တူငယ်လေး စုချန်ကွမ်းသည် အသက်ခြောက်နှစ်သာရှိသေးပြီး နှင်းလေးများနှင့် ကျောက်စိမ်း ကဲ့သို့အလွန်ချစ်စရာကောင်း၏။ သူသည် ချစ်စရာကောင်းသော လူကြီးလူကောင်းသေးသေးလေးကဲ့သို့ ၀တ်စုံလေးကို၀တ်ဆင်ထားပြီး သူ့တူငယ်လေးအားတွေ့လိုက်ချိန်တွင် စုရွေ့ကျယ်၏နှလုံးသားလေးနူးညံ့သွားလေ၏။ ထိုကလေးသည် ငယ်ရွယ်သေးကာ ချစ်စရာကောင်းပြီးရိုးရှင်း၏။ သူ့ကိုတွေ့သည့်အချိန်တိုင်း၌ သူက နာခံမှုရှိစွာနှင့် သူ့ကို ဦးလေးငယ် ဟု ခေါ်လိမ့်မည်ဖြစ်၏။
【T/N ; ချန်ကွမ်းလေးက အနောက်တိုင်း၀တ်စုံအသေးလေးကို၀တ်ထားတာပါ။ ပြီးရင် စုရွေ့ကျယ်ကို အဖေ ဖက်ကဦးလေးကိုခေါ်တဲ့အသုံး ရှောင်ရှုရှု လို့ခေါ်လိမ့်မယ်တဲ့။ အမေဖက်က ဦးလေးကိုခေါ်ရင်တော့ ရှောင်ကျို့ကျို့ပေါ့။ (^‿^)】
ကံမကောင်းစွာပဲ... ထိုသို့သော ကောင်းကင်တမန်တော် သေးသေးလေးဟာ ပျက်ကပ်ကြီးအတွင်း၌ မကောင်းဆိုးဝါးတစ်ကောင်ဖြစ်လာသော ပထမဆုံးလူဖြစ်လာခဲ့၏။
သူ့အတွက် ရွေးချယ်စရာအခွင့်အရေးပင်မရှိခဲ့ပေ.....
【T/N ; သနားလိုက်တာ ကလေးက ဘာမှသိမှာမဟုတ်တဲ့အပြင် လူကြီးလိုလည်း မကာကွယ်နိုင်တော့ ဇွန်ဘီအရင်ဖြစ်မယ့်ပုံရှိတယ် (っ˘̩╭╮˘̩)っ】
ဒါပေမယ့် ဒါကအဆင်ပြေပါတယ်။ အနည်းဆုံးတော့ ထိုချစ်စရာကလေးလေးက နာကျင်စရာတွေမရှိပဲ ထွက်သွားနိုင်လိမ့်မယ်။ ပြီးလျှင် ပျက်ကပ်ကြီးသည် ကလေးများအသက်ရှင်ဖို့ရာ နေရာကောင်းတစ်ခုမဟုတ်ခဲ့ပေ။
ထိုကလေးအတွက်ရည်ရွယ်ပြီး စုရွေ့ကျယ်သည် ပျက်ကပ်ကြီးမတိုင်ခင်အထိ မိသားစုအား ပိုစိတ်ရှည်သည်းခံပေးရန် ဆန္ဒတစ်ခုရှိ၏။ ပျက်ကပ်အချိန်ရောက်လျှင်တော့ ထိုမိသားစုနှင့် မည်သည့်ဆက်နွှယ်မှုမှ မရှိရန် သူဆုံးဖြတ်ထားခဲ့ပြီးဖြစ်၏။
သူ့စိတ်ထဲရှိ ရှုပ်ထွေးသောခံစားချက်များအား တွန်းဖယ်လိုက်ပြီး စုရွေ့ကျယ်သည် ရယ်မောလျက် သူတို့အားနှုတ်ဆက်လိုက်၏။
ထိုအချိန်၌ ချန်ဟွေ့ကျန်းသည် ရှေ့တိုးလာကာ စုရွေ့ကျယ်အားဘေးသို့ဆွဲခေါ်လိုက်ပြီး သူမအသံကိုလျှော့ကာ ပြောလာ၏။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...
??????? ?《???????????》
Start from the beginning