My Cherry Will Explode in the Apocalypse
Chapter 93《 နှစ်သစ်ကူးနေ့ 》
Author: Drunken Light Song
Source: Jostena M
Translator: オタクတံခါးအပြင်ဘက်ရှိ လူများ၏လှောင်ပြောင်လိုသည့်သဘောဖြင့်ရယ်မောသံကို ကြားလိုက်ရပြီး အခန်းတွင်းရှိ ချစ်ကြည်နူးတစ်တီတူးနေသည့်လူနှစ်ယောက်သည် ချက်ချင်းကွဲကွာသွားကြလေ၏။ စုရွေ့ကျယ်သည် ကျန့်ယွင်ကို အပြင်းအထန်စိုက့်ကြည့်လိုက်ကာ စောင်ကို ဆွဲယူကာခြုံလိုက်ပြီး သူ့ကိုယ်သူ စောင်ထဲတွင် မြှုပ်နှံထားလိုက်လေသည်။
ကျန့်ယွင်သည် ကုတင်ပေါ်ရှိ မုန့်ပေါင်းအိတ်ကလေးကို ကြည့်ပြီး ရယ်မောကာ အခန်းအပြင်ဘက်သို့ လျှောက်သွားလေ၏။
အခန်းတံခါးကိုဖွင့်လိုက်သည့်အခိုက်တွင် အပြင်တွင် စကားပြောနေကြသူများနှင့် ရယ်မောနေကြသူများသည် ပါးစပ်များကိုရုတ်တရက်ပိတ်လိုက်ကြလေ၏။ ကျန့်ယွင်၏တည်ရှိနေမှုသည် အလွန်အစွမ်းထက်သည်ကို မြင်နိုင်လေသည်။
“အားလုံးအဆင်သင့်ဖြစ်ပြီလား?”
ကျန့်ယွင်သည် ဘာမှမဖြစ်ခဲ့သလို မေးလိုက်သည်။
“အဆင်သင့်ပဲ”
သူတို့သည် နာခံစွာပြန်ဖြေလိုက်ကြပြီး ဆက်မရယ်ဝံ့ကြတော့ချေ။
စုရွေ့ကျယ်သည် အဆင့်လေးအမြုတေကို မျိုချပြီးနောက် သူတို့သည် တောင်ပိုင်းအခြေစိုက်စခန်းသို့ ပြန်သွားရန် စတင်ပြင်ဆင်ကြသည်။
ဤနှစ်ရက်အတွင်း ရာသီဥတုသည် ဆက်၍ ပိုအေးလာပြီး အပြင်ဘက်တွင် နှင်းများပြည့်နေပြီးထူထပ်နေကာ နှင်းဆက်ကျနေသေးသည်။ ထို့အပြင် သူတို့၏ SUV သည် ဤကဲ့သို့သောနှင်းထူထပ်သောနေ့တွင် နှင်းထုထူထူထဲတွင် မောင်းရန် မလွယ်ကူလှပေ။
ထို့ကြောင့် ကျန့်ယွင်သည် ကျန်းယောင်ဟွားအား Off road ကားများတွင် အစားထိုးနိုင်သော နှင်းတာယာများ ရှိ၊ မရှိ ရှာဖွေရန် အကူအညီတောင်းခဲ့၏။ နှင်းတာယာများသည် နှင်းထူထပ်သော နေ့ရက်များတွင် အသုံးပြုရန် သင့်လျော်သော တာယာအမျိုးအစားတစ်ခုဖြစ်၏။ အဆိုပါတာယာများသည် ရော်ဘာဖြင့်ပြုလုပ်ထားသော်လည်း အပြင်ဘက်တွင် သတ္တုလက်သည်းများပါရှိပြီး ထိန်းချုပ်မှုကုပ်အားကို တိုးမြှင့်နိုင်ပြီး အေးခဲပြီး နှင်းထူထပ်သောနေရာများတွင် အသုံးပြုရန် သင့်လျော်သည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...