My Cherry Will Explode in the Apocalypse
Chapter 91《 ဘေးဒုက္ခအကျပ်အတည်းကို ဖြေရှင်းခဲ့ခြင်း 》
Author: Drunken Light Song
Source: Jostena M
Translator: オタクသို့သော်လည်း သန်မာသောသောအလင်းတန်းတစ်ခုသည် တံတိုင်းပေါ်မှဆင်းသက်လာလေသည်။ လူအများအပြားက နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ယွီသုန်သုန်လေးသည်ခွေးခြေခုံပေါ်သို့တက်နေသည်ကိုမြသ်လိုက်ရပြီး ကျန်းယောင်ဟွားသည် လူများကိုရွှေ့ခိုင်းလိုက်၏။ ခြေဖျားထောက်ရပ်ကာ သူသည် အလေးချိန်အနည်းငယ်ရှိသော အားကောင်းသောဓာတ်မီးအား ကိုင်ဆောင်ထားကာ အဆင့်လေးဖုတ်ကောင်လွတ်မြောက်သွားသည့် ဦးတည်ရာဘက်ကို လမ်းညွှန်ပေးရန် အလင်းရောင်ကိုအသုံးပြုခဲ့သည်။
“ကောင်းကောင်းလုပ်ခဲ့တယ်!”
ကျန့်ကျားဟယ်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့လက်ထဲရှိကျောက်တုံးများကို ယူလိုက်ပြီး သူ့ပတ်ပတ်လည်တွင် အဆက်မပြတ်တက်လာနေသည့် ဖုတ်ကောင်များကို သုတ်သင်ပစ်လိုက်၏။ စွမ်းရည်ဆေးကို သောက်ပြီးနောက် သူ့ခွန်အားကြံ့ခိုင်မှုသည် အတိုင်းအဆမရှိတော့ပေ။
သို့သော်လည်း သူ့လက်ထဲက ကျောက်တုံးများဖြင့်ထိမှန်သွားသည့် ဖုတ်ကောင်များ၏အရိုးများ တစ်လက်မချင်းစီ အားလုံးကျိုးသွားခဲ့ပြီး ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးကုန်ကြလေသည်။
ကျန့်ကျားဟယ်သည် သောင်းနှင့်ချီသောလူများကို ဆန့်ကျင်သည့် လူတစ်ယောက်၏အရှိန်အဟုန်ဖြင့် ထူထပ်သော ဖုတ်ကောင်အုပ်စုအတွင်း သွေးလမ်းကြောင်းတစ်ခုကို သတ်ပစ်လိုက်ပြီး အလင်းရောင်နှင့် ယွီသုန်သုန်ညွှန်ပြနေသည့် ဦးတည်ရာဘက်ဆီသို့ တည့်တည့်ပြေးသွားခဲ့သည်။
ဝူကျင်းသည် မနှောင့်နှေးဘဲ ဖမ်းမိလိုက်လေသည်။ သူမသည် မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားကာ ဖုတ်ကောင်များကြားတွင် အလွယ်တကူ လျှောက်လှမ်းသွားနိုင်ခဲ့သည်။ အလင်းရောင်အတိုင်း ခြေထောက်ဆုံးရှုံးထားသည့် အဆင့်လေးဖုတ်ကောင်ကို အမြန်လော့ခတ်ထားလိုက်သည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...