အခန်း (၂၅) - သခင်ဟော်နီ ။ ထုထုဟော်နီ ။
မြစ်ကမ်းနားမှာရှိတဲ့တည်းခိုဆောင်မှာသူတို့တစ်ခန်းငှားပြီးအိပ်ခဲ့တယ် ။ ထုထုခြေလက်တွေဆေးပြီးတာနဲ့ သခင့်ကိုယ်ပေါ်တက်ဖို့စောင့်နေပါတယ် ။ ထုထုအိပ်ငိုက်နေလို့သခင်ကပွဲတော်ကနေစောစောပြန်လာတာ ။
Alpha ကအဝတ်တွေချွတ်ပြီးတာနဲ့သူ့ယုန်ကိုအုပ်မိုးလိုက်တယ် ။ ပက်လက်လေးလှဲနေတဲ့ယုန်ကသူ့သခင်ငုံ့နမ်းသမျှခံနေရပါတယ် ။ ပက်လက်အနမ်းခံရတာညောင်းလာပုံရတဲ့ ယုန်ကခြေလေးဆင်းလို့မှောက်ခုံအိပ်လိုက်ပါတယ် ။ လုံးတက်လာတဲ့ဖင်လုံးလေးနဲ့ခြေတိုလေးကိုလက်နဲ့အသာဆုပ်နှိပ်နှယ်ပေးတော့ သူ့ယုန်ကဇိမ်အပြည့်တုန်ခါသွားတယ် ။ Alpha က ဒီညအိပ်ဖို့စိတ်ကူးမရှိ ။ သူသတိထားမိသလောက်အိပ်ချိန်တွေမှာသူ့ယုန်ပြောင်းလဲတတ်တာပဲ ။ သူ့ယုန်ပြောင်းလဲပုံကိုသူသိပ်မြင်ချင်တယ် ။
လည်ပတ်ရလို့ ညောင်းညာကိုက်ခဲနေရှာတဲ့ယုန်က သူ့သခင်ရဲ့အပြုအစုမှာ လန်းဆန်းသွားတယ်။ ဇိမ်ယူလို့ဝတော့ ငုတ်တုတ်လေးထိုင်ပြီး အနည်းငယ်တွန့်ကျေနေတဲ့နေရာကို လက်သေးသေးလေးနဲ့အသာဖြန့်ကာ သခင့်အတွက်နေရာပြင်ပေးပါတယ် ။
သခင်လာအိပ်လိုက်တော့ ။ ထုထုအိပ်ယာပြင်ပေးထားတယ် ။ ထုထု သခင့်ရင်ခွင်ထဲတိုးဝှေ့ချင်နေပြီနော် ။
Alpha က ပြုံးပြပေမဲ့မလှုပ်ရှားတော့ ယုန်ကသူ့သခင်လက်ကိုလက်နှစ်ဖက်ဆွဲတယ် ။ သစ်ပင်တွယ်တက်ဖို့ချောင်းနေတဲ့ ကိုအာလာကောင်လေးလိုမျိုးပေါ့ ။
Alpha က အလိုမလိုက်ဘဲမနေနိုင်တာမို့ သူ့ယုန်ရဲ့မွေ့ယာအဖြစ်ကျေကျေနပ်နပ်ပဲလှဲပေးလိုက်တယ် ။ ယုန်က ဟန်ကျပန်ကျသူ့ရင်ဘတ်ပေါ်တက်လာပြီး ခွေအိပ်တော့တယ် ။ တစ်ညတာလုံး ယုန်ရဲ့ခေါင်းလုံးလေးကိုပွတ်ပေးရင်းစောင့်ကြည့်ခဲ့ပေမဲ့ သူ့ယုန်ကမပြောင်းလဲလာခဲ့ ။ Alpha က
နှမျောစွာနဲ့သက်ပြင်းချလိုက်မိတယ် ။
****
ထုထုနိုးလာတဲ့အချိန် သခင်က တဘက်အဖြူတစ်ထည်ခါးမှာပတ်ထားပြီး ခေါင်းဖြီးနေတယ် ။ ထုထုမေးကိုလက်ကလေးထောက်ပြီးကြည့်လိုက်တယ် ။ ထုထုသခင်ရေလည်ချောနေပါလား။
