抖阴社区

??????? ??《 ??????????????????????????? 》

4.9K 692 13
                                    

My Cherry Will Explode in the Apocalypse

Chapter 92《 စွမ်းရည်အဆင့်မြှင့်တင်ခြင်း 》

Author: Drunken Light Song
Source: Jostena M
Translator: オタク

ကျန်းယောင်ဟွားသည် သူ့စစ်သားများကို ကျန့်ယွင်တို့အဖွဲ့အတွက် သူတို့အလွယ်တကူ အနားယူနိုင်စေဖို့အတွက် ကျယ်ဝန်းပြီး သက်တောင့်သက်သာရှိသော အခန်းတစ်ခုကို ပြင်ဆင်ရန်ပြောလိုက်ပြီး သူတို့အတွက် အထူးဆေးတပ်ဖွဲ့ကို စေလွှတ်လိုက်လေသည်။

ထို့အပြင် ကျန်းယောင်ဟွားသည် မြို့တော်အပြင်ဘက်ရှိ ဖုတ်ကောင်များ၏အမြုတေများကို စုဆောင်းရန်အတွက်လည်း လူများကို စီစဉ်ပေးခဲ့သည်။ သောင်းနှင့်ချီသော အမြုတေများကို အနောက်ဘက်တွင် စွန့်ပစ်ထားခဲ့ကြ၏။ ယခင်က ၎င်းတို့ကို မည်သူမျှ စိတ်မဝင်စားခဲ့ကြသော်လည်း ယခုအခါ လူတိုင်းလိုအပ်နေသော ရတနာဖြစ်လာခဲ့သည်။

လူတော်တော်များများသည် အမြုတေတချို့ကို ကောက်ယူဖို့ မြို့ပြင်ကို ထွက်သွားကြချင်သော်လည်း ကျန်းယာင်ဟွားသည် စစ်သားအမြောက်အမြားနှင့်ဂိတ်ပေါက်၀ကို စောင့်ကြပ်နေပြီး စစ်သားမျမှလွဲ၍ မည်သူမှ မြို့ထဲသို့၀င်ထွက်ခွင့်မပေးခဲ့ချေ။ ထောင်နှင့်ချီသည့် စစ်သားများသည် အမြုတေအားလုံးကိုစုဆောင်းရန် သုံးနာရီကြာခဲ့လေသည်။

ကျန်းယာင်ဟွားသည် အမြုတေများကို ထက်ဝက်ကို ခွဲခြမ်းပြီး တစ်၀က်ကို ကျန့်ယွင်အား ပေးဖို့ ရန်ရည်ရွယ်ထားသည်။ အဆုံးမှာတော့ ကျန့်ယွင်၏အကူအညီကြောင့်သာမဟုတ်ပါက သူတို့အနေဖြင့် အဆင့်လေးဖုတ်ကောင်ကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ချေ။ ကျန်တစ်ဝက်ကိုတော့ အခြေစိုက်စခန်းကို ခုခံကာကွယ်ရာတွင် ပါဝင်ခဲ့သည့် စွမ်းအားရှင်များနှင့် စစ်သားများအားလုံးကို ဝေငှပေးမည်ဖြစ်သည်။ အဆုံးမှာတော့ သူတို့သည်လည်း ဤတိုက်ပွဲတွင် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြလေသည်။

အဆင့်လေးဖုတ်ကောင်၏ အမြုတေကိုမူ ကျန်းယောင်ဟွားသည် သိမ်းခဲ့ပြီး ကျန့်ယွင်အားပေးရန်အတွက် ပြင်ဆင်ထားသည်။ သူတို့သည် ဖုတ်ကောင်ကိုသတ်ခဲ့ပြီး အမြုတေသည် သူတို့နှင့်သက်ဆိုင်လေ၏။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now