My Cherry Will Explode in the Apocalypse
Chapter 16
Author: Drunken Light Song
Source: Jostena M
Translator: オタク【 Unicode 】
စာချုပ်လက်မှတ်ထိုးပြီးသောအခါ ကျန့်ယွင်နှင့် စုရွေ့ကျယ်သည် ချန်ဟွေ့ကျန်း၊ သူ့ချွေးမနှင့်သားတို့၏အမူအရာများကို ဂရုမစိုက်တော့ပဲ ဖြိုဖျက်ရေးရုံးမှ ထွက်သွားခဲ့ကြသည်။
အတော်ဝေးဝေးသို့ရောက်သောအခါ စုရွေ့ကျယ် မရယ်ပဲမနေနိုင်တော့ပေ။
ချန်ဟွေ့ကျန်း၏အမူအရာကိုကြည့်ခြင်းအားဖြင့် စုရွေ့ကျယ်သိလိုက်၏။ ချန်ဟွေ့ကျန်း၏ မူလရည်ရွယ်ချက်မှာ ထိုအကြောင်းပြချက်အားအသုံးပြုပြီး ပိုက်ဆံများကို သူမသား၏ဘဏ်ကတ်ထဲသို့လွှဲပြောင်းနိုင်ရန်ဖြစ်မည်ကို သူစိုးရိမ်မိသည်။ ထို့နောက်မှာတော့ ပိုက်ဆံများသူမလက်ထဲသို့ရောက်သွားလိမ့်မည်။ အစပိုင်း၌ သူမပြောခဲ့သလို ယွမ်သုံးသိန်းကို ပေးလိမ့်တော့မည်မဟုတ်ပေ။ နောက်ထပ်အနေနှင့် စုရွေ့ကျယ်ပိုင်ဆိုသ်သောပိုက်ဆံများကိုပင်ယူထားပြီး သူ့အတွက် သိမ်းထားပေးရန် အတွက်ဆိုကာ အကြောင်ူပြချက်မျိုးစုံရှာလိမ့်မည်။
ယခုတော့ ကျန့်ယွင်၏အကူအညီကြောင့် သူမ၏အစီအစဉ်များသည် အပိုင်းပိုင်းပျက်စီးသွားလေပြီ။ စုရွေ့ကျယ်သည် သူမ၏မကျေမနပ်ဖြစ်ပြီး ရုပ်ဆိုးသောအမူအရာအားမြင်လိုက်သောအခါ သူ့နှလုံးသားအောက်ခြေမှပင် အနည်းငယ်လန်းဆန်းသွားသလို ခံစားလိုက်ရသည်။
ကျန့်ယွင်သည် စုရွေ့ကျယ်မျက်နှာပေါ်ရှိ ပျော်ရွှင်နေသောအပြုံးကိုကြည့်လိုက်ပြီး မရယ်မိပဲ မနေနိုင်တော့ချေ။ သူ စုရွေ့ကျယ်၏အပြုံးကို ထာ၀ရထိန်းသိမ်းပေးနိုင်ရန်သာမျှော်လင့်ပြီး သူ့အရင်ဘ၀မှ စိတ်ပျက်အားငယ်မှုနှင့် အကူအညီမဲမှုများကို ထပ်ဖြစ်စေခွင့်မပြုတော့ပေ။
ကျန့်ယွင်သည် စုရွေ့ကျယ်အား ဆင်ခြေဖုံးရှိ ဗီလာဧရိယာအသေးတစ်ခုရှိ သူ့အိမ်သို့ခေါ်သွားလေသည်။ ထိုနေရာသည် ယခုမှဆောက်လုပ်ပြီးစဖြစ်ကာ လက်ရှိတွင် ရောင်းနေဆဲဖြစ်သည်။ ဗီလာဧရိယာသည် နယ်စွန်ဘက်နှင့်ဆက်စပ်နေသဖြင့် အဓိကရောင်းချသည့်အချက်မှာ ကောင်းမွန်စွာ ပြင်ဆင်တည်ဆောက်ထားခြင်းနှင့် ဘယ်အချိန်မဆို သူတို့အနေဖြင့်အိတ်များကိုသယ်သွားနိုင်သည်ပင်ဖြစ်သည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...