抖阴社区

??????? ??《????????????????》

9.8K 1.3K 37
                                    

My Cherry Will Explode in the Apocalypse

Chapter 23

Author: Drunken Light Song
Source: Jostena M
Translator: オタク

Unicode

ထိုလူများထွက်သွားပြီးသည်နှင့် ကျန့်ယွင်သည် ချက်ချင်းပင် တံခါးဆီသို့သွားကာ သော့ခတ်လိုက်ပြီး စုရွေ့ကျယ်အား အေးအေးဆေးဆေးထည့်ဖို့ပြောလိုက်၏။

နောက်မနေနဲ့, ဒီလောက်ကြီးတဲ့ဂိုထောင်ကြီးထဲမှာ ထားခဲ့ရင် ပစ္စည်းတွေဘယ်လောက်အမှိုက်ဖြစ်သွားလိုက်မလဲ! ယူကိုယူသွားသင့်တယ်!

“အာ...ငါ့ကိုတစ်ယောက်တည်းမထားခဲ့နဲ့လေ အားကျန့်!”

လူငယ်လေးအားပြုစုရန် သူတစ်ယောက်တည်းကျန်ခဲ့သည်ကိုမြင်ပြီး စုန်ချန်ရှုချက်ချင်းစိတ်ဆိုးလာလေတော့သည်။ သူတကယ့်ကို နည်းနည်းလေးကြောက်နေသေးပါတယ်နော်။ ဒီလူငယ်လေးက ကံမကောင်းပဲ တကယ်ကြီးဖုတ်ကောင်တစ်ကောင်ဖြစ်လာရင် သူဘာလုပ်ရတော့မလဲလို့?

“ကြည့်! ”

ကျန့်ယွင်သည် ဒေါသတကြီးလှည့်လာပြီး ဖြေးညှင်းစွာပြောလိုက်၏။

“မင်းမှာဓားတစ်ချောင်းရှိတယ်။ တကယ်လို့ သူ့အရေပြားက ခြောက်သွေ့လာပြီး သူ့မျက်နှာပြာလာပြီဆိုရင် မင်း ချက်ချင်း သူ့ခေါင်းကိုထိုးလိုက်လို့ရတယ် ”

“မင်းပြောတော့လွယ်တာပေါ့ကွ...”

စုန့်ချန်ရှုသည် မကျေမနပ် ညည်းညူလိုက်၏။

စုရွေ့ကျယ်သည် သူပြောလိုက်သည်ကြောင့် ရယ်တာကို မထိန်းနိုင်တော့ပဲ 

“မစိုးရိမ်ပါနဲ့ စုန့်ကော။ တစ်နာရီတောင်ရှိသွားပါပြီ။ သူပြောