My Cherry Will Explode in the Apocalypse
Chapter 45
Author: Drunken Light Song
Source: Jostena M
Translator: オタク【 Unicode 】
မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးရက်ကုန်လွန်သွားခဲ့ပြီ။
အချိန်သုံးရက်တာသည် ကြာရှည်သည်လည်းမဟုတ် တိုတောင်းသည်လည်းမဟုတ်ပေ။ စစ်သားများသည် ညတိုင်းနီးပါးအပြင်သို့ကားဖြင့်မောင်းထွက်သွားကြပြီး တတ်နိုင်သလောက် ရိက္ခာအမြောက်အများကို စုဆောင်းခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့၌ လူရှစ်ရာကျော်ရှိပြီး နေ့စဉ်စားသုံးမှုပမာဏသည် အတော်လေးကို ကြီးမား၏။ သူတို့သွားသည့်အကြိမ်တိုင်း စုရွေ့ကျယ်၏အဖွဲ့အတွက် တစ်ခုခုကို ပြန်ယူလာခဲ့ပေးလိမ့်မည်။ ထပ်ခါထပ်ခါ ငြင်းဆိုခဲ့သော်ငြား စစ်သားများသည် သူတို့ဆီသို့ ပစ္စည်းများကို ယူလာခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။ သူတို့သည်အမှန်တကယ်ကို ထိုအရာများကို လက်ခံရန်ငြင်းဆန်ပါက စစ်သားများသည် ပစ္စည်းများကို သူတို့၏ တံခါးရှေ့တွင်ထားခဲ့လိမ့်မည်ပင်။ ၎င်းသည် စုရွေ့ကျယ်၏အဖွဲ့အား ရယ်ရမည်လား ငိုရမည်လားမသိတော့အောင်ဖြစ်သွားစေလေသည်။ ကျောက်ပင်းကဲ့သို့ စစ်သားအနည်းငယ်သည်လည်း စွမ်းရည်များနိုးထလာခဲ့ကြောင်း သူတို့ကြားခဲ့ကြရ၏။ သူတို့ရိက္ခာများစုဆောင်းရန်ထွက်သွားခဲ့ကြစဉ်က စစ်သားများသည် ဖုတ်ကောင်တစ်ကောင်ထံမှ အကုတ်ခံခဲ့ရခြင်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။
တတိယမြောက်ည၌ ရေဒီယိုတွင် အမျိုးသမီးတစ်ဦးသည် ရှင်းလင်းပြီး သာယာငြိမ့်ညောင်းသောအသံဖြင့် နောက်ဆုံးရသတင်းများအား အသံလွှင့်လေ၏။ Nမြို့ရှိ ကယ်ဆယ်ရေးမစ်ရှင်သည် အောင်အောင်မြင်မြင်ဖြင့် ပြီးဆုံးသွားခဲ့ပြီး ကယ်ဆယ်ရေးတပ်ဖွဲ့များသည် Sမြို့သို့ရောက်တော့မည်ဖြစ်သည်။ သူတို့သည် Sမြို့တွင် သုံးရက်ခန့်နေကြလိမ့်မည်ဖြစ်ပြီး အသက်ရှင်ကျန်လွတ်မြောက်သူများအား အကယ်၍ ၎င်းတို့အနေဖြင့် တတ်နိုင်ပါက အမှတ် 718 အမျိုးသားလမ်းမကြီး၏ အနောက်တောင်ဘက်၀င်ပေါက်သို့သွားရန် တောင်းဆိုထား၏။ ထိုနေရာတွင် ကယ်ဆယ်ရေးတပ်ဖွဲ့များသည် ယာယီမြို့စောင့်တစ်ခုအဖြစ် စခန်းချမည့် နယ်မြေတစ်ခုဖြစ်ပေလိမ့်မည်။ အကယ်၍ အသက်ရှင်ကျန်များများအနေဖြင့် ၎င်းတို့ကိုယ်တိုင် လွတ်မြောက်ရန်မတတ်နိုင်ပါက ကယ်ဆယ်ရေးတပ်ဖွဲ့များ ရှာဖွေ ကယ်ဆယ်နိုင်ရန် ပြတင်းပေါက်များ၏အပြင်ဘက်တွင် အနီရောင်အ၀တ်စအားချည်နှောင်ထားရန် ညွှန်ကြားထား၏။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...