抖阴社区

                                        

"လဲ "

"လဲ "

"ဘာ. လို့. လဲ."

"ဝုတ် ဝုတ် ဝုတ် "

ယုန်က စိတ်ပျက်စွာနဲ့ထပ်မပြောတော့ဘဲ အမွှေးတွေလိုက်မနှုတ်သင့်ကြောင်းကိုသာဆက်ရှင်းပြလိုက်ရတော့တယ် ။ အလုံးလေးသာ ဂျစ်ကန်နေရင် ဘယ်နည်းနဲ့မှသူသင်ပြပေးလို့ရမှာမဟုတ်ဘူးလေ ။

"လုံးလုံးကိုအမွှေးတွေဆွဲနှုတ်ရင်ကော ကြိုက်မလား "

"မကြိုက်ဘူးပေါ့ လုံးလုံးမွှေးက လှတာကိုး "

လုံးလုံးက ပူနေတဲ့ဗိုက်လုံးလေးကို ပွတ်ရင်းပြောတယ် ။ အဖေသေးသေးလေးက သူ့ညီကိုချော့သိပ်ရင်း သူတို့ကိုပါလှမ်းကြည့်နေပါတယ် ။ အဖေသေးသေးလေးဖင်ကတော်တော်ကြီးတာပဲ ။ လုံးလုံးတစ်ဝက်စာတော့ရှိမယ် ။

"ပြောနေတာကိုအရင်နားထောင် ၊ နောက်ခါ သူများအမွှေးသွားနှုတ်လို့ဟိုက ပြန်လုပ်ရင် သားကသေးသေးလေးလေ အန္တရာယ်များတာသိတယ်မလား? "

"အာ့ဆို ဒယ်ဒီကရိုက်ပေါ့ အင့်လိုအင့်လို ရိုက်လိုက်လေ "

"ဖိုးလုံး! "

"ဒယ်ဒီ့ကိုမခေါ်တော့ဘူး!  လုံးလုံးက လုံးလုံးက ဒယ်ဒီအမွှေးလေးတွေစုနေလို့ အမောဖောက်အောင်ပြေးရတဲ့ကြားက အမွှေးယူလာပေးတာကို
ဒယ်ဒီကပါလို့အော်တာလယ်းးး "

"အဲ့ဒါသားအဖေရဲ့အမွှေးလေသားရဲ့ သူများအမွှေးတွေ ဒယ်ဒီက ဘာလုပ်ဖို့သိမ်းရမှာလဲ "

လုံးလုံးကစိတ်ကောက်ပြီးဖင်ထောင်သွားတယ် ။
အာ့ပေါ့ လူကြီးတွေများ ကျေးဇူးမတင်ဖင်လှန်ပြတာအရမ်းပဲ ။ လုံးလုံးကဖြင့် ဘိုမရုပ်လေးတွေ ဂါဝန်တောင်လိုက်မလှန်ဘူး ။

"ကောက်မနေနဲ့ အိပ်ယာသွားခင်းတော့ ဒီနေ့လည်းသားညီလေးနဲ့ပဲအိပ်ရမယ် "

ဘာတွေတိုင်ပင်လို့တိုင်ပင်နေမှန်းမသိတဲ့ ယုန်နှစ်ကောင်ကိုရှောင်းကျန့်ကြည့်နေတာကြာပါပြီ ။
မမနဲ့ယောက်ဖအတူပြန်အိပ်ထဲက ကလေးသားလေးကိုရှောင်းကျန့်ခေါ်သိပ်ရတယ် ။  အခုနဲ့ဆို သုံးရက်တောင်ရှိပြီပေါ့ ။ ကလေးအခန်းမဖွဲ့ရသေးတော့ ရှောင်းကျန့်အခန်းထဲပဲသောင်တင်နေတာနဲ့ အလုံးလေးကပါ ညဆိုသိပ်မအိပ်ချင်တော့ဘူး ။ သူက ကလေးနားမှာပဲတစ်ချိန်လုံးဆော့နေချင်ပုံရတယ် ။

Xiao Tu Tu and Leo Where stories live. Discover now