My Cherry Will Explode in the Apocalypse
Chapter 84《 ကုသခြင်းစွမ်းရည် 》
Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク“ရပ်တော့!”
ဝူရယ်သည် သူ့ညီအစ်ကို ရှုံးနေသည်ကို မြင်လိုက်သဖြင့် တခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ လက်ဖ၀ါးနှစ်ဖက်မှ အေးစက်သည့် လေအေးတစ်ချက်ကို ကျန့်ယွင်၏မျက်နှာဆီကို တည့်တည့်ပစ်လွှတ်လိုက်လေ၏။
တစ်ချိန်တည်းမှာပင် စုန့်ချန်ရှုသည် လျင်မြန်သောလှုပ်ရှားမှုတစ်ခုလုပ်လိုက်လေ၏။ ရေပူတန်းတစ်ခုသည် အေးစက်သောလေကို တိုက်ရိုက်ထိမှန်ပြီး သုတ်သင်ပစ်လိုက်၏။
ဝူရယ်သည် ထိတ်လန့်သွားလေ၏။ မမျှော်လင့်ထားဘဲ ပျော့ညံ့ပုံရသည့်လူသည်လည်း စွမ်းအားရှင်တစ်ဦး ဖြစ်နေခဲ့သည်။
သူတို့ပြောသည်မှာ အမှန်တရားဖြစ်သည်ဟူသော အလွန်ထူးဆန်းသော အတွေးတစ်ခု သူ့စိတ်ထဲတွင် ပေါ်လာသည်။ သူတို့သည် အမှန်တကယ်ပင် စွမ်းအားရှင်များ ဖြစ်နေသည်လား?
သို့သော် သူဘာမှ မပြောနိုင်ခင်မှာပင် တစ်ယောက်ယောက်သည် အော်နေလေ၏။
“ပစ်! ပစ်!”
နှစ်ဖက်စလုံး တိုက်ခိုက်နေကြပြီဖြစ်သည်ကိုမြင်ပြီး ဝူရယ်နှင့် ချီးရယ်တို့ ရှုံးလိမ့်မည်ကို စိုးရိမ်နေသည့်လိုင်ဆန်းသည် တခြားသူများကို ပစ်ဖို့ သတိပေးဖို့ ကြွေးကြော်လိုက်လေ၏။
“မပစ်နဲ့!”
သူ ပြောလိုက်၏။
သို့သော် အချိန်နှောင်းသွားခဲ့ပြီး သူ့စိတ်နောက်စရာ ညီအစ်ကိုများသည် သေနတ်မောင်းခလုတ်ကို ဆွဲကာ တစ်ချိန်တည်းမှာပင် ပစ်ခတ်မှုပေါင်းများစွာကို လုပ်လိုက်လေ၏။
သွားပြီ!!!
ဝူရယ်၏ ၏နှလုံးသားသည် ရုတ်ချည်း နစ်မြုပ်သွားလေ၏။ သူ၏ အမျိုးအစားကွဲပြားသည့် ရေခဲစွမ်းအင်သည် လင်ချန်းအခြေစိုက်စခန်းတွင် အလွန်အစွမ်းထက်လှသော်လည်း ထိုသို့သော အရေးမပါသည့်ပုံရသည့် ရေစွမ်းအားရှင်မှ အလွယ်တကူဖြိုခွဲလိုက်လေသည်။ လေစွမ်းအားရှင်အမျိုးသမီးသည် သူ့၏သတ္တမမြောက်ညီ၏ မီးကို အလိုအလျောက်ပြိုကွဲစေနိုင်သည်။ ထို့အပြင် အရပ်ရှည်ပြီး ချောမောသောယောက်ျားသည် လောင်ချီးအား မြေပြင်ပေါ်တွင် ဖိနှိပ်ထားနိုင်လေ၏။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...