော့တာပဲ "

မမက သူလုပ်ချင်ရာလုပ်ပြီးနောက်မှာတော့ ကလေးထိန်းတာဝန်လက်လွှဲယူသွားတယ် ။

"မီးအောင်းတဲ့နေရာ အပူချိန်နည်းနည်းလျှော့ဦးနော် ကလေးကအပူချိန်အများကြီးနဲ့ထားလို့မရဘူး "

"သိပါတယ်ဟယ် ကြွကြွ ၊ နေ့လည်
နှစ်နာရီလောက်တော့ပြန်ထလာနော် "

"ရတယ် ကလေးငိုတာနဲ့ လာနှိုးလိုက် ချီမထားနဲ့ မမလက်တွေချိသွားမယ် "

Xiao Tu Tu and Leo Where stories live. Discover now