抖阴社区

??????? ??《???????????????????》

8K 1K 12
                                    

My Cherry Will Explode in the Apocalypse

Chapter 42

Author: Drunken Light Song
Source: Jostena M
Translator: オタク

Unicode

ကျန့်ယွင်နှင့် အခြားသူများသည် ရွာငယ်လေးဆီသို့ပြန်လာခဲ့ကြပြီး ကျောက်ပင်းနှင့်ကျန်အဖွဲ့သို့ ပေါင်းလိုက်ကြသည်။ သူတို့သည် ကျောက်ပင်းအား စစ်တန်းလျား၏ ပြင်ပခုခံကာကွယ်ရေးတည်ဆောက်ပုံအား ပြောပြလိုက်ကြသည်။

အခန်းထဲတွင် ခဲတံအမြောက်အများနှင့် ကြမ်းပြင်တွင်ပြန့်ကျဲနေသောစာရွက်အချို့ကိုရှာတွေ့ခဲ့ကြသည်။ သူတို့သည် စခန်း၏ ‌ပုံစံနှင့် လမ်းကြောင်းများကို ဆွဲပြီး ကျန့်ယွင်စုံစမ်းစစ်ဆေးခဲ့သော ပြင်ပခုခံကာကွယ်ရေးတည်ဆောက်ပုံကို ပေါင်းစပ်ပြီး အောင်မြင်နိုင်မှုအချက်ကို ရှာဖွေရန်စီစဉ်ကြလေ၏။

ကျောက်ပင်းသည် ကျန့်ယွင်အား အမြန်ထွက်ခွာသွားရန် တိုက်တွန်းချင်ခဲ့သည်။ သူ့အနေဖြင့် သူတို့အား အန္တရာယ်ထဲတွင် မပါ၀င်စေချင်ခဲ့ပေ။ သို့သော်လည်း သူတို့ကတော့ သူတို့အားကူညီရန် ဆုံးဖြတ်ချက်တစ်ခုချထားနှင့်ပြီးဖြစ်လေရာ သဘာ၀ကျကျပင် ဆက်နေဖို့ရန် အတင်းအကြပ် ပြေကြလေသဖြင့် ကျောက်ပင်း သဘောတူလိုက်ရုံသာရှိတော့သည်။

နှစ်ဖက်စလုံးသည် သူတို့၏အစီအစဉ်အား တစ်နာရီနီးပါးလောက် ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးမှာတော့ ဖြစ်နိုင်ချေရှိလောက်သည့် နည်းလမ်းများထွက်လာခဲ့လေသည်။

" အချိန်က သိပ်မကျန်တော့ဘူး။ အခုပဲစလိုက်ကြရအောင် "

စစ်ဆင်ရေးသည် ပုံမှန်စစ်ဆင်ရေးတစ်ခုနှင့် ခြားနားလေ၏။ ပြင်းပြင်းထန်ထန်ဒဏ်ရာရထားသောစစ်သားများနှင့် ယွီသုန်သုန်တို့သည် နောက်တွင်နေခဲ့ကြ၏။ ကျန့်ယွင်၊ စုရွေ့ကျယ်၊ စုန့်ချန်ရှု၊ ကျန့်ကျားဟယ်၊ ဝူကျင်းနှင့် ကျန်းရှို့လျန်တို့အားလုံးသည် စစ်ဆင်ရေးတွင် ပူးပေါင်းပါ၀င်ခဲ့ကြလေသည်။

သူတို့သည် စစ်တန်းလျားများဆီသို့ ကားမောင်းမသွားခဲ့ကြချေ။ သူတို့သည် ည၏တိတ်ဆိတ်ငြိမ်သက်မှုနှင့် ပေါ့ပေါ့ပါးပါးပြင်ဆင်မှုကို အခွင့်ယူကာ သူတို့အား သတိမပြုမိစေရန်ဖြစ်လေ၏။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now