အခန်း (၇၃) - ထုထုအာဝုကိုစချင်တယ် ။
ယုန်လေးတစ်ကောင်ကတော့ သူ့ကလေးကိုဗိုက်ပေါ်တင်ထားရင်းပုခက်စီးလို့နေသည်။ Alpha က အစာစားနေပြီဖြစ်တဲ့ အထွေးဆုံးလေးအတွက်ယုန်စာပြင်ပေးနေတယ် ။ ကြီးလာတော့အမွှေးလေးတွေက သူ့အဖေနဲ့တစ်ပုံထဲ ။ အုန်းသီးနုနုလေးထဲ သကျီသွေးလေးဝပ်နေသလိုပါပင်။
"အလုံးလေးတွေ အစာစားမယ် "
ယုန်ပိစိက ကိုက်နေတဲ့နို့ကိုဖြုတ်ပြီး တုန်ချိချိနှင့်အစာမျှော်လေတယ် ။ ထုထုရဲ့အီးတုံးလေးကို
စချင်တာကြောင့် ဆင်းသွားလို့မရအောင်ညှစ်ထားပြီးတအစ်အစ်နဲ့ရယ်နေလိုက်တယ် ။
Alpha က လိုက်ရယ်မိရုံအပြင်မတတ်နိုင်ပေ ။ ယုန်ရယ်တာ ၊ ယုန်ငိုတာ ၊ ယုန်နှာဘူးကျတာ ဒါတွေနေ့တိုင်းကြည့်နေရသည့်တိုင် အခုထိယုံနိုင်ဖွယ်မှမရှိသေးဘဲ ။ တစ်နေ့ကပင် Alpha ရေချိုးနေတာလိုက်ချောင်းပြီးယုန်နှာရဲရဲလေးကသွေးလျှံလာလို့သူ့မှာလန့်ပြီး ဆေးရုံပြေးခဲ့ရသေးသည် ။ ကလေးရပြီးတဲ့အထိ သူအဝတ်ချွတ်တာမြင်ရင်လိုက်ငေးနေတတ်တုန်း ။
"ကဲ ကလေးကြီးက ကလေးလေးကိုအနိုင်မကျင့်ရဘူးလေ "
နှစ်ယောက်လုံးကိုဂုတ်ကကိုင်ပြီးအစာခွက်ရှေ့
ချပေးတော့ တလှုပ်လှုပ်ဝါးနေကြပုံက အချစ်ပိုစရာ ။
အရသာရှိလွန်းတဲ့ ခရစ်စပီချန့်ကီမုန့်ကထုထုလျှာနဲ့သိပ်နတ်ဖက်နေတယ် ။
ဟောာ.... ။
သခင့်ကို ထုထုစိုက်ကြည့်နေလိုက်တော့
အီးလုံးပေါက်စလေးက ထုထုအတိုင်းကြောင်ပြီးလိုက်ကြည့်နေတယ် ။
အိုကေဗျား ။ ထုထုအားမနာတမ်းကျိတ်ပြီ ။
အီးလုံးလေးကသူ့ဒယ်ဒီကိုကြည့်နေရာကနေ ဘာမှဆက်ဖြစ်မလာလို့ အစာပြန်စားဖို့ငုံ့လိုက်ချိန်အစာခွက်ထဲဘာမျှရှိမနေတော့ချေ ။
"အဲ့ "
အီးလုံးလေးရဲ့ အားငယ်တဲ့အသံက သေးညှောင့်စွာထွက်လာတယ် ။ Alpha ခေါင်းအသာခါပြီး Sean ကိုဂုတ်ပေါ်တင်ကာ မုန့်ထပ်လုပ်ပေးရတော့တယ် ။
ထုထုကနို့တိုက်ရတယ်လေ ။ အားပြည့်ဖို့အစာတွေ အများကြီးအများကြီးစားဖို့လိုနေပါတယ် ။ ထုထုစိတ်ကောင်းမရှိဘူးလို့ဘယ်သူပြောရဲလဲ? ။ ယုန်ကသွားလေးနှစ်ချောင်းပေါ်အောင်တအစ်အစ်ရယ်ရင်းကျေနပ်နေခဲ့တယ် ။
. . .
လေ့ကျင့်ရေးကွင်းထဲရောက်တော့ Ice က ယုန်တစ်အုပ်ကိုမြင်တာနဲ့ချာခနဲလစ်ပြေးသွားခဲ့သည် ။ အမြီးအဖြာဖြာနဲ့ သူလိုသားရဲတစ်ကောင်ပေါ်တစ်ကိုက်စာယုန်တွေတက်ခုန်နေတာကိုတော့ သူဆက်လက်မခံနိုင်ပေ ။ ကလေးထိန်းဆိုထိန်းပေးမည် ။ ယုန်ပုံစံတွေနဲ့ကတော့တော်တော်လေး... ။
Black နဲ့ Sky ကတော့ ကလေးတွေအပေါ်နူးညံ့စွာဂရုစိုက်ပေးလေတယ် ။ အစောင့်တစ်ယောက်ခေါ်လာတဲ့ခွေးကြီးကိုမြင်သွားတယ် ။ အဲ့ဒါခွေးလို့ပါတယ် ။ အမြီးပါတဲ့ခွေးကြီးပေါ့ ။ နားရွက်တွေလည်းရှိတယ်လေ ။ ထုထုအနားကလူတွေကိုစရတာပျင်းရိလာပြီ ။ စိတ်တိုလွယ်မဲ့ပုံနဲ့ခွေးကြီးကိုစရင်ပျော်စရာမကောင်းဘူးလား ။
ထုထု ဖင်လေးကိုအသာခါယိမ်းလိုက်ပြီး ခပ်တိုတိုအမြီးလုံးကိုထောင်လိုက်တယ် ။ အစွယ်ရှိသယောင် နှာခေါင်းရှုံ့တက်သွားတဲ့အထိဖြဲပြရင်း မာန်ဖီလိုက်တယ် ။
"အုတ် အုတ် အုတ် "
သခင်ကရယ်နေရင်းလာပွတ်ပေးတော့ လျှာတစ်လစ်လေးထုတ်ပြီး ခွေးတွေမောပန်းနေသလို
တဟဲဟဲလုပ်နေလိုက်တယ် ။ အမြီးကိုလည်းပြတ်ထွက်မတတ်ခါတယ် ။
ထုထုကိုကြည့်စမ်း ။ ခွေးရှေ့ကနေ ခွေးပုံစံလုပ်ကာဖြတ်လျှောက်ပြတော့ ခွေးကသူ့ကိုစနောက်နေမှန်းသိသွားပြီး စဟောင်တော့တယ် ။ ခွေးလည်း စတွေ့ထဲက ယုန်ပုံစံကယုန်မဆန်နေ
တာသတိထားမိပါတယ် ။ သူ့ပုံစံအတုခိုးနေမှန်းတော့ချက်ချင်းမရိပ်မိခဲ့ဘူးပေါ့ ။
ကြိုးချည်ခံထားရမှန်းသိတော့ထုထုသုံးခေါက်တောင်ဖြတ်လျှောက်ပြီးမှ မျက်နှာချင်းဆိုင်ထိုင်လိုက်ကာ မရှိတဲ့အစွယ်ဖြဲပြလိုက်တယ် ။
"ဂဲ အစ် အစ် အစ် "
ခွေးဟာဆက်သည်းမခံနိုင်တော့ပေ ။ ယုန်ကသူ့ကိုအနိုင်ကျင့်နေတာ ။ သူဘယ်တော့မှဒီလိုပုံစံနဲ့မာန်မဖီဘူး ။ ကလေးဆန်ဆန်လည်းမျက်နှာမပြောင်ဘူး ။ သူကတော်ဝင်ဆန်တဲ့ခွေးပဲဖြစ်ခဲ့တာ ။
"ကြိုးပြုတ်သွားပြီ "
"ခေါ်ထားကြပါဦး "
"ဟဲ့ "
လေ့ကျင့်ရေးကွင်းထဲဆူညံသွားပြီး ထုထုရှေ့ကပြေးလာနေတဲ့ခွေးကိုမျက်လုံးလေးပြူးလို့ကြည့်မိနေခဲ့သည် ။ မျက်လုံးကလင်းမြွေထက်ကိုပြူးသည် ။
"Sean! "
သခင့်အော်သံကျယ်ကျယ် ။
အမလေးလေးယေး ။ စတာပါ စတာပါ။ Alpha အော်သံကြောင့်သတိဝင်လာတဲ့ယုန်က အလုံးလိုက်လေးပြေးလာပြီး Alpha ရဲ့ဂုတ်ပေါ်ဒုံးကျည်အရှိန်နှင့်ရောက်သွားခဲ့သည် ။
ခွေးက Alpha အနားရောက်လာတဲ့အချိန်
တအီအီနှင့် ဝပ်တွားသွားခဲ့တယ် ။ ထုထုက တုန်နေတဲ့ရင်ဘတ်လေးကိုဖိထားရင်းငုံ့ကြည့်လိုက်တယ် ။
ငြိမ်သွားဘီပဲးးးးး ။
ထုထုမသိမသာလေးပြန်တွယ်ဆင်းသွားပြီးသခင့်ဒူးမှာဖက်လို့ခွေးခေါင်းကိုခြေထောက်လေးနဲ့အသာနင်းကြည့်လိုက်တယ် ။
ခွေးခေါင်းကိုမထိရသေးခင် သခင်ကပြန်ဆွဲချီသွားခဲ့လေတယ် ။ ခွေးကလည်းအံကျိတ်ပြီးမာန်ဖီနေရာကနေ ခြေနင်းခံရရင်လှမ်းဟပ်ဖို့
အသင့်ပြင်ခဲ့တာဖြစ်သည် ။
"ကြည့် ၊ ခွေးလိုက်ခံထားရတာတောင် အကြောက်အလန့်မရှိ "
ထုထုနှာရည်လေးတွေစိမ့်ထွက်လာတာကိုလက်နဲ့ပွတ်ဆွဲလိုက်တယ် ။ သခင်ကနီးနီးလေးသေချာကြည့်မှာချောတာနေား ။ ထုထုသွားလေးဖြဲပြီးသဘောကျသွားတယ် ။ ထုထုပိုင်တာလေထုထုဟာ။ မနေနိုင်စွာချွေးစို့နေတဲ့သခင့်မျက်နှာကိုသူအားရပါးရမွှေးမွှေးပေးပြီး အမွှေးနုလေးတွေနဲ့ပါပွတ်တိုက်လိုက်တယ်။
သခင်းးးး အဲ့လောက်ချောနေမှတော့ ထုထုတို့ကလေးထပ်မွေးကြမယ်းးးး ။
AN- ထုထုကျောင်းတွားမယ် ထုထုကျောင်းတွားမယ်
Z
အခန္း (၇၃) - ထုထုအာဝုကိုစခ်င္တယ္ ။
ယုန္ေလးတစ္ေကာင္ကေတာ့ သူ႕ကေလးကိုဗိုက္ေပၚတင္ထားရင္းပုခက္စီးလို႔ေနသည္။ Alpha က အစာစားေနၿပီျဖစ္တဲ့ အေထြးဆုံးေလးအတြက္ယုန္စာျပင္ေပးေနတယ္ ။ ႀကီးလာေတာ့အေမႊးေလးေတြက သူ႕အေဖနဲ႕တစ္ပုံထဲ ။ အုန္းသီးႏုႏုေလးထဲ သက်ီေသြးေလးဝပ္ေနသလိုပါပင္။
"အလုံးေလးေတြ အစာစားမယ္ "
ယုန္ပိစိက ကိုက္ေနတဲ့နို႔ကိုျဖဳတ္ၿပီး တုန္ခ်ိခ်ိႏွင့္အစာေမွ်ာ္ေလတယ္ ။ ထုထုရဲ႕အီးတုံးေလးကို
စခ်င္တာေၾကာင့္ ဆင္းသြားလို႔မရေအာင္ညွစ္ထားၿပီးတအစ္အစ္နဲ႕ရယ္ေနလိုက္တယ္ ။
Alpha က လိုက္ရယ္မိ႐ုံအျပင္မတတ္နိုင္ေပ ။ ယုန္ရယ္တာ ၊ ယုန္ငိုတာ ၊ ယုန္ႏွာဘူးက်တာ ဒါေတြေန႕တိုင္းၾကည့္ေနရသည့္တိုင္ အခုထိယုံနိုင္ဖြယ္မွမရွိေသးဘဲ ။ တစ္ေန႕ကပင္ Alpha ေရခ်ိဳးေနတာလိုက္ေခ်ာင္းၿပီးယုန္ႏွာရဲရဲေလးကေသြးလွ်ံလာလို႔သူ႕မွာလန့္ၿပီး ေဆး႐ုံေျပးခဲ့ရေသးသည္ ။ ကေလးရၿပီးတဲ့အထိ သူအဝတ္ခြၽတ္တာျမင္ရင္လိုက္ေငးေနတတ္တုန္း ။
"ကဲ ကေလးႀကီးက ကေလးေလးကိုအနိုင္မက်င့္ရဘူးေလ "
ႏွစ္ေယာက္လုံးကိုဂုတ္ကကိုင္ၿပီးအစာခြက္ေရွ႕
ခ်ေပးေတာ့ တလႈပ္လႈပ္ဝါးေနၾကပုံက အခ်စ္ပိုစရာ ။
အရသာရွိလြန္းတဲ့ ခရစ္စပီခ်န့္ကီမုန့္ကထုထုလွ်ာနဲ႕သိပ္နတ္ဖက္ေနတယ္ ။
ဟောာ.... ။
သခင့္ကို ထုထုစိုက္ၾကည့္ေနလိုက္ေတာ့
အီးလုံးေပါက္စေလးက ထုထုအတိုင္းေၾကာင္ၿပီးလိုက္ၾကည့္ေနတယ္ ။
အိုေကဗ်ား ။ ထုထုအားမနာတမ္းက်ိတ္ၿပီ ။
အီးလုံးေလးကသူ႕ဒယ္ဒီကိုၾကည့္ေနရာကေန ဘာမွဆက္ျဖစ္မလာလို႔ အစာျပန္စားဖို႔ငုံ႕လိုက္ခ်ိန္အစာခြက္ထဲဘာမွ်ရွိမေနေတာ့ေခ် ။
"အဲ့ "
အီးလုံးေလးရဲ႕ အားငယ္တဲ့အသံက ေသးေညွာင့္စြာထြက္လာတယ္ ။ Alpha ေခါင္းအသာခါၿပီး Sean ကိုဂုတ္ေပၚတင္ကာ မုန့္ထပ္လုပ္ေပးရေတာ့တယ္ ။
ထုထုကနို႔တိုက္ရတယ္ေလ ။ အားျပည့္ဖို႔အစာေတြ အမ်ားႀကီးအမ်ားႀကီးစားဖို႔လိုေနပါတယ္ ။ ထုထုစိတ္ေကာင္းမရွိဘူးလို႔ဘယ္သူေျပာရဲလဲ? ။ ယုန္ကသြားေလးႏွစ္ေခ်ာင္းေပၚေအာင္တအစ္အစ္ရယ္ရင္းေက်နပ္ေနခဲ့တယ္ ။
. . .
ေလ့က်င့္ေရးကြင္းထဲေရာက္ေတာ့ Ice က ယုန္တစ္အုပ္ကိုျမင္တာနဲ႕ခ်ာခနဲလစ္ေျပးသြားခဲ့သည္ ။ အၿမီးအျဖာျဖာနဲ႕ သူလိုသားရဲတစ္ေကာင္ေပၚတစ္ကိုက္စာယုန္ေတြတက္ခုန္ေနတာကိုေတာ့ သူဆက္လက္မခံနိုင္ေပ ။ ကေလးထိန္းဆိုထိန္းေပးမည္ ။ ယုန္ပုံစံေတြနဲ႕ကေတာ့ေတာ္ေတာ္ေလး... ။
Black နဲ႕ Sky ကေတာ့ ကေလးေတြအေပၚႏူးညံ့စြာဂ႐ုစိုက္ေပးေလတယ္ ။ အေစာင့္တစ္ေယာက္ေခၚလာတဲ့ေခြးႀကီးကိုျမင္သြားတယ္ ။ အဲ့ဒါေခြးလို႔ပါတယ္ ။ အၿမီးပါတဲ့ေခြးႀကီးေပါ့ ။ နား႐ြက္ေတြလည္းရွိတယ္ေလ ။ ထုထုအနားကလူေတြကိုစရတာပ်င္းရိလာၿပီ ။ စိတ္တိုလြယ္မဲ့ပုံနဲ႕ေခြးႀကီးကိုစရင္ေပ်ာ္စရာမေကာင္းဘူးလား ။
ထုထု ဖင္ေလးကိုအသာခါယိမ္းလိုက္ၿပီး ခပ္တိုတိုအၿမီးလုံးကိုေထာင္လိုက္တယ္ ။ အစြယ္ရွိသေယာင္ ႏွာေခါင္းရႈံ႕တက္သြားတဲ့အထိၿဖဲျပရင္း မာန္ဖီလိုက္တယ္ ။
"အုတ္ အုတ္ အုတ္ "
သခင္ကရယ္ေနရင္းလာပြတ္ေပးေတာ့ လွ်ာတစ္လစ္ေလးထုတ္ၿပီး ေခြးေတြေမာပန္းေနသလို
တဟဲဟဲလုပ္ေနလိုက္တယ္ ။ အၿမီးကိုလည္းျပတ္ထြက္မတတ္ခါတယ္ ။
ထုထုကိုၾကည့္စမ္း ။ ေခြးေရွ႕ကေန ေခြးပုံစံလုပ္ကာျဖတ္ေလွ်ာက္ျပေတာ့ ေခြးကသူ႕ကိုစေနာက္ေနမွန္းသိသြားၿပီး စေဟာင္ေတာ့တယ္ ။ ေခြးလည္း စေတြ႕ထဲက ယုန္ပုံစံကယုန္မဆန္ေန
တာသတိထားမိပါတယ္ ။ သူ႕ပုံစံအတုခိုးေနမွန္းေတာ့ခ်က္ခ်င္းမရိပ္မိခဲ့ဘူးေပါ့ ။
ႀကိဳးခ်ည္ခံထားရမွန္းသိေတာ့ထုထုသုံးေခါက္ေတာင္ျဖတ္ေလွ်ာက္ၿပီးမွ မ်က္ႏွာခ်င္းဆိုင္ထိုင္လိုက္ကာ မရွိတဲ့အစြယ္ၿဖဲျပလိုက္တယ္ ။
"ဂဲ အစ္ အစ္ အစ္ "
ေခြးဟာဆက္သည္းမခံနိုင္ေတာ့ေပ ။ ယုန္ကသူ႕ကိုအနိုင္က်င့္ေနတာ ။ သူဘယ္ေတာ့မွဒီလိုပုံစံနဲ႕မာန္မဖီဘူး ။ ကေလးဆန္ဆန္လည္းမ်က္ႏွာမေျပာင္ဘူး ။ သူကေတာ္ဝင္ဆန္တဲ့ေခြးပဲျဖစ္ခဲ့တာ ။
"ႀကိဳးျပဳတ္သြားၿပီ "
"ေခၚထားၾကပါဦး "
"ဟဲ့ "
ေလ့က်င့္ေရးကြင္းထဲဆူညံသြားၿပီး ထုထုေရွ႕ကေျပးလာေနတဲ့ေခြးကိုမ်က္လုံးေလးျပဴးလို႔ၾကည့္မိေနခဲ့သည္ ။ မ်က္လုံးကလင္းေႁမြထက္ကိုျပဴးသည္ ။
"Sean! "
သခင့္ေအာ္သံက်ယ္က်ယ္ ။
အမေလးေလးေယး ။ စတာပါ စတာပါ။ Alpha ေအာ္သံေၾကာင့္သတိဝင္လာတဲ့ယုန္က အလုံးလိုက္ေလးေျပးလာၿပီး Alpha ရဲ႕ဂုတ္ေပၚဒုံးက်ည္အရွိန္ႏွင့္ေရာက္သြားခဲ့သည္ ။
ေခြးက Alpha အနားေရာက္လာတဲ့အခ်ိန္
တအီအီႏွင့္ ဝပ္တြားသြားခဲ့တယ္ ။ ထုထုက တုန္ေနတဲ့ရင္ဘတ္ေလးကိုဖိထားရင္းငုံ႕ၾကည့္လိုက္တယ္ ။
ၿငိမ္သြားဘီပဲးးးးး ။
ထုထုမသိမသာေလးျပန္တြယ္ဆင္းသြားၿပီးသခင့္ဒူးမွာဖက္လို႔ေခြးေခါင္းကိုေျခေထာက္ေလးနဲ႕အသာနင္းၾကည့္လိုက္တယ္ ။
ေခြးေခါင္းကိုမထိရေသးခင္ သခင္ကျပန္ဆြဲခ်ီသြားခဲ့ေလတယ္ ။ ေခြးကလည္းအံက်ိတ္ၿပီးမာန္ဖီေနရာကေန ေျခနင္းခံရရင္လွမ္းဟပ္ဖို႔
အသင့္ျပင္ခဲ့တာျဖစ္သည္ ။
"ၾကည့္ ၊ ေခြးလိုက္ခံထားရတာေတာင္ အေၾကာက္အလန့္မရွိ "
ထုထုႏွာရည္ေလးေတြစိမ့္ထြက္လာတာကိုလက္နဲ႕ပြတ္ဆြဲလိုက္တယ္ ။ သခင္ကနီးနီးေလးေသခ်ာၾကည့္မွာေခ်ာတာေနား ။ ထုထုသြားေလးၿဖဲၿပီးသေဘာက်သြားတယ္ ။ ထုထုပိုင္တာေလထုထုဟာ။ မေနနိုင္စြာေခြၽးစို႔ေနတဲ့သခင့္မ်က္ႏွာကိုသူအားရပါးရေမႊးေမႊးေပးၿပီး အေမႊးႏုေလးေတြနဲ႕ပါပြတ္တိုက္လိုက္တယ္။
သခင္းးးး အဲ့ေလာက္ေခ်ာေနမွေတာ့ ထုထုတို႔ကေလးထပ္ေမြးၾကမယ္းးးး ။
AN- ထုထုေက်ာင္းတြားမယ္ ထုထုေက်ာင္းတြားမယ္