My Cherry Will Explode in the Apocalypse
Chapter 101《 ကြင်နာမှုကို ကျေးဇူးသိတတ်မှုဖြင့် တုန့်ပြန်ခြင်း 》
Author: Drunken Light Song
Source: Jostena M
Translator: オタクကျန့်ယွင်၏အဖွဲ့မှလူတိုင်းသည် လင်ချန်းအခြေစိုက်စခန်းသို့ တစ်ကြိမ်ရောက်ဖူးကြပြီး လမ်းနှင့်ရင်းနှီးသောကြောင့် သူတို့စိတ်ထဲတွင်ရှိသည့်လမ်းကြောင်းအတိုင်း လင်ချန်းအခြေစိုက်စခန်းဆီသို့ မောင်းသွားခဲ့ကြသည်။
သို့သော် လင်ချန်းအခြေစိုက်စခန်း၏အသွင်အပြင်ကို မြင်လိုက်ရသောအခါ သူတို့အားလုံးထိတ်လန့်သွားကြလေသည်။ ခိုင်ခံ့မှုမရှိသော လင်ချန်းအခြေစိုက်စခန်း၏နံရံသည် ပြိုကျနေခဲ့ပြီး နေရာတိုင်းတွင် ကျိုးပဲ့နေသော နံရံများနှင့် အပျက်အစီးများ ရှိနေခဲ့လေသည်။
နှင်းများထူထပ်စွာကျဆင်းမှုကြောင့် မြို့ပြိုကျပြီးနောက် သဲလွန်စအများစုကို အဖြူရောင်စွတ်စွတ်ဖြင့် ဖုံးလွှမ်းထားခဲ့လေသည်။ သို့သော်လည်း မြို့ရိုး၏တစ်စိတ်တစ်ပိုင်း၌ ခြောက်သွေ့နေသော သွေးစွန်းကွက်အများအပြားကို တွေ့ရှိခဲ့ကြရပြီး မြို့ပြိုကျိုးပေါက်သွားသောအခါ စစ်ပွဲသည် အလွန်ပြင်းထန်ခဲ့ကြောင်း ပြသနေလေသည်။
မြို့အနီးရှိ ကြီးမားသောအခြေစိုက်စခန်းသည် နေရာတိုင်းတွင် သေစေနိုင်လောက်အောင် တိတ်ဆိတ်ငြိမ်သက်နေပြီး သေဆုံးနေသောမြို့ကြီးတစ်ခုကဲ့သို့ ဖြစ်လုနီးပါးဖြစ်နေပြီဖြစ်လေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က မြင်ကွင်းနှင့် နှိုင်းယှဉ်ပါက လူအများ၏နှလုံးသားထဲတွင် လေးလံနေခဲ့ကြလေသည်။
“သူတို့... အားလုံး... သေကုန်ကြပြီလား?”
ကျောက်ပင်း၏အသံသည် အနည်းငယ်တုန်လှုပ်သွားလေသည်။ ရက်အနည်းငယ်အတွင်း အခြေစိုက်စခန်းတစ်ခုလုံး သေဆုံးသွားခဲ့ပြီလား?
ဒါဟာ ထောင်ပေါင်းများစွာသော အသက်တွေလေ....
“မသေချာပါဘူး”
ကျန့်ယွင်သည် လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အရင်ဆုံး သွားပြီး ကြည့်ရအောင်...”

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...