My Cherry Will Explode in the Apocalypse
Chapter 18
Author: Drunken Light Song
Source: Jostena M
Translator: オタク【 Unicode 】
အထက်လူကြီးအား အတိုချုပ်ရှင်းပြပြီးနောက် ကျန့်ယွင်သည် ချန်ဟွေ့ကျန်း၏အရေးအား ချန်ထားခဲ့လိုက်သည်။ ဘာဖြစ်ဖြစ် ကမ္ဘာပျက်ကပ်ကြီး ပေါက်ကွဲထွက်လာဖို့ သုံးရက်လောက်သာလျှင်လိုတော့သည်လေ။ သူ သူမကို ခွင့်ပြုလိုက်မယ်။ ဘာနေနေ သူမ ယွမ်ခြောက်သိန်းကိုရလျှင် သိမ်းထားရုံပဲ။ အစားအသောက်နှင့် တခြားထိုကဲ့သို့သောအရာများမ၀ယ်ခဲ့ဘူးဆိုလျှင် သူမကိုပေးလိုက်သည်မှာ စက္ကူစုတ်တစ်ခုနှင့်မခြားတော့ပေ။
ရာသီဥတုသည် ပူပြီးရင်း ပိုပူလာနေသည်။ 40 ဒီဂရီ ဆဲလ်ဆီးယပ်နပါလောက်အထိပင်ရှိလာသည်။ ရာသီဥတုအခြေအနေအရ စက်တင်ဘာလမှာပင် ဆောင်းရာသီဖြစ်သင့်သည်။ အဲ့ဒါကအတော်လေးကို ထူးဆန်းနေသည်။ ဒီရက်တွေအတွင်း နေရောင်သည် ခန္ဓာကိုယ်ပေါ်သို့ကျရောက်ပြီး အရေပြားများပင် လောင်ကျွမ်းသွားသကဲ့သို့ခံစားနေရသည်။ တဖြည်းဖြည်းနှင့် လမ်းမပေါ်ရှိ လမ်းသွားလမ်းလာများ နည်း နည်း သွားလေသည်။
အစိုးရဌာနများသည် အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ခဲ့ပြီး စက်ရုံများနှင့်ကျောင်းများကို အားလပ်ရက်ခွင့်ပြုပေးခဲ့သည်။ အချို့သော ကုမ္ပဏီများနှင့် အဖွဲ့အစည်းများသာ ပုံမှန်အတိုင်း အလုပ်လုပ်ကြဆဲဖြစ်လေသည်။ မြို့တော်ရှိ အိမ်တိုင်းနီးပါးတွင် လေအေးပေးစက်ရှိကြသည်။ လျှပ်စစ်ဌာနသည် ၀န်ပိနေခဲ့ကြပြီး အချိန်အပိုင်းအခြားအလိုက်ဓာတ်အားထောက်ပံ့ခဲ့ကြရသည်။ မကြာမီမှာပင် လူအချို့သည် မြင့်မားသောအပူချိန်ကို မခံနိုင်ကြတော့ပဲ အပူရှပ်ခြင်းများဖြစ်လာကြသည်။
TVသတင်းများကိုစောင့်ကြည့်နေခဲ့ပြီး လူများသည် မျက်လုံးမှားမှိတ်လိုက်ကြတော့သည်။ တချို့ လူများကို ဆေးရုံသို့ လူနာတင်ယာဉ်ဖြင့်ခေါ်သွားခဲ့ကြပြီး ကျန့်ယွင်၏ နှလုံးသားသည်လည်း တဖြည်းဖြည်းနစ်မြုပ်သွားလေသည်။
စုရွေ့ကျယ်၏စကားများကို သူယုံသည်ဟုပြောခဲ့ပါသော်လည်း ကမ္ဘာပျက်ကပ်ကြီး အမှန်တကယ်ရောက်မလာဖို့ မျှော်လင့်နေဆဲဖြစ်သည်။ သူတတ်နိုင်လျှင် သူ လုပ်သမျှ ဘာအလုပ်မှမဖြစ်ပဲ ကမ္ဘာကြီးသွေးထွက်သံယိုအဖြစ်အပျက်တွေထဲ ကျရောက်မသွားစေရန် အမှန်တကယ်မျှော်လင့်ခဲ့ပါသည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...