My Cherry Will Explode in the Apocalypse
Chapter 108《 မြွေပွေးခါးပိုက် ပိုက်-၂ 》
Author: Drunken Light Song
Source: Jostena M
Translator: オタクရောက်လာသူမှာ ကျန့်ယွင်ဖြစ်လေ၏။ သူအိပ်မပျော်သောကြောင့် သူ့ချစ်သူငယ်လေးနှင့် စကားစမြည်ပြောဖို့ ထွက်လာခဲ့ခြင်းဖြစ်လေသော်လည်း သူ့ကိုရှာမတွေ့ခဲ့ချေ။ မီးဖိုချောင်ထဲတွင် လှုပ်ရှားသံကြားလိုက်ချိန် သူလာကြည့်လိုက်လေသည်။ မထင်မှတ်ပဲ ဤမြင်ကွင်းမျိုးကို တွေ့လိုက်ရသည်!
သို့သော် သူ့နောက်ကွယ်တွင် စုရွေ့ကျယ် တစ်ခုခုလုပ်နေသည်ဟု မတွေးခဲ့ပါချေ။ သူ့ဒေါသသည် အကြောင်းပြချက်မရှိဘဲ စုရွေ့ကျယ်အား နှောင့်ယှက်နေသည့် ထိုအမျိုးသမီးကို ရည်ညွှန်းလေ၏။ ရှောင်ကျယ့်တစ်ကိုယ်လုံး အနောက်ဘက်ကိုယိုင်နေတာကို သူမ မမြင်ဘူးလား?
ကျန့်ယွင်၏အသွင်အပြင်ကိုမြင်ပြီး စုရွေ့ကျယ်သည် နူးညံ့သိမ်မွေ့မှုကို ဂရုမစိုက်တော့ဘဲ သူ့အားရစ်ပတ်နေသော အမျိုးသမီးကို ချက်ခြင်းဖယ်ထုတ်လိုက်လေသည်။ မီးဖိုချောင်သည် အလွန်သေးငယ်လွန်းသည်မဟုတ်ပါက သူသည် ပို၍ပင် ခုန်ထွက်သွားနိုင်ပေလိမ့်မည်။ သို့သော် ယခုမူ သူ့နောက်သို့ ခြေလှမ်းသုံးလှမ်းကပင် ရွှီကျားနီကို အရှက်ရလောက်စေလေသည်။
“မင်းဘာလုပ်ချင်နေတာလဲကွ?!”
ကျန့်ယွင်သည် သူတို့နှစ်ယောက်ကြားသို့ ပြေးလာပြီး သူ့အရပ်မြင့်မြင့်နှင့် စုရွေ့ကျယ်ကို သူ့နောက်သို့ တိုက်ရိုက်ပိတ်ဆို့လိုက်လေသည်။
“ကျွန်မ...ကျွန်မ....”
ရွှီကျားနီသည် သူမ၏အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခေါင်းငုံ့ကာ စတင်ငိုယိုပါလေတော့သည်။
ထိုအချိန်တွင် အနောက်ဘက်ရှိ သိုလှောင်ခန်းတွင် အနားယူနေကြသော လူများသည်လည်း လှုပ်ရှားမှုကိုကြားပြီး တယောက်ပြီးတယောက် ထွက်လာကြလေသည်။ ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့သည် ကိုယ်လုံးတီးမိန်းကလေးနှင့် ထိပ်တိုက်တွေ့နေကြသည်ကို မြင်လိုက်ကြရသောအခါ သူတို့အားလုံး ထိတ်လန့်သွားကြလေသည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...