အခန်း (၃၃) - ထုထု.... ပြောင်းလဲချင်ပြီ ။
အလုပ်မသွားနိုင်တော့တဲ့ Alpha က တိတ်ဆိတ်နေတယ် ။ စာအုပ်တစ်အုပ်ကိုလက်ထဲအလှကိုင်ထားရင်း အာလူးကြော်ဝါးနေတဲ့ သူ့ကောင်ငယ်လေးကို တစိမ့်စိမ့်ငေးနေမိတယ် ။ အာလူးကြော်ဝါးနေတဲ့နှုတ်ခမ်းလေးတွေ.... မနက်ကတင်သူ့အရည်တွေပေကုန်လို့သုတ်ပေးခဲ့ရတာ ။ Alpha ရဲ့ ဖြူလျော့လျော့မျက်နှာကရဲသွားတယ် ။ ဂွကြားနေရာကိုသူစာအုပ်နဲ့အုပ်ချလိုက်ရတယ် ။ Sean က အောက်ကျသွားတဲ့အာလူးကြော်အကျေတွေကိုကောက်စားနေရင်း ကုန်သွားမှသူ့သခင်ကိုသတိတရနဲ့လာကျွေးရှာတယ် ။ Alpha က အိတ်ခွံကိုအမှိုက်ဘုံးထဲပစ်လိုက်တော့ ကောင်ငယ်လေးက လိုက်ကြည့်ပြီးသူ့လက်မလေးစုပ်နေတယ် ။
"သခင်... အကုန်စားလိုက်ပြီလား ထုထုမဝသေးဘူး "
Alpha ကရယ်ပြီး အာလူးကြော်နောက်တစ်ထုပ်ဖောက်ပေးလိုက်တယ် ။
"နောက်ထပ်မရတော့ဘူးနော် Sean "
ထိုအချိန်မှာပဲလာဗီယာရဲ့ဖုန်းဝင်လာတော့ Sean က ဖုန်းအတင်းလုပြောတယ် ။
"လာဗီယာ... ထုထုတို့အရုပ်လဲကြမယ်လေ "
"Ok မမလာခဲ့မယ် "
လာဗီယာ ဖုန်းချသွားတော့ထုထုလဲမဲ့အရုပ်လေးတွေစုလိုက်တယ် ။ ထုထုတို့အရင်ကလည်းအရုပ်လေးတွေလဲပြီးဆော့ကြပါတယ် ။
Alpha ကသူ့ကောင်ငယ်လေးရဲ့ ရွှေပခြုပ်နဲ့ဆွဲကြိုးကိုနေရာကျအောင်ပြင်ပေးရင်း ဂုတ်သားအိအိလေးကိုငုံ့နမ်းလိုက်တယ် ။ ယုန်လေးတစ်ကောင်ကိုနမ်းရတာ တစ်ချက်ဆိုတစ်ကိုယ်လုံးထိမိလို့ အားရစရာကောင်းပေမဲ့ လူသားလေးကတော့နမ်းစရာရပ်ဝန်းတွေကျယ်လှတာမို့သူတစ်ကိုယ်လုံးကိုမနမ်းနိုင် ။
လာဗီယာက တောင်းတစ်လုံးနဲ့ရောက်လာတယ် ။ ဆော့နေတဲ့နှစ်ယောက်ကို Alpha ကပြုံးကြည့်နေပါတယ်။
"ထုထုမှာ ဂျိုးငှက်လေးရှိတယ် လာဗီယာဘာပေးမလဲ "
"အင်း... ဒါလေးနဲ့လဲမလား "
သစ်သားနဲ့ထွင်းထားတဲ့သမင်ရုပ်လေးကိုမြင်တော့ထုထုတို့အလဲအလှယ်အောင်မြင်သွားတယ် ။ သည်လိုနဲ့လာဗီယာပါလာသမျှကုန်သွားပြီးနောက်ဆုံးပိတ်အရုပ်ကိုပြလိုက်တယ် ။
"ဒါက ကိုကို့ပုံတူအရုပ်လေး "
"ဟာ "
