抖阴社区

??????? ??《 ??????????????? 》

6.4K 809 1
                                    

My Cherry Will Explode in the Apocalypse

Chapter 67《 ကျည်ဆန်အသစ်များ 》

Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク

Unicode

သူတို့ မှတ်ပုံတင်ရုံးမှ ထွက်လာကြချိန်တွင် နားမလည်နိုင်စွာ ထွက်ပေါ်လာပြီး မသိနိုင်စွာထွက်ပြေးသွားသော မိန်းကလေးမှာ ပျောက်ကွယ်သွားခဲ့သည်။

အဖွဲ့သားများသည် လေထဲရှိ အစားအသောက်ရနံ့ကြောင့် စွဲဆောင်ခံလိုက်ကြရသည်။ ယခုရက်ပိုင်းတွင် သူတို့သည် တာဝန်ကျနေကြသည်ဖြစ်ပြီး အစားအစာခြောက်များကိုသာ စားခဲ့ကြရသည်။ ဟပူပူနွေးနွေးဟင်းပွဲများနှင့် ပူပူနွေးနွေးထမင်းကို မစားနိုင်ခဲ့ကြ‌ချေ။ ယခုမူ သူတို့သည် အစားအစာအနံ့ကိုခံပြီး ဗိုက်ဆာလာခဲ့ကြသည်။

ယနေ့တွင် ကန်တင်း မှ ဟင်းရွက်ခေါက်ဆွဲပြုတ်နှင့် ပြောင်းဖူးကိတ်များနှင့် မုန်လာဥနီစွပ်ပြုတ်ကို ရနိုင်ပြီး တစ်ခုချင်းစီတွင် အလုပ်မှတ်တစ်ခုသာ လိုအပ်လေသည်။ ပြောင်းဖူးပန်ကိတ်၏ အရသာမှာ သာမန်သာဖြစ်သော်လည်း ပမာဏအားဖြင့်တော့ပြည့်၀လေသည်။ တစ်ခုစီတွင် 100 ဂရမ်မှ 150 ဂရမ်အထိ အလေးချိန်ရှိပြီး မုန်လာဥနီ အရိုးစွပ်ပြုတ်ပန်းကန်တစ်လုံးနှင့်လည်း လိုက်ဖက်လေသည်။

လိုင်းထဲတွင် တန်းစီရပ်လိုက်ကြသောအခါ သူတို့သည် စစ်သားအချို့လည်း စာသောက်ရန် လာရောက်ကြသည်ကိုတွေ့လိုက်ကြရသည်။ အထက်မှအောက်ခြေအထိ အခြေစိုက်စခန်းတစ်ခုလုံးတွင် တပ်ကြပ်ကြီးဖြစ်စေ စစ်သားများဖြစ်စေ သူတို့သည် သာမာန်အသက်ရှင်ကျန်ရစ်သူများကဲ့သို့ပင်။

သူတို့သည် ကန်တင်းမှ ဘာပဲချက်ချက်စားကြလေသည်။ ကျန့်ကျားဟယ်သည် သူတို့နှင့် စကားပြောပြီး သူတို့သည် ချက်ချင်းပင် တစ်ဦးနှင့်တစ်ဦး သိလာကြလေသည်။ သူတို့အထဲမှ ဗိုလ်ချုပ်ကြီးကျန်း အား ရိက္ခာများရရှိဖို့အတွက် ကူညီပေးခဲ့သည့် တပ်ကြပ်ကြီးတစ်ယောက်လည်း ပါလာခဲ့‌သည်။ ထုံးစံအတိုင်း သူ သူတို့အား မှတ်မိခဲ့သည်။ ထို့အတွက် သူ သူတို့နှင့်ရင်းနှီးခွင့်ရခဲ့၍ ဝမ်းသာနေခဲ့ကာ သူတို့နှင့် စကားပြောကောင်းနေခဲ့သည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now