抖阴社区

??????? ??《??????????????? ??????????????????????????????????????》

9.1K 1.2K 21
                                    

My Cherry Will Explode in the Apocalypse

Chapter 33

Author: Drunken Light Song
Source: Chrysanthemum Garden
Translator: オタク

Unicode

လူတိုင်းသည် စမ်းသပ်မောင်းနှင်သောကားတစ်စီးထဲသို့ စုပြုံ၀င်လိုက်ကြသည်။ ကားထဲရှိဆီသည် လတ်တလောလေးတင် လတ်လတ်ဆတ်ဆတ်ထည့်ထားပြီး ကားသည် အမြင့်ဆုံးစွမ်းဆောင်ရည်ရှိသည့် ဇိမ်ခံလမ်းကြမ်းမောင်းကားဖြစ်သည်။ တံခါးများသည် လျှပ်စစ်စနစ်ဖြင့်လည်ပတ်ပြီး မြင်ကွင်းကျယ်မိုးကာအလင်းပေါက်မှန်များ၊ ချောမွေ့သောအင်ဂျင်များ၊ ဘီးလေးဘီးစနစ် နှင့် လေ၀င်လေထွက်ထိန်းညှိသည့်စနစ်တို့ပါသည်။ ကားအတွင်းပိုင်းသည် ကြီးမားပြီး ကျယ်၀န်းလှသည်။ သူတို့ခုနစ်ယောက်စလုံး အလွန်ပြွတ်သိပ်နေသည့်ခံစားချက်အမျိုးမရှိဘဲ တိုး‌ဝှေ့နေနိုင်သည်။

ကျန့်ယွင်သည် ကားမောင်းရန်တာ၀န်ရှိပြီး၊ အထွားဆုံးလူ ကျန်းရှို့လျန်သည် တွဲဘက်မောင်းသူထိုင်ခုံ၌ သူ့လက်မောင်းထဲတွင် ယွီသုန်သုန်နှင့်သူ့ကြောင်လေး‌ရှောင်ဟေး နှင့်အတူထိုင်သည်။ ကျန်သည့်လူများသည် ပိန်ပါးပြီး အနောက်ဘက်ထိုင်ခုံများတွင် အတူတကွထိုင်နိုင်ကြသည်။ သို့သော် ကျန့်ကျားဟယ်သည် နေရာထိုင်ခင်းနှင့် ကားကိုယ်ထည်၏နေရာလွတ်သည်ကောင်းမွန်သည်ဟုထင်သည်။ အနည်းငယ် ကသိကအောက်နှင့် ထိုနေရာတွင် သူလှဲအိပ်နိုင်လိမ့်မည်။ သူ စုရွ့ကျယ်အား ကူရှင်နှစ်ခုတောင်းလိုက်ပြီး ကားကိုယ်ထည်ထဲတွင် ၎င်းတို့အား ချလိုက်သည်။ ထို့နောက် သူကားနံရံကိုမှီပြီး သူ့ခြေထောက်များကိုဆန့်ထုတ်ထားလိုက်သည်။ ၎င်းသည် အတော်လေး သက်တောင့်သက်သာရှိလှသည်။

ကားအနောက်ဘက်ကိုယ်ထည်တံခါးကိုပိတ်ပြီးသည်နှင့် သူတို့သည် ဗီလာဆီသို့ တိုက်ရိုက်မောင်းပြန်ခဲ့ကြသည်။ သို့သော်လည်း သူတို့အတွက်အံ့အားသင့်စရာ သူတို့ပြန်သည့်လမ်းတွင် ဖုတ်ကောင်တချို့ကိုတွေ့ခဲ့ရသည်။

ကမ္ဘာအတုံးသတ်မတိုင်ခင်ရက်အနည်းငယ်ကမှ အနီးအနားဗီလာရှိတခြားအိမ်များရောင်းထွက်သွားခဲ့သည်ကို သူတို့သိသည်။ ထိုရက်များတုန်းက စာချုပ်ချုပ်ဆိုမှု ဘယ်လောက်များပါစေ ထို၀ယ်သူများသည် မည်မျှ တက်ကြွနိုင်ပါမည်နည်း? သူတို့သည် ကျန့်ယွင်ကဲ့သို့ တိုက်ရိုက်အလျင်အမြန် ရွှေ့ပြောင်းခဲ့ကြလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့မှလွဲ၍ အိမ်နီးနားချင်းများတစ်ယောက်မှ မရှိသင့်ပေ။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now