抖阴社区

                                        

သူကစာတွေကိုသေချာဖတ်လာနိုင်ပြီးစာရင်းတွေတွက်ရတာလည်းခက်ခဲတဲ့ကိစ္စ မဟုတ်တော့ပေ ။ Alpha နည်းတူ ရှောင်းကျန့်လည်း မိသားစုတစ်ခုတည်ထောင်ဖို့စိတ်ကူးရှိနေတယ် ။ မှန်းဆမရတဲ့အနာဂါတ်ကဘယ်လောက်သက်တမ်းဖြစ်နေပါစေ သူကနောင်တရစရာမလိုတဲ့ရှင်သန်မှုမျိုးနဲ့သာ ဖြတ်သန်းရှေ့ဆက်ချင်ခဲ့တယ် ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပြီး ကိုယ်ပိုင်ရိပ်မြုံလေးနဲ့ ကိုယ့်မိသားစုတစ်စုစာအတွက် တာဝန်ယူနိုင်တဲ့ယောကျာ်းမျိုးသူဖြစ်ချင်သေးတယ် ။

မယုံနိုင်စရာ သဘာဝလွန်အဖြစ်မပျက်တွေကိုသူက အေးအေးလူလူပဲလက်ခံနိုင်ခဲ့တယ် ။ ထုထုဘဝက မှာတ်ဥာဏ်တွေသူအပြည့်အဝမမှတ်မိနိုင်ပေမဲ့ ဒီအမျိုးသားက သူအလိုအပ်ဆုံးသောဆိုတဲ့ ဖြစ်တည်မှုပါပဲ ။ "ဒီလူက ငါ့အပိုင်ပါလား"  ဆိုပြီး သတိရမိသွားတိုင်း စိတ်လှုပ်ရှားပျော်ရွှင်မိရတဲ့အထိပဲပေါ့ ။

လသာတဲ့ညလေးမှာ အပူဒါဏ်သက်သာပါစေလိုငြား လျှပ်စစ်မီးရောင်ကိုသူတို့ပိတ်ထားခဲ့ကြတယ် ။ သက်တောင့်သက်သာမှီအိပ်နေတဲ့ ရှောင်းကျန့်ပေါင်ကြားထဲ သခင်ကခေါင်းတိုးဝှေ့ဝင်လို့ ပေါင်တွင်းသားနုနုကိုအသာနမ်းလာတယ် ။ ပူစပ်ပူလောင်ဖြစ်လာတဲ့ကိုယ်ကိုအသာရုန်း
ကြည့်တော့ ခြေတံရှည်သွယ်သွယ်တွေက ပုတ်ုခြေထောက်လေးတွေအဖြစ်ပြောင်းလဲသွားခဲ့တယ် ။

အုန်းမွှေးလုံးယုန်က အမွှေးတွေအသာခါရင်း အဖြူရောင်ယုန်မွှေးပွပွလေးထဲ အသာတိုးဝင်လို့ပွတ်သပ်လိုက်တယ် ။ နှစ်ကောင်လုံးမှာနူးညံ့တဲ့အမွှေးပွတွေရှိပေမဲ့ အမွှေးပိုပွတဲ့ သခင်က ထုထုရဲ့ ဂွမ်းမွှေ့ယာလိုပါပဲ ။

"ပူတယ်ဆို ရှောင်ထုရဲ့ "

"ဒါမဲ့ချစ်တားဂိုး "

Alpha က အသည်းထဲထိသွားတာကို စကားလုံးတွေနဲ့မဖော်ပြတတ်ရာကား အုန်းမွှေးလုံးကိုသာအသာကိုက်ခဲလို့ လျှာနဲ့လျက်ပေးလိုက်တယ် ။
ဒီလိုအမြဲချွဲနေခဲ့တာပဲကိုး ။ သူကသူ့ယုန်ရိုင်းလေးရဲ့အမူအယာတွေနဲ့တင် ချစ်သည်းပိုမဝဖြစ်နေခဲ့ရပြီးပြီ ။ အခုလို ချွဲနွဲ့တတ်တဲ့အတွေးအမြင်အသံလေးတွေကိုကြားသိနားလည်နိုင်ပြီမှတော့ ဘယ်ဆေးမှီတော့ပါ့ ။

You've reached the end of published parts.

? Last updated: Mar 12, 2024 ?

Add this story to your Library to get notified about new parts!

Xiao Tu Tu and Leo Where stories live. Discover now