My Cherry Will Explode in the Apocalypse
Chapter 31
Author: Drunken Light Song
Source: Chrysanthemum Garden
Translator: オタク【 Unicode 】
အစားအစာကိုကြည့်ပြီး တခြားသူများသည် တစခါတည်းဗိုက်ဆာလာကြတော့သည်။ အထူးသဖြင့် အားလုံးက စွမ်းရည်အသုံးပြုသူများဖြစ်သည့် ကျန့်ယွင်၏အဖွဲ့ဖြစ်သည်။ သူတို့သည် သူတို့၏စွမ်းရည်များကို အလွန်အကျူးသုံးခဲ့ကြရသည်။ ယခု သူတို့အစားအစာကိုမြင်သောအခါ သူတို့အစာအိမ်များထဲမှ နာကျင်လာတဲ့အထိ ဗိုက်ဆာလာကြတော့သည်။
ကလေးလေးသည် အစ်ကိုကြီးများနှင့် အစ်မတို့ ဒုက္ခရောက်နေသည်ကိုသတိထားမိပြီး သူ့ခေါင်းလေးကို ငုံ့ကာ သူ့အိတ်ကပ်ထဲမှ အမဲသားတောက်တောက်အနည်းငယ်ကို ထုတ်ယူလိုက်သည်။ သူသည် သူ့လက်သေးသေးနှင့် သူတို့အား ကမ်းပေးလာခဲ့ပြီး
“ကောကော....မင်းစားချင်လားဟင်? ”
သူတို့ ဘယ်လိုများ ကလေးတစ်ယောက်ရဲ့ဝေစုကိုစားနိုင်မှာလဲ, အထူးသဖြင့် ရွေ့လျားနိုင်သော ဂိုထောင်ကြီးတစ်ခုဖြစ်သည့် စုရွေ့ကျယ်ပင်ဖြစ်သည်။
“မဟုတ်ပါဘူး၊ မင်းဘာသာမင်း စားနိုင်ပါတယ် ”
စုရွေ့ကျယ်ရယ်မောကာ ကလေး၏လက်ကလေးအား ပြန်တွန်းလိုက်၏။ သူ သူ့အိတ်ကိုပုတ်ပြလိုက်ပြီး
“ကောကော မှာလည်း တချို့ရှိပါတယ်”
စုရွေ့ကျယ်သည် ကလေးများနှင့်ရင်ဆိုင်ရချိန်တွင် အလွန်နူးညံ့သိမ်မွေ့၏။ ဤ ချစ်စရာကလေးလေးသည် ချစ်စရာ စုချန်ကွမ်းလေးကို သူ့အား ပြန်မှတ်မိစေသည်။
ကလေးသည် မျက်မှောင်ကျုံ့ကာ သူ့လက်ကလေးအား ဖြည်းညှင်းစွာ ပြန်ရုတ်လိုက်ပြီး အတော်လေးစိတ်ဆိုးသွားသလို ခံစားနေရ၏။
စုရွေ့ကျယ်သက်ပြင်းချကာ သူ့အိတ်ကပ်ထဲသို့နှိုက်ပြီး ချောကလက် အပိုင်းလေးတစ်ခုကိုဆွဲထုတ်လိုက်ပြီး
“ဒါဆို ကောကောက မင်းကို ဒါနဲ့ အလဲအလှယ်လုပ်လို့ရမလား ?”
ကောင်ငယ်လေး၏ မျက်လုံးများတောက်ပလာကာ တစ်ခါတည်းခေါင်းညိတ်ပြလိုက်ပြီး ချောကလက်အတွက် အမဲသားတောက်တောက်နှင့် အလဲအလှယ်လုပ်လိုက်၏။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...