My Cherry Will Explode in the Apocalypse
Chapter 46
Author: Drunken Light Song
Source: Jostena M
Translator: オタク【 Unicode 】
မထွက်ခွာခင်၌ စစ်သားများသည် ကြိုတင်သတိပေးတားမြစ်ချက်များအား ထုတ်ပြန်ခဲ့သည်။ လမ်းမပေါ်သို့တက်ပြီးနောက် စစ်တပ်သုံးယာဉ်များသည် လမ်းအားဦးဆောင်ရန် တာ၀န်ရှိကြ၏။ မည်သည့်အခြေအနေမျိုးတွင်မှ အသက်ရှင်ကျန်ရစ်သူများ၏ ယာဉ်များအား သူတို့၏ယာဥ်များအားကျော်တက်ခွင့် မပြုချေ။ ထို့အပညင် ဟွန်းတီးခြင်းကိုလည်း ခွင့်မပြုချေ။ အကယ်၍ ဟွန်းသံသည် ဖုတ်ကောင်များအားဆွဲဆောင်မိပါက အကျိုးဆက်အား ၎င်းတို့ကိုယ်တိုင်ခံယူရင်ဆိုင်ရမည်ဖြစ်သည်။
ရှည်လျားလှသောယာဉ်တန်းကြီးသည် အဝေးပြေးလမ်းမကြီးပေါ်သို့မရောက်မီ ကီလိုမီတာအနည်းငယ်မောင်းနှင်ခဲ့ကြရသော်လည်း သူတို့အနေဖြင့် ဖြည်းဖြည်းချင်းသာ သွားနိုင်လေသည်။ ကားများ မရွေ့ဘဲ ယာဉ်များစွာဖြတ်သန်းသွားဖို့ နည်းလမ်းမရှိချေ။
အရှေ့တန်းရှိ စစ်တပ်သည် လမ်းဖွင့်ရန်တာ၀န်ယူထားပြီး အသက်ရှင်ကျန်ရစ်သူများ၏ယာဉ်များသည် အနောက်မှ လိုက်ပါကြကာ နောက်ဆုံး၌ စစ်တပ်ယာဉ် 78 စီးသည် နောက်တန်းတွင် ခုခံကာကွယ်ရန် တာ၀န်ရှိလေသည်။ အရှိန်သည် နှေးကွေးနေသော်လည်း မည်သူကမှ စိတ်မရှည်ကြောင်းမပြဘဲ ယာဉ်များအားလုံးသည် ဖြေးဖြေးမှန်မှန်ရွေ့လျားနေကြလေသည်။
ခဏပြီးခဏ သေနတ်ပစ်ခတ်သံကို ကြားကြရလိမ့်မည်။ ၎င်းသည် စစ်သားများမှ ရုတ်တရက်ထွက်ပေါ်လာသော ဖုတ်ကောင်များအားရှင်းလင်းနေကြခြင်းဖြစ်လေသည်။
အနည်းငယ် နှေးကွေးသော်ငြား သူတို့သည် ရှေ့သို့ ဆက်ရွေ့နေဆဲဖြစ်သည်။ ကားများ၏အရှိန်သည် နည်းလျှင်တောင် ဤအတိုင်းဆက်လက်ရွေ့နေပါက သူတို့အနေဖြင့် အာရုံမတက်မှီမှာပင် နောက်ထပ်၀န်ဆောင်မှုနယ်မြေသို့ရောက်နိုင်လိမ့်မည်။
လေးနာရီကြာပြီးနောက် သူတို့သည် 1.5 ကီလိုမီတာမှ ၀န်ဆောင်မှုနယ်မြေ၏ အချက်ပြသင်္ကေတကိုပင်မြင်ကြရပြီးဖြစ်သည်။ သို့သော် ၀န်ဆောင်မှုနယ်မြေသို့နီးကပ်လာသည်နှင့် သူတို့သွားနေသည်မှ ပိုနှေးလာပြီး သေနတ်သံများစွာကို ကြားလိုက်ကြရသည်။ A မြို့သည် ခရီးသွားမြို့တော်ဖြစ်သဖြင့် ဘတ်စ်ကားများစွာသည် ရုံးဖွင့်ရက်များတွင် သွားလာလေ့ရှိကြပြီး ၎င်းတို့ထဲမှ အများစုသည် A မြို့အနားရှိ ၀န်ဆောင်မှုနယ်မြေနားတွင် ရပ်နားလေ့ရှိကြသည်။ ရလဒ်အနေဖြင့် ကမ္ဘာပျက်ကပ်ကြီး စတင်ပေါက်ကွဲလာသောအချိန်တွင် ၀န်ဆောင်မှုနယ်မြေရှိလူအများစုသည် ဖုတ်ကောင်များဖြစ်လာကြလေသည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...