Alpha က သူ့ယုန်နိုးနေတာသတိထားမိသွားတော့လှည့်ကြည့်လာပြီး အဝေးကနေလှမ်းနမ်းလိုက်တယ် ။ ထုထုခုန်ပြီး လေထဲလွင့်လာတဲ့အနမ်းတွေကိုဖမ်းလိုက်တာပေါ့ ။ ပြီးတော့အနမ်းလေးတွေပါးစပ်ထဲသေချာထည့်ပြီးအစာအိမ်ထဲရောက်တဲ့အထိ မျိုချလိုက်တယ်။
ဟန်လုပ်နေတဲ့သူ့ယုန်ကြောင့် Alpha က ခါးကိုင်းတဲ့အထိရယ်မိပါတယ် ။
"လာ.... ကိုယ်တို့ရေပူစမ်းသွားကြမယ် "
ရေသံကြားတာနဲ့ ယုန်ကအမြီးခါပြီးပြေးလာတော့တယ် ။ယုန်အရွယ်တဘက်ကို တည်းခိုဆောင်မှာရှာမတွေ့ ။ ယုန်အရှက်တွေမပေါ်အောင် Alpha က သူ့လက်နဲ့အုပ်မိုးပြီးခေါ်လာလိုက်တယ်။ ရေပူစမ်းမှာသူတို့အတူစိမ်ကြတယ် ။ ပုံမှန်တက်ကြွလွန်းတဲ့ယုန်က သူ့ alpha ရဲ့ရင်ဘတ်ကိုလက်ကလေးတွေထောက်ထားရင်း ငြိမ်ငြိမ်လေးမော့ငေးနေခဲ့တယ်။
ထုထုလေ ရင်တွေခုန်လိုက်တာ။
****
နန်းတော်ပြန်ရောက်တော့ Alpha က အလုပ်လုပ်ဖို့ထွက်သွားတယ် ။ ပင်ပန်းထားတဲ့ယုန်က ထပ်ခိုးပေါ်မှာ ကာလနဂါးလိုမနိုးသောအိပ်ခြင်းနဲ့ ခွေနေတဲ့လင်းမြွေဘေးဝင်ပြီးတိုးဝှေ့အိပ်လိုက်တယ်လေ ။ သူနိုးလာတဲ့အချိန် လူဖြစ်နေပြီမို့ လင်းမြွေကိုတော်တော်လေးတက်ဖိမိထားတာတွေ့လိုက်ရတယ် ။အမြီးပေါ် သူ့ကိုယ်ပိနေတာကြောင့် လင်းမြွေကရှုံ့တွနေခဲ့ပါတယ် ။
Sean ထပ်ခိုးပေါ်ကဆင်းလိုက်ပြီး ညကသခင်ဝယ်ပေးထားတဲ့အဝတ်တွေကိုထုတ်ဝတ်ကြည့်လိုက်တယ် ။
Alpha ပြန်လာတဲ့အချိန် အဝတ်ကိုမဝတ်တတ်ဘဲဖရိုဖရဲဖြစ်နေတဲ့သူ့ယုန်ကို နှာခေါင်းသွေးလျှံဖွယ် တွေ့လိုက်ရတယ် ။ အစီရင်ခံစာကိုရှင်းပြရင်း အနောက်ကလိုက်ဝင်လာတဲ့ လက်ထောက်ကိုတံခါးအပြင်ခပ်မြန်မြန်တွန်းထုတ်ပြီး Lock ချလိုက်တယ် ။
"Sean "
"ဟာ...သခင် "
"နိုးနေပြီလား မျက်နှာလေးပြည့်အစ်နေတာပဲ "
"ထုထုဝနေတာလား "
"ဝဝလေးဆိုပိုတောင်ချစ်တယ် "
"ဒါပေမဲ့ထုထုဝိတ်ချနေတာ ၊ ထုထုဝရင်သခင်ချီတော့ပင်ပန်းတာပေါ့ "
Alpha က ရင်ထဲခံစားသွားရတယ်။
"ဒါနဲ့ မုန့်ပါလား "
"အာ.... ကိုယ်အခုမှအလုပ်ပြီးတာ ၊ ဘယ်မှမဝင်ခဲ့ရလို့ "
"ထုထုငတ်ပြီပေါ့နော် "
"အငတ်ထားပါ့မလားကိုယ်ပြင်ပေးမှာပေါ့ ၊ အဝတ်အရင်ကူဝတ်ပေးရမလား "
"ထုထုလှချင်တယ် ဝတ်ပေးပါ "