ထုထုက လက်ခုပ်တီးလိုက်ပြီးရအောင်ယူဖို့တွေးလိုက်တယ် ။
"ဘာနဲ့လဲမလဲ ထုထုမှာ ဒါတွေရှိသေးတယ် "
"ဒါကလက်ရာအရမ်းလှတော့စျေးကြီးတယ် ဒါတွေနဲ့မလောက်ဘူး "
"ထုထုမှာ... အင်း.. ဘာရှိဦးမလဲ.... လင်းမြွေယူမလား "
ခွေနေတဲ့လင်းမြွေကအလဲအလှယ်လုပ်တဲ့စက်ဝိုင်းပေါ်တွန်းရွှေ့ခံလိုက်ရတယ် ။
"အိုး မိန်းကလေးဆောင်ထဲ အထီးကောင်မွေးလို့မရဘူး "
"ထုထုမှာရွှေငါးကြင်းလေးရှိသေးတယ် ဒါပေမဲ့ထုထုအရမ်းချစ်လို့ "
"မမမှာရွှေငါးကြင်းလည်းရှိပြီးသား "
"ဒါဆိုထုထုဒါတွေအကုန်ပြန်ပေးမယ်လေ ထုထုလိုချင်လို့ပါနော "
"အင်း ...ဒီအရုပ်တွေအကုန်ပေးရင်တောင်မတန်သေးဘူး "
ကောင်ငယ်လေးကသူ့သခင်အင်္ကျီကိုပြေးဆွဲပြီးအကူအညီတောင်းတယ် ။
"လာဗီယာ ကလေးကိုမစနဲ့တော့ "
လာဗီယာကခါးလေးကုန်းလို့ရယ်နေတယ် ။ တကယ်တော့ အရုပ်တွေအကုန်လုံး Sean ကိုပေးဖို့သူမ ဝယ်စုထားတာပါ ။ လာဗီယာကသူမအစ်ကိုနှင်ထုတ်တာခံလိုက်ရပြီး အရုပ်တောင်းကိုထားခဲ့ရတော့တယ် ။
ထုထု သခင့်ပုံတူအရုပ်လေးကိုငါးကြင်းကန်လေးဘေးမှာချထားပြီး ခေါင်းလေးမှီလို့ကြည့်နေပါတယ် ။ ငါးကန်ကအနည်းငယ်ညစ်နေတော့ Alpha ကရေလဲပေးလိုက်တယ် ။ အိမ်မွေးအလှကောင်တွေမွေးရတာဝါသနာမပါပေမဲ့သူ့ယုန်က ချစ်နေမှတော့သူတာဝန်ယူပေးရတာပါပဲ ။
သူ့ကိုအရေးမလုပ်ဘဲဆော့နေတဲ့ကောင်ငယ်လေးကိုသူနောက်ကပွေ့ထားလိုက်တယ် ။ Sean ကနောက်လှည့်လာပြီးသူ့မျက်နှာကိုနှာခေါင်းလုံးလေးနဲ့ ဟိုထိဒီထိနမ်းရှုံ့သွားတယ် ။ ချစ်လိုက်ရတာ အသားလုံးလေးရယ် ။
****
ထုထုနဲ့သခင် လမ်းလျှောက်ထွက်တော့ Omega တွေနဲ့တည့်တည့်တိုးတယ် ။ သူတို့ကသခင့်ကို နူးနူးညံ့ညံ့ဂါရဝပြု နှုတ်ဆက်ကြတယ် ။
"ခေါင်းဆောင် ဒီညအားရင်အပျိုတော်အဆောင်လာခဲ့ပါဦးလား ကျွန်တော်ညစာကျွေးချင်လို့ "
ထုထုသခင့်ကိုမော့ကြည့်လိုက်တယ် ။ သခင့်မျက်လုံးတွေက ဆံနွယ်ပန်းနုရောင်နဲ့ကောင်လေးကိုကြည့်နေပေမဲ့ ပုံမှန်ပါပဲ ။
"ကျွန်မတို့ဟင်းလျာအသစ်တွေသင်ယူထားတာ... ခေါင်းဆောင်လာခဲ့ရင်သိပ်ပျော်မှာပဲ "
သခင်ကထပ်ငြင်းလိုက်ပြီးမှသူ့ယုန်ကိုငုံ့ကြည့်လိုက်တယ် ။ ထုထုမျက်နှာငယ်လေးနဲ့ပြန်ကြည့်နေပါတယ် ။ သခင် ထုထုကိုစားရင်စားပစ်လိုက်ပါ ။ သူတို့ဟာမစားနဲ့ ။
"ယုန်စာမုန့်ကောင်းကောင်းလုပ်တတ်ကြလား "
ယုန်က နဖူးကိုလက်ပုတိုလေးနဲ့ရိုက်ချလိုက်တယ် ။ သူကသဝန်တိုလို့မျက်နှာငယ်ငယ်နဲ့ဖမ်းဆွဲနေတာလေ ။ သခင်ကသူအစာငမ်းပြီးစားချင်နေတယ်ထင်သွားပြီ ။ ထုထုစိတ်လေတယ်နော ။
****
ယုန်နဲ့Alpha က အပျိုဆောင်ရဲ့ ထမင်းစားခန်းထဲမိန့်မိန့်ကြီးထိုင်နေတယ် ။ Omega တွေက Alpha ကိုကျွေးချင်နေတာပါ ။ Alpha ကတော့သူ့ညစာတွေကိုမထိဘဲ ယုန်ကိုပြောင်းဖူးမုန့်ဂရုတစိုက်ခွံနေတယ် ။ ယုန်ကအပျိုတော်ဆောင်ကိုစပ်စုအကဲခတ်နေတယ် ။
ထုထုလေ သခင်ဂရုစိုက်ပေးရမဲ့ ယုန်ရူးလေးမဖြစ်ချင်တော့ဘူး ။ သခင်ကထုထုကိုငပေါလေးလိုမဆက်ဆံဘဲ.. လူကြီးကြီးကမာမီ့ကိုချစ်သလိုချစ်စေချင်တယ် ။
ထုထုက လျှောက်ငေးနေရင်းမုန့်ကိုမဟပ်မိဘဲ သူ့သခင်ရဲ့ လက်ကိုကိုက်မိသွားပါတယ် ။ သခင်နာသွားမှာစိုးရိမ်တာကြောင့် ထုထုကလျှာလေးနဲ့လျက်ပြီးငုံထားလိုက်တယ် ။
Omega တွေက မူးမေ့တော့မလိုရီဝေသွားရတယ် ။ သူတို့ Alpha ရဲ့ ရနံ့တွေက လေထုထဲပြင်းပြင်းထန်ထန် ဝေ့ဝဲနေပြီး Omega တွေကို အဝတ်တွေချွတ်ပစ်ချင်လာလောက်တဲ့ထိဖိနှိပ်ပစ်လိုက်တယ် ။ Alpha က သူတို့ထဲက တစ်ယောက်ယောက်ကို ခုန်အုပ်ချင်နေတာပဲ ဖြစ်ရမယ် ။ လူတိုင်းကဆုတောင်းနေတယ် ။
Alpha ရဲ့ တကယ့်ညစာဟာသူတို့ဖြစ်ဖို့အတွက်ပေါ့ ။ Alpha ရဲ့ရှေ့မှာ အမွှေးပျံ့ဆုံးဟင်းလျာအဖြစ် အရိုးပါနွှင်ပြီးသားဖြစ်စေရမယ်။
တပ်မက်တဲ့အကြည့်တွေ Omega ရနံ့တွေကိုဂရုမစိုက်မိတဲ့ Alpha က သူ့ယုန်ကိုခပ်တင်းတင်းညှစ်လိုက်ပြီး ယုန်စာမုန့်တွေကို ပါဆယ်ထုပ်သွားခဲ့တယ် ။အပျိုတော်ဆောင်ထဲကထွက်ခွာပြီးမှ ရီဝေနေဆဲ Omega တွေကို Alpha က ပြန်လှည့်ကြည့်ပြီးပါးစပ်ဟလာတယ် ။
"ကျေးဇူး "
ယုန်စာထုပ်ကိုမြှောက်ပြပြီးတာနဲ့ Alpha က ထွက်ခွာသွားခဲ့ပါသတဲ့ ။
ZAWGYI
အခန္း (၃၃) - ထုထု.... ေျပာင္းလဲခ်င္ၿပီ ။
အလုပ္မသြားနိုင္ေတာ့တဲ့ Alpha က တိတ္ဆိတ္ေနတယ္ ။ စာအုပ္တစ္အုပ္ကိုလက္ထဲအလွကိုင္ထားရင္း အာလူးေၾကာ္ဝါးေနတဲ့ သူ႕ေကာင္ငယ္ေလးကို တစိမ့္စိမ့္ေငးေနမိတယ္ ။ အာလူးေၾကာ္ဝါးေနတဲ့ႏႈတ္ခမ္းေလးေတြ.... မနက္ကတင္သူ႕အရည္ေတြေပကုန္လို႔သုတ္ေပးခဲ့ရတာ ။ Alpha ရဲ႕ ျဖဴေလ်ာ့ေလ်ာ့မ်က္ႏွာကရဲသြားတယ္ ။ ဂြၾကားေနရာကိုသူစာအုပ္နဲ႕အုပ္ခ်လိဳက္ရတယ္ ။ Sean က ေအာက္က်သြားတဲ့အာလူးေၾကာ္အေက်ေတြကိုေကာက္စားေနရင္း ကုန္သြားမွသူ႕သခင္ကိုသတိတရနဲ႕လာေကြၽးရွာတယ္ ။ Alpha က အိတ္ခြံကိုအမွိုက္ဘုံးထဲပစ္လိုက္ေတာ့ ေကာင္ငယ္ေလးက လိုက္ၾကည့္ၿပီးသူ႕လက္မေလးစုပ္ေနတယ္ ။
"သခင္... အကုန္စားလိုက္ၿပီလား ထုထုမဝေသးဘူး "
Alpha ကရယ္ၿပီး အာလူးေၾကာ္ေနာက္တစ္ထုပ္ေဖာက္ေပးလိုက္တယ္ ။
"ေနာက္ထပ္မရေတာ့ဘူးေနာ္ Sean "
ထိုအခ်ိန္မွာပဲလာဗီယာရဲ႕ဖုန္းဝင္လာေတာ့ Sean က ဖုန္းအတင္းလုေျပာတယ္ ။
"လာဗီယာ... ထုထုတို႔အ႐ုပ္လဲၾကမယ္ေလ "
"Ok မမလာခဲ့မယ္ "
လာဗီယာ ဖုန္းခ်သြားေတာ့ထုထုလဲမဲ့အ႐ုပ္ေလးေတြစုလိုက္တယ္ ။ ထုထုတို႔အရင္ကလည္းအ႐ုပ္ေလးေတြလဲၿပီးေဆာ့ၾကပါတယ္ ။
Alpha ကသူ႕ေကာင္ငယ္ေလးရဲ႕ ေ႐ႊပျခဳပ္နဲ႕ဆြဲႀကိဳးကိုေနရာက်ေအာင္ျပင္ေပးရင္း ဂုတ္သားအိအိေလးကိုငုံ႕နမ္းလိုက္တယ္ ။ ယုန္ေလးတစ္ေကာင္ကိုနမ္းရတာ တစ္ခ်က္ဆိုတစ္ကိုယ္လုံးထိမိလို႔ အားရစရာေကာင္းေပမဲ့ လူသားေလးကေတာ့နမ္းစရာရပ္ဝန္းေတြက်ယ္လွတာမို႔သူတစ္ကိုယ္လုံးကိုမနမ္းနိုင္ ။
လာဗီယာက ေတာင္းတစ္လုံးနဲ႕ေရာက္လာတယ္ ။ ေဆာ့ေနတဲ့ႏွစ္ေယာက္ကို Alpha ကၿပဳံးၾကည့္ေနပါတယ္။
"ထုထုမွာ ဂ်ိဳးငွက္ေလးရွိတယ္ လာဗီယာဘာေပးမလဲ "
"အင္း... ဒါေလးနဲ႕လဲမလား "
သစ္သားနဲ႕ထြင္းထားတဲ့သမင္႐ုပ္ေလးကိုျမင္ေတာ့ထုထုတို႔အလဲအလွယ္ေအာင္ျမင္သြားတယ္ ။ သည္လိုနဲ႕လာဗီယာပါလာသမွ်ကုန္သြားၿပီးေနာက္ဆုံးပိတ္အ႐ုပ္ကိုျပလိုက္တယ္ ။
"ဒါက ကိုကို႔ပုံတူအ႐ုပ္ေလး "
"ဟာ "
ထုထုက လက္ခုပ္တီးလိုက္ၿပီးရေအာင္ယူဖို႔ေတြးလိုက္တယ္ ။
"ဘာနဲ႕လဲမလဲ ထုထုမွာ ဒါေတြရွိေသးတယ္ "
"ဒါကလက္ရာအရမ္းလွေတာ့ေစ်းႀကီးတယ္ ဒါေတြနဲ႕မေလာက္ဘူး "
"ထုထုမွာ... အင္း.. ဘာရွိဦးမလဲ.... လင္းေႁမြယူမလား "
ေခြေနတဲ့လင္းေႁမြကအလဲအလွယ္လုပ္တဲ့စက္ဝိုင္းေပၚတြန္းေ႐ႊ႕ခံလိုက္ရတယ္ ။
"အိုး မိန္းကေလးေဆာင္ထဲ အထီးေကာင္ေမြးလို႔မရဘူး "
"ထုထုမွာေ႐ႊငါးၾကင္းေလးရွိေသးတယ္ ဒါေပမဲ့ထုထုအရမ္းခ်စ္လို႔ "
"မမမွာေ႐ႊငါးၾကင္းလည္းရွိၿပီးသား "
"ဒါဆိုထုထုဒါေတြအကုန္ျပန္ေပးမယ္ေလ ထုထုလိုခ်င္လို႔ပါေနာ "
"အင္း ...ဒီအ႐ုပ္ေတြအကုန္ေပးရင္ေတာင္မတန္ေသးဘူး "
ေကာင္ငယ္ေလးကသူ႕သခင္အကၤ်ီကိုေျပးဆြဲၿပီးအကူအညီေတာင္းတယ္ ။
"လာဗီယာ ကေလးကိုမစနဲ႕ေတာ့ "
လာဗီယာကခါးေလးကုန္းလို႔ရယ္ေနတယ္ ။ တကယ္ေတာ့ အ႐ုပ္ေတြအကုန္လုံး Sean ကိုေပးဖို႔သူမ ဝယ္စုထားတာပါ ။ လာဗီယာကသူမအစ္ကိုႏွင္ထုတ္တာခံလိုက္ရၿပီး အ႐ုပ္ေတာင္းကိုထားခဲ့ရေတာ့တယ္ ။
ထုထု သခင့္ပုံတူအ႐ုပ္ေလးကိုငါးၾကင္းကန္ေလးေဘးမွာခ်ထားၿပီး ေခါင္းေလးမွီလို႔ၾကည့္ေနပါတယ္ ။ ငါးကန္ကအနည္းငယ္ညစ္ေနေတာ့ Alpha ကေရလဲေပးလိုက္တယ္ ။ အိမ္ေမြးအလွေကာင္ေတြေမြးရတာဝါသနာမပါေပမဲ့သူ႕ယုန္က ခ်စ္ေနမွေတာ့သူတာဝန္ယူေပးရတာပါပဲ ။
သူ႕ကိုအေရးမလုပ္ဘဲေဆာ့ေနတဲ့ေကာင္ငယ္ေလးကိုသူေနာက္ကေပြ႕ထားလိုက္တယ္ ။ Sean ကေနာက္လွည့္လာၿပီးသူ႕မ်က္ႏွာကိုႏွာေခါင္းလုံးေလးနဲ႕ ဟိုထိဒီထိနမ္းရႈံ႕သြားတယ္ ။ ခ်စ္လိုက္ရတာ အသားလုံးေလးရယ္ ။
****
ထုထုနဲ႕သခင္ လမ္းေလွ်ာက္ထြက္ေတာ့ Omega ေတြနဲ႕တည့္တည့္တိုးတယ္ ။ သူတို႔ကသခင့္ကို ႏူးႏူးညံ့ညံ့ဂါရဝျပဳ ႏႈတ္ဆက္ၾကတယ္ ။
"ေခါင္းေဆာင္ ဒီညအားရင္အပ်ိဳေတာ္အေဆာင္လာခဲ့ပါဦးလား ကြၽန္ေတာ္ညစာေကြၽးခ်င္လို႔ "
ထုထုသခင့္ကိုေမာ့ၾကည့္လိုက္တယ္ ။ သခင့္မ်က္လုံးေတြက ဆံႏြယ္ပန္းႏုေရာင္နဲ႕ေကာင္ေလးကိုၾကည့္ေနေပမဲ့ ပုံမွန္ပါပဲ ။
"ကြၽန္မတို႔ဟင္းလ်ာအသစ္ေတြသင္ယူထားတာ... ေခါင္းေဆာင္လာခဲ့ရင္သိပ္ေပ်ာ္မွာပဲ "
သခင္ကထပ္ျငင္းလိုက္ၿပီးမွသူ႕ယုန္ကိုငုံ႕ၾကည့္လိုက္တယ္ ။ ထုထုမ်က္ႏွာငယ္ေလးနဲ႕ျပန္ၾကည့္ေနပါတယ္ ။ သခင္ ထုထုကိုစားရင္စားပစ္လိုက္ပါ ။ သူတို႔ဟာမစားနဲ႕ ။
"ယုန္စာမုန့္ေကာင္းေကာင္းလုပ္တတ္ၾကလား "
ယုန္က နဖူးကိုလက္ပုတိုေလးနဲ႕ရိုက္ခ်လိဳက္တယ္ ။ သူကသဝန္တိုလို႔မ်က္ႏွာငယ္ငယ္နဲ႕ဖမ္းဆြဲေနတာေလ ။ သခင္ကသူအစာငမ္းၿပီးစားခ်င္ေနတယ္ထင္သြားၿပီ ။ ထုထုစိတ္ေလတယ္ေနာ ။
****
ယုန္နဲ႕Alpha က အပ်ိဳေဆာင္ရဲ႕ ထမင္းစားခန္းထဲမိန့္မိန့္ႀကီးထိုင္ေနတယ္ ။ Omega ေတြက Alpha ကိုေကြၽးခ်င္ေနတာပါ ။ Alpha ကေတာ့သူ႕ညစာေတြကိုမထိဘဲ ယုန္ကိုေျပာင္းဖူးမုန့္ဂ႐ုတစိုက္ခြံေနတယ္ ။ ယုန္ကအပ်ိဳေတာ္ေဆာင္ကိုစပ္စုအကဲခတ္ေနတယ္ ။
ထုထုေလ သခင္ဂ႐ုစိုက္ေပးရမဲ့ ယုန္႐ူးေလးမျဖစ္ခ်င္ေတာ့ဘူး ။ သခင္ကထုထုကိုငေပါေလးလိုမဆက္ဆံဘဲ.. လူႀကီးႀကီးကမာမီ့ကိုခ်စ္သလိုခ်စ္ေစခ်င္တယ္ ။
ထုထုက ေလွ်ာက္ေငးေနရင္းမုန့္ကိုမဟပ္မိဘဲ သူ႕သခင္ရဲ႕ လက္ကိုကိုက္မိသြားပါတယ္ ။ သခင္နာသြားမွာစိုးရိမ္တာေၾကာင့္ ထုထုကလွ်ာေလးနဲ႕လ်က္ၿပီးငုံထားလိုက္တယ္ ။
Omega ေတြက မူးေမ့ေတာ့မလိုရီေဝသြားရတယ္ ။ သူတို႔ Alpha ရဲ႕ ရနံ႕ေတြက ေလထုထဲျပင္းျပင္းထန္ထန္ ေဝ့ဝဲေနၿပီး Omega ေတြကို အဝတ္ေတြခြၽတ္ပစ္ခ်င္လာေလာက္တဲ့ထိဖိႏွိပ္ပစ္လိုက္တယ္ ။ Alpha က သူတို႔ထဲက တစ္ေယာက္ေယာက္ကို ခုန္အုပ္ခ်င္ေနတာပဲ ျဖစ္ရမယ္ ။ လူတိုင္းကဆုေတာင္းေနတယ္ ။
Alpha ရဲ႕ တကယ့္ညစာဟာသူတို႔ျဖစ္ဖို႔အတြက္ေပါ့ ။ Alpha ရဲ႕ေရွ႕မွာ အေမႊးပ်ံ့ဆုံးဟင္းလ်ာအျဖစ္ အရိုးပါႏႊင္ၿပီးသားျဖစ္ေစရမယ္။
တပ္မက္တဲ့အၾကည့္ေတြ Omega ရနံ႕ေတြကိုဂ႐ုမစိုက္မိတဲ့ Alpha က သူ႕ယုန္ကိုခပ္တင္းတင္းညွစ္လိုက္ၿပီး ယုန္စာမုန့္ေတြကို ပါဆယ္ထုပ္သြားခဲ့တယ္ ။အပ်ိဳေတာ္ေဆာင္ထဲကထြက္ခြာၿပီးမွ ရီေဝေနဆဲ Omega ေတြကို Alpha က ျပန္လွည့္ၾကည့္ၿပီးပါးစပ္ဟလာတယ္ ။
"ေက်းဇူး "
ယုန္စာထုပ္ကိုျမႇောက္ျပၿပီးတာနဲ႕ Alpha က ထြက္ခြာသြားခဲ့ပါသတဲ့ ။