抖阴社区

??????? ? 《????????? ?????????????》

11.3K 1.3K 37
                                    

My Cherry Will Explode in the Apocalypse

Chapter 9

Author: Drunken Light Song
Source: Jostena M
Translator: オタク

Unicode

စုန့်ချန်ရှု ၏ ရုပ်ရည်သွင်ပြင်သည် လှပသည်ဟု ထင်ရနိုင်သော်လည်း လူတစ်ကိုယ်လုံးခြုံကြည့်လျှင် အလွန်သက်တောင့်သက်သာဖြစ်စေသော စိတ်နေသဘောထားရှိသည်။ သူ တံခါးလာဖွင့်သော စုရွေ့ကျယ်အားတွေ့လိုက်သောအခါ ချက်ချင်းပင်ပြုံးပြီး မိတ်ဆက်လာ၏။

“မင်္ဂလာပါ။ ကျွန်တော်က ကျန့်ယွင်ရဲ့သူငယ်ချင်းပါ။ စုန့်ချန်ရှုလို့ခေါ်ပါတယ် ”

“မင်္ဂလာပါ။ ၀င်လာခဲ့ပါ”

စုရွေ့ကျယ် လျင်မြန်စွာပဲ သူ့အားအထဲသို့ဖိတ်ခေါ်လိုက်၏။

တံခါးကိုဖြတ်ပြီး၀င်လာချိန်တွင် စုန့်ချန်ရှုသည် ကုတင်ပေါ်တွင်လှဲနေသော ကျန့်ယွင်အား တစ်ချက်တည်းကြည့်လိုက်ရုံဖြင့် မြင်လိုက်လေသည်။ သူ့ဗိုက်ရှိဒဏ်ရာအားမြင်လိုက်ပြီးနောက် ချက်ချင်းပင် သူ့ စိတ်အခြေအနေဆိုးရွားလာရတော့၏။

စုရွေ့ကျယ် ခုံတစ်လုံးကို‌မြန်မြန်ရွှေ့‌လိုက်ကာ အိပ်ရာဘေးတွင်ထားပေးလိုက်ပြီး စုန့်ချန်ရှုအား ထိုင်ရန်ပြောလိုက်သည်။

စုန့်ချန်ရှု သူ့အားကျေးဇူးတင်စွာဖြင့် ခေါင်းငြိတ်ပြလာပြီး ချက်ချင်းပင် သူယူလာခဲ့သော ဆေးသေတ္တာအားဖွင့်ကာ သူလိုအပ်သောပစ္စည်းကိရိယာများအား ထုတ်ယူလိုက်သည်။

စုန့်ချန်ရှုသည် ကျန့်ယွင်၏ဒဏ်ရာအား သပ်ရပ်စွာ သန့်ရှင်းပေးပြီးနောက် ဂရုတစိုက်စစ်ဆေးပေး၏။ ကံကောင်းစွာပင် ဒဏ်ရာသည် သိပ်မနက်ပဲ အရေးကြီးသည့် အတွင်းအင်္ဂါများတစ်ခုကိုမှ မထိခိုက်ခဲ့ပေ။ ထို့ကြောင့် သူ ကျန့်ယွင်၏ဒဏ်ရာအားချုပ်ပေးပြီး ပိုးသတ်ထားသော ပိတ်ကျဲစဖြင့်စည်းနှောင်ပေးလိုက်၏။ စုန့်ချန်ရှုသည် ခွဲစိတ်မှုတွင် အကိုက်အခံပျောက်ဆေးထိုးပေးခြင်းမရှိပဲ အကိုက်အခဲပျောက်ဆေးပြားနှစ်လုံးသာပေးခဲ့သည်။ မော်ဖင်းကဲ့သို့သော ထုံဆေးမျိုးသည် အလွန်တင်းကြပ်ထားသည်။ အချိန်တိုအတွင်းတွင် စုန့်ချန်ရှုအတွက် သူတို့အားမရနိုင်ပေ။ သူ အကိုက်အခဲပျောက်ဆေးနှစ်လုံးသာသုံးနိုင်ပြီး နာကျင်သက်သာစေနိုင်စွမ်းသည် မော်မင်းကဲ့သို့သောထုံဆေးမျိုးနှင့်ယှဉ်လျှင် ရေပုံးထဲမှရေတစ်စက်နှင့်ပင်တူလေကာ ဘာမှမရှိသည်ထက်တော့ ပိုကောင်းပါသေးသည်။ အစကနေအဆုံးထိ ကျန့်ယွင်သည် စကားတစ်လုံးမျှ မပြောခဲ့ချေ။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now