My Cherry Will Explode in the Apocalypse
Chapter 99《 စွမ်းရည်နှစ်မျိုး 》
Author: Drunken Light Song
Source: Jostena M
Translator: オタクဤဖုတ်ကောင်သည် ကြမ်းပြင်နှင့် နံရံများကို ဖြတ်လျှောက်နိုင်သောကြောင့် စုရွေ့ကျယ်သည် ဤဖုတ်ကောင်သည် အမည်မသိစွမ်းရည်တစ်ခု ဖြစ်နိုင်ကြောင်းဆုံးဖြတ်လိုက်ပြီး နေရာလွတ်ထဲမှ သာမန်Off road ကားတစ်စီးကို ထုတ်လိုက်ပြီး လူတိုင်းအား ကားခေါင်မိုးပေါ် မတ်တပ်ရပ်နေခိုင်းလိုက်၏။ ကားသည် သံမဏိဖြင့် ပြုလုပ်ထားသောကြောင့် ဖုတ်ကောင်သည် သူတို့အား ထိခိုက်နာကျင်စေရန် စီးနင်းတိုက်ခိုက်ခြင်းကိုအသုံးပြုရန် မဖြစ်နိုင်တော့ချေ။
စုရွေ့ကျယ် မမျှော်လင့်ထားသည့်အရာကတော့ သူကားထိပ်ပေါ်သို့တွယ်တက်နေသည့်အချိန်မှာပဲ ယွီသုန်သုန်သည် သတိထားဖို့ လှမ်းအော်လိုက်သည်ကိုပင်။ သို့သော် သူ့တုံ့ပြန်မှုသည် နှေးကွေးနေခဲ့လေ၏။ သူ့ခြေထောက်ကို ဓားနှင့်ထိုးသွင်းခံလိုက်ရသည့် ဝေဒနာကို ခံစားလိုက်ရ၏။ အောက်ကို ငုံ့ကြည့်လိုက်ပြီး ဖုတ်ကောင်၏အရိုးဓားသည် သူ့ခြေထောက်နား၌ ထပ်ပေါ်လာပြီး သူ့အခွံမာသီးသံချပ်ကာကို ထိုးဖောက်သွားကာ သူ့ဖိနပ်များကို ဖြတ်ပြီး သူ့ခြေထောက်တွင် အရိုးပေါ်လောက်အောင်နက်သည့်ဒဏ်ရာကို ချန်ထားခဲ့လေသည်။
“ရှောင်ကျယ်!”
ကျန့်ယွင်၏မျက်လုံးများ နီရဲနေကာ သူသည် ဖုတ်ကောင်ကို မြေပြင်မှ ဆွဲထုတ်ချင်နေခဲ့လေသည်။ သို့သာ် ဖုတ်ကောင်သည် အလွန်ပါးနပ်၏။ သူတို့သည် SUV ၏ထိပ်ပေါ်၌ ရှိနေကြဆဲတောင်မှ ဖုတ်ကောင်သည် အံ့အားသင့်ဖွယ် တိုက်ခိုက်မှုကို လုပ်နိုင်နေဆဲဖြစ်လေသည်။
“ဒေါက်တာစုန့်! အမြန်....”
ထိုအခြင်းအရာကိုမြင်ပြီး ကျောက်ပင်းသည် စုန့်ချန်ရှုအား စုရွေ့ကျယ်ကို ပတ်တီးစီးပေးခိုင်းဖို့ အမြန်ခေါ်လိုက်သည်။ သို့သော် စုရွေ့ကျယ်သည် နေရာလွတ်ထဲမှ နေကြာပန်းတစ်ပွင့်ကို ထုတ်ယူလိုက်ပြီး သူ့စွမ်းအားဖြင့် မီးအိမ်တစ်ခုအဖြစ်ပြောင်းလဲလိုက်၏။ ဒဏ်ရာပေါ်ကို ခဏတာအလင်းပေးပြီးနောက် ဒဏ်ရာသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ပျောက်ကင်းသွားလေသည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...