抖阴社区

??????? ??《??????????????????》

8K 1K 6
                                    

My Cherry Will Explode in the Apocalypse

Chapter 44

Author: Drunken Light Song
Source: Jostena M
Translator: オタク

Unicode

လက်ရှိအခြေအနေအားမြင်ပြီး ကျန့်ယွင်တကယ့်ကို ဒေါသထွက်သွား၏။ သူ့အိမ်က ရွှေတွေ စိန်တွေနဲ့ရောလုပ်ထားတာမို့လို့လား? လူတွေက ဘာလို့များ ထပ်ခါ ထပ်ခါ ဖောက်ထွင်းဖို့ ကြိုးစားနေကြတာလဲ? 

ပြိုလဲကျနေသောနံရံများနောက်တွင် တွင်းများနှင့် သွေးစက်အစွန်းအထင်းများ ကျန်နေခဲ့၏။ ပထမဆုံး၀င်ဖို့လုပ်ခဲ့သူက စုရွေ့ကျယ်၏ အာလူးမိုင်းများကြောင့် ပေါက်ကွဲသွားခဲ့ပုံရသော်လည်း လူဘယ်နှယောက်လောက်များ ထိခိုက်ဒဏ်ရာရခဲ့မှန်း မသိနိုင်ချေ။

ကျန့်ယွင်၏ ဗီလာ၏ ပြတင်းပေါပ်များနှင့် တံခါးများကို သူခိုးကာကွယ်ရေး တံခါးများ ပြတင်းပေါက်များဖြင့် ပြုလုပ်အားဖြည့်ထားခဲ့၏။ ပထမထပ်၏အပြင်ဘက်စည်းရိုးပျက်စီးနေပြီး ပြတင်းပေါက်လည်းပျက်စီးနေလေ၏။ သိသိသာသာကိုပင် သူခိုးကာကွယ်ရေးတံခါးများကို အလွယ်တကူမဖျက်စီးနိုင်ကြသဖြင့် ထိုလူများသည် ပြဆင်းပေါက်များမှတဆင့် ဗီလာထဲသို့၀င်ရောက်ခဲ့ကြခြင်းပင်။

ဗီလာ၏ ဒုတိယထပ်တွင် မီးရောင်ရှိနေဆဲဖြစ်ကာ အိမ်ထဲ၌ သူခိုးများ ရှိနေကြဆဲဖြစ်နိုင်သည်။

ကျန့်ယွင်နှင့် စုရွေ့ကျယ်၏ အိပ်ခန်းသည် ဒုတိယထပ်တွင်ဖြစ်၏။ သူခိုးများ ၎င်းအခန်းအားသိမ်းပိုက်နိုင်ခဲ့သည်ဆိုသောအချက်သည် ကျန့်ယွင်အား အလွန်ကို မသက်မသာခံစားရစေ၏။

ချိုးငှက်သည် သပိတ်လွယ်ငှက်၏အသိုက်အား အလွန်ကိုပွင့်လင်းရဲဝံ့စွာသိမ်းပိုက်ခဲ့ခြင်းမှာ သည်းမခံနိုင်စရာပင်ဖြစ်၏။

ကျန့်ယွင်သည် တံခါးကို သော့ဖြင့်ဖွင့်ကာ စုရွေ့ကျယ်နှင့် တခြားစစ်သားများနှင့်အတူ ပြေး၀င်သွားလိုက်၏။ စစ်သားများကလည်း ဗီလာပတ်လည်တွင်ဝိုင်းထားလိုက်သဖြင့် အတွင်းရှိလူများ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ချေ။

အခန်းသည်ရှုပ်ပွနေပြီး အိမ်သည် လေ၀င်လေထွက်ကောင်းနေရလောက်သည်အထိ ရိုက်ချိုးဖွင့်ခံထားရ၏။ အခန်းထဲရှိ အသုံးအဆောင်ပရိဘောဂများအားလုံးသည် အပိုင်းပိုင်းကျိုးပဲ့နေကြ၏။ ဆိုဖာသည်ပင် အပေါက်များစွာပေါက်နေပြီး အိုးခွက်များသည်လည်း အပိုင်းပိုင်းအစစကွဲနေလေ၏။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now