抖阴社区

                                    

မမက က​လေးချီထားရင်း ပါးစပ်အဟောင်းသား ဆွံ့အသွားရတော့တယ် ။ နောက်တော့သူမက ခပ်တိုးတိုးညည်းညူတယ် ။

"ငါတို့ ခြောက်နာရီလောက်တောင်ကားစီးရမှာလေ နင်ဘာတွေဝတ်လာပြန်ခဲ့တာတုန်း "

တဲ့ ။

လူတွေက မနာလိုဖြစ်လို့လျှောက်ပြောနေကြတာလို့တွေးခဲ့မိတဲ့ရှောင်းကျန့်က ခရီးသုံးပုံတစ်ပုံလောက်ထိ တက်ကြွနေပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အသက်ရှုကျပ်ပြီး မွန်းအိုက်လာတော့တယ် ။ ရာသီဥတုက အရမ်းအေးတယ်တော့မဟုတ် ။ ပေကျင်းကထွက်လာတုန်းကတော့ အပူချိန် 14° C လောက်ရှိတယ် ။ အပူကြောက်တဲ့ရှောင်းကျန့်အတွက် ကားထဲမွန်းကျပ်နေတာက နွေရာသီအိုက်တာထက်ပင်စိုးနေတယ် ။ သူတို့ကားပေါ်ကဆင်းရင်လည်း မိုးလင်းတော့မှာမို့ပိုဦးမှာ ။ မမတို့ဆီပြောင်းလာပြီးထဲကဇိမ်လေးနဲ့နေလာရတာကြာတော့ ရှောင်းကျန့်က ခံနိုင်ရည်က ပိုကျလာတယ် ။

အညိုလုံးလေးကတော့ ခရီးဒါဏ်ကိုမခံနိုင်ဘဲ သူ့ညီငယ်လေးနဲ့အတူ သွားအိပ်နေတယ် ။ ယုန်ကတော့ ရှောင်းကျန့်ပေါင်ပေါ်ထိုင်ရင်း ပန်ကာသေးသေးလေးပိုက်လို့တတ်နိုင်သမျှ ဂရုစိုက်ပေးရှာတယ် ။

ရှောင်းကျန့်ချွေးတွေပြန်ရွှဲလာတော့ tissue ကလည်းကုန်ပြီ ။ စိတ်ပေါက်ပေါက်နဲ့ပဲယုန်ကိုကောက်ပွေ့ပြီး ချွေးသုတ်လိုက်တယ် ။ ရေမချိုးတဲ့ယုန်ကတောင် သူ့ထက်ပိုသန့်နေသလိုပဲ ။

ယုန်ကမထိသင့်တာတွေပါ ပွတ်ခံရတော့အကြောလေးတွေတုန်သွားတယ် ။ ဘယ်ဘဝရောက်နေနေ သူကဒီအမွှေစိန်လေးရဲ့ မထိတထိတွေဒါဏ်ကိုခံနေရတုန်းပဲ ။ ဆွဲလှဲချလို့လည်းမရတဲ့အနေအထားမို့သူက ပေါင်စေ့ထားရင်းသည်းခံလိုက်ရတယ် ။

​ခုနစ်နာရီလောက်ကြာအောင်ကားစီးပြီးမှ
သူတို့တည်းခိုမဲ့နေရာကိုရောက်လာခဲ့တယ် ။
သူတို့က နေ့လည်ခင်းကိုအပြည့်အဝနားလိုက်ကြတယ် ။ မင်ကောကတော့ နဂါးလှေအတွဲထဲက ဖောင်သုံးစီးကို ​ကြိုတင်စာရင်းပေးလို့ ငှားလိုက်တယ် ။ ဖောင်တစ်ရာနီးပါးဆက်ပြီး ညဘက်မှသာ လှည့်ပတ်တဲ့နဂါးလှေအတွဲက လတ်တလောမှာအတော်လေးရေပန်းစားနေတယ် ။ ကံကောင်းစွာနဲ့ လူတွေပြည့်ကျပ်နေတဲ့ကြားက
သူတို့ကဖောင်သုံးခုကို တစ်ခေါက်စာငှားနိုင်ခဲ့တယ် ။

Xiao Tu Tu and Leo Where stories live. Discover now