My Cherry Will Explode in the Apocalypse
Chapter 52 《 နောက်တစ်ကြိမ်စကားပြောကြခြင်း》
Author: Drunken Light Song
Source: Jostena M
Editors: playerprophet & Callis
Translator: オタク【 Unicode 】
ချန်းကျောင်းနှင့် တခြားဒဏ်ရာရထားသောလူများသည် အသီးအရွက်ဖျော်ရည်ကိုသောက်ပြီး သူတို့၏အမူအရာများ ပြေလျော့လာကာ သူတို့၏ခန္ဓာကိုယ်များ တုန်ယင်နေခြင်း ရပ်သွားလေသည်။ ၎င်းသည် အလွန်ထိရောက်ခဲ့လေသည်။
ထိုအချိန်၌ လီမင်းသည်လည်း သူတို့ကိုရှာရန်ရောက်လာပြီး ရှာတွေ့ခဲ့လေသည်။
အရန်တပ်ဖွဲ့များရောက်ရှိလာခဲ့ပြီး ကျန်နေသည့်ဖုတ်ကောင်များကို ရှင်းလင်းပြီးနောက် အသက်ရှင်ကျန်သူများတစ်ယောက်ချင်းစီအား စစ်ဘက်ဆိုင်ရာ ID ကတ်များပေးခဲ့သည်။
လီမင်း စာရင်းကောက်သည့်အချိန်တွင် ကျန့်ယွင်ထိုနေရာတွင်မရှိသည်ကိုတွေ့လိုက်ပြီး သူအားရှာဖွေရန်သွားခဲ့သည်။ ဒဏ်ရာရထားသောလူများ၏အခန်းကို ရှာတွေ့လိုက်ပြီး အလွန် အံ့ဩသွားလေသည်။
လီမင်းအား အခြေအနေကို အကျဉ်းချုပ်ရှင်းပြပြီးနောက် ကျန်းရှို့လျန်အား ချန်းကျောင်းနှင့် တခြားဒဏ်ရာရသူများကို သူတို့၏ ဗင်ကားထဲသို့သယ်သွားပေးရန် ပြောလိုက်၏။ ကျန်သည့်လူများသည် လုံး၀ကူးစက်သွားပြီဟု သူတို့အတည်ပြုထားပြီးသော်လည်း သူတို့အသွင်မပြောင်းသေးခင် တစ်စုံတစ်ခုလုပ်ရန် မသင့်လျော်ပေ။ ထို့ကြောင့် ကျန့်ယွင်သည် သူတို့ရဲစခန်း၌ အချိန်အနည်းငယ်ပိုကြာအောင် နေရန်မေးလိုက်ပြီး သူတို့အားမဖြေရှင်းခင် သူတို့အသွင်းပြောင်းသွားရန် စောင့်နေခဲ့ကြသည်။
ဆယ့်နှစ်ဖွဲ့မြောက်၏ လီမင်းသည် သူတို့အပေါ် ကျေးဇူးတရားနှင့် တာ၀န်ရှိမှုကြောင့် ဆက်လက်နေရန် အဆိုပြုခဲ့သည်။ သူသည် စုန့်ချန်ရှုမှ ကူးစက်ခံရပြီဟု အတည်ပြုသမျှအားလုံးသည် အသွင်ကူးပြောင်းခြင်းအောက်ရောက်သွားခဲ့ကြသည်ကို သူ့မျက်လုံးများဖြင့် ကိုယ်တိုင်မြင်ခဲ့ရသော်လည်း သူတို့ရွှေ့ပေးခဲ့သောဒဏ်ရာရလူနှစ်ယောက်သည် ကောင်းမွန်နေသည့်ပုံရ၏။ ဤ လျှို့ဝှက်ဆန်းကျယ်သောအဖွဲ့အပေါ် သူ၏အမြင်သည် အဆင့်တစ်ဆင့်တိုးသွားခဲ့လေ၏။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...