အထပ်အတွန့်တွေပြည့်နေတဲ့အဝတ်ကို သေချာနေရာချပြီး ကြယ်သီးအမြောက်အများကိုစိတ်ရှည်ရှည်နဲ့တပ်ပေးလိုက်တယ် ။ ကြယ်သီးတစ်စေ့ပိတ်ပြီးတိုင်းလုံခြုံသွားတဲ့အသားစိုင်
အုအုလေးတွေက Alpha ရဲ့လက်ကိုတုန်ယင်လာစေတယ် ။
"ဒါနဲ့သခင်းးး "
Alpha ရဲ့နှစ်ဖက်ကိုလက်နဲ့ကိုင်ရင်း Sean က သူ့ကိုမော့ကြည့်စေတယ် ။ အတွင်းသားတွေကို လောဘနဲ့ငေးနေမိတဲ့ Alpha က ရှက်သွားပြီးသူ့ယုန်ကိုရှက်ရယ် ရယ်ပြလိုက်ပါတယ် ။
"မနေ့ကဟိုနှစ်ယောက်ကဘာပြောတာလဲ ထုထုအဲ့ဒါလေးသဘေယကျနေတယ် "
"မနေ့က? ဘယ်သူတွေလဲ "
"ထုထုတို့တန်းစီတဲ့နောက်ကလေ "
"အော်... ဟန်နီလို့ခေါ်တာကိုပြောတာလား "
"ဟော်နီကဘာလဲနော "
"ဟန်နီပါ Sean ရဲ့.... ချစ်သူအချင်းချင်းပျားရည်လေးလိုချိုမြိန်လို့ ဟန်နီလို့ခေါ်တာ "
"အရမ်းချစ်လို့ခေါ်တာလားနော "
"အင်း "
"အာ့ဆို.. အာ့ဆို သခင်ကထုထုရဲ့ ဟော်နီပေါ့နော "
"ဟန်နီ "
"သခင်ဟော်နီ "
"Sean ရယ် "
Alpha က လျှာသပ်ပြီး အဝတ်ရဲ့နောက်ဆုံးကြယ်သီးကိုတပ်ပေးလိုက်တယ် ။
အင်း...သူတကယ်ပဲသခင်ဟော်နီဖြစ်နေပြီလေ ။
ZAWGYI
အခန္း (၂၅) - သခင္ေဟာ္နီ ။ ထုထုေဟာ္နီ ။
ျမစ္ကမ္းနားမွာရွိတဲ့တည္းခိုေဆာင္မွာသူတို႔တစ္ခန္းငွားၿပီးအိပ္ခဲ့တယ္ ။ ထုထုေျခလက္ေတြေဆးၿပီးတာနဲ႕ သခင့္ကိုယ္ေပၚတက္ဖို႔ေစာင့္ေနပါတယ္ ။ ထုထုအိပ္ငိုက္ေနလို႔သခင္ကပြဲေတာ္ကေနေစာေစာျပန္လာတာ ။
Alpha ကအဝတ္ေတြခြၽတ္ၿပီးတာနဲ႕သူ႕ယုန္ကိုအုပ္မိုးလိုက္တယ္ ။ ပက္လက္ေလးလွဲေနတဲ့ယုန္ကသူ႕သခင္ငုံ႕နမ္းသမွ်ခံေနရပါတယ္ ။ ပက္လက္အနမ္းခံရတာေညာင္းလာပုံရတဲ့ ယုန္ကေျခေလးဆင္းလို႔ေမွာက္ခုံအိပ္လိုက္ပါတယ္ ။ လုံးတက္လာတဲ့ဖင္လုံးေလးနဲ႕ေျခတိုေလးကိုလက္နဲ႕အသာဆုပ္ႏွိပ္ႏွယ္ေပးေတာ့ သူ႕ယုန္ကဇိမ္အျပည့္တုန္ခါသြားတယ္ ။ Alpha က ဒီညအိပ္ဖို႔စိတ္ကူးမရွိ ။ သူသတိထားမိသေလာက္အိပ္ခ်ိန္ေတြမွာသူ႕ယုန္ေျပာင္းလဲတတ္တာပဲ ။ သူ႕ယုန္ေျပာင္းလဲပုံကိုသူသိပ္ျမင္ခ်င္တယ္ ။
လည္ပတ္ရလို႔ ေညာင္းညာကိုက္ခဲေနရွာတဲ့ယုန္က သူ႕သခင္ရဲ႕အျပဳအစုမွာ လန္းဆန္းသြားတယ္။ ဇိမ္ယူလို႔ဝေတာ့ ငုတ္တုတ္ေလးထိုင္ၿပီး အနည္းငယ္တြန့္ေက်ေနတဲ့ေနရာကို လက္ေသးေသးေလးနဲ႕အသာျဖန့္ကာ သခင့္အတြက္ေနရာျပင္ေပးပါတယ္ ။
သခင္လာအိပ္လိုက္ေတာ့ ။ ထုထုအိပ္ယာျပင္ေပးထားတယ္ ။ ထုထု သခင့္ရင္ခြင္ထဲတိုးေဝွ႕ခ်င္ေနၿပီေနာ္ ။
Alpha က ၿပဳံးျပေပမဲ့မလႈပ္ရွားေတာ့ ယုန္ကသူ႕သခင္လက္ကိုလက္ႏွစ္ဖက္ဆြဲတယ္ ။ သစ္ပင္တြယ္တက္ဖို႔ေခ်ာင္းေနတဲ့ ကိုအာလာေကာင္ေလးလိုမ်ိဳးေပါ့ ။
Alpha က အလိုမလိုက္ဘဲမေနနိုင္တာမို႔ သူ႕ယုန္ရဲ႕ေမြ႕ယာအျဖစ္ေက်ေက်နပ္နပ္ပဲလွဲေပးလိုက္တယ္ ။ ယုန္က ဟန္က်ပန္က်သဴ႕ရင္ဘတ္ေပၚတက္လာၿပီး ေခြအိပ္ေတာ့တယ္ ။ တစ္ညတာလုံး ယုန္ရဲ႕ေခါင္းလုံးေလးကိုပြတ္ေပးရင္းေစာင့္ၾကည့္ခဲ့ေပမဲ့ သူ႕ယုန္ကမေျပာင္းလဲလာခဲ့ ။ Alpha က
ႏွေမ်ာစြာနဲ႕သက္ျပင္းခ်လိဳက္မိတယ္ ။
****
ထုထုနိုးလာတဲ့အခ်ိန္ သခင္က တဘက္အျဖဴတစ္ထည္ခါးမွာပတ္ထားၿပီး ေခါင္းၿဖီးေနတယ္ ။ ထုထုေမးကိုလက္ကေလးေထာက္ၿပီးၾကည့္လိုက္တယ္ ။ ထုထုသခင္ေရလည္ေခ်ာေနပါလား။
Alpha က သူ႕ယုန္နိုးေနတာသတိထားမိသြားေတာ့လွည့္ၾကည့္လာၿပီး အေဝးကေနလွမ္းနမ္းလိုက္တယ္ ။ ထုထုခုန္ၿပီး ေလထဲလြင့္လာတဲ့အနမ္းေတြကိုဖမ္းလိုက္တာေပါ့ ။ ၿပီးေတာ့အနမ္းေလးေတြပါးစပ္ထဲေသခ်ာထည့္ၿပီးအစာအိမ္ထဲေရာက္တဲ့အထိ မ်ိဳခ်လိဳက္တယ္။
ဟန္လုပ္ေနတဲ့သူ႕ယုန္ေၾကာင့္ Alpha က ခါးကိုင္းတဲ့အထိရယ္မိပါတယ္ ။
"လာ.... ကိုယ္တို႔ေရပူစမ္းသြားၾကမယ္ "
ေရသံၾကားတာနဲ႕ ယုန္ကအၿမီးခါၿပီးေျပးလာေတာ့တယ္ ။ယုန္အ႐ြယ္တဘက္ကို တည္းခိုေဆာင္မွာရွာမေတြ႕ ။ ယုန္အရွက္ေတြမေပၚေအာင္ Alpha က သူ႕လက္နဲ႕အုပ္မိုးၿပီးေခၚလာလိုက္တယ္။ ေရပူစမ္းမွာသူတို႔အတူစိမ္ၾကတယ္ ။ ပုံမွန္တက္ႂကြလြန္းတဲ့ယုန္က သူ႕ alpha ရဲ႕ရင္ဘတ္ကိုလက္ကေလးေတြေထာက္ထားရင္း ၿငိမ္ၿငိမ္ေလးေမာ့ေငးေနခဲ့တယ္။
ထုထုေလ ရင္ေတြခုန္လိုက္တာ။
****
နန္းေတာ္ျပန္ေရာက္ေတာ့ Alpha က အလုပ္လုပ္ဖို႔ထြက္သြားတယ္ ။ ပင္ပန္းထားတဲ့ယုန္က ထပ္ခိုးေပၚမွာ ကာလနဂါးလိုမနိုးေသာအိပ္ျခင္းနဲ႕ ေခြေနတဲ့လင္းေႁမြေဘးဝင္ၿပီးတိုးေဝွ႕အိပ္လိုက္တယ္ေလ ။ သူနိုးလာတဲ့အခ်ိန္ လူျဖစ္ေနၿပီမို႔ လင္းေႁမြကိုေတာ္ေတာ္ေလးတက္ဖိမိထားတာေတြ႕လိုက္ရတယ္ ။အၿမီးေပၚ သူ႕ကိုယ္ပိေနတာေၾကာင့္ လင္းေႁမြကရႈံ႕တြေနခဲ့ပါတယ္ ။
Sean ထပ္ခိုးေပၚကဆင္းလိုက္ၿပီး ညကသခင္ဝယ္ေပးထားတဲ့အဝတ္ေတြကိုထုတ္ဝတ္ၾကည့္လိုက္တယ္ ။
Alpha ျပန္လာတဲ့အခ်ိန္ အဝတ္ကိုမဝတ္တတ္ဘဲဖရိုဖရဲျဖစ္ေနတဲ့သူ႕ယုန္ကို ႏွာေခါင္းေသြးလွ်ံဖြယ္ ေတြ႕လိုက္ရတယ္ ။ အစီရင္ခံစာကိုရွင္းျပရင္း အေနာက္ကလိုက္ဝင္လာတဲ့ လက္ေထာက္ကိုတံခါးအျပင္ခပ္ျမန္ျမန္တြန္းထုတ္ၿပီး Lock ခ်လိဳက္တယ္ ။
"Sean "
"ဟာ...သခင္ "
"နိုးေနၿပီလား မ်က္ႏွာေလးျပည့္အစ္ေနတာပဲ "
"ထုထုဝေနတာလား "
"ဝဝေလးဆိုပိုေတာင္ခ်စ္တယ္ "
"ဒါေပမဲ့ထုထုဝိတ္ခ်ေနတာ ၊ ထုထုဝရင္သခင္ခ်ီေတာ့ပင္ပန္းတာေပါ့ "
Alpha က ရင္ထဲခံစားသြားရတယ္။
"ဒါနဲ႕ မုန့္ပါလား "
"အာ.... ကိုယ္အခုမွအလုပ္ၿပီးတာ ၊ ဘယ္မွမဝင္ခဲ့ရလို႔ "
"ထုထုငတ္ၿပီေပါ့ေနာ္ "
"အငတ္ထားပါ့မလားကိုယ္ျပင္ေပးမွာေပါ့ ၊ အဝတ္အရင္ကူဝတ္ေပးရမလား "
"ထုထုလွခ်င္တယ္ ဝတ္ေပးပါ "
အထပ္အတြန့္ေတြျပည့္ေနတဲ့အဝတ္ကို ေသခ်ာေနရာခ်ၿပီး ၾကယ္သီးအေျမာက္အမ်ားကိုစိတ္ရွည္ရွည္နဲ႕တပ္ေပးလိုက္တယ္ ။ ၾကယ္သီးတစ္ေစ့ပိတ္ၿပီးတိုင္းလုံၿခဳံသြားတဲ့အသားစိုင္
အုအုေလးေတြက Alpha ရဲ႕လက္ကိုတုန္ယင္လာေစတယ္ ။
"ဒါနဲ႕သခင္းးး "
Alpha ရဲ႕ႏွစ္ဖက္ကိုလက္နဲ႕ကိုင္ရင္း Sean က သူ႕ကိုေမာ့ၾကည့္ေစတယ္ ။ အတြင္းသားေတြကို ေလာဘနဲ႕ေငးေနမိတဲ့ Alpha က ရွက္သြားၿပီးသူ႕ယုန္ကိုရွက္ရယ္ ရယ္ျပလိုက္ပါတယ္ ။
"မေန႕ကဟိုႏွစ္ေယာက္ကဘာေျပာတာလဲ ထုထုအဲ့ဒါေလးသေဘယက်ေနတယ္ "
"မေန႕က? ဘယ္သူေတြလဲ "
"ထုထုတို႔တန္းစီတဲ့ေနာက္ကေလ "
"ေအာ္... ဟန္နီလို႔ေခၚတာကိုေျပာတာလား "
"ေဟာ္နီကဘာလဲေနာ "
"ဟန္နီပါ Sean ရဲ႕.... ခ်စ္သူအခ်င္းခ်င္းပ်ားရည္ေလးလိုခ်ိဳၿမိန္လို႔ ဟန္နီလို႔ေခၚတာ "
"အရမ္းခ်စ္လို႔ေခၚတာလားေနာ "
"အင္း "
"အာ့ဆို.. အာ့ဆို သခင္ကထုထုရဲ႕ ေဟာ္နီေပါ့ေနာ "
"ဟန္နီ "
"သခင္ေဟာ္နီ "
"Sean ရယ္ "
Alpha က လွ်ာသပ္ၿပီး အဝတ္ရဲ႕ေနာက္ဆုံးၾကယ္သီးကိုတပ္ေပးလိုက္တယ္ ။
အင္း...သူတကယ္ပဲသခင္ေဟာ္နီျဖစ္ေနၿပီေလ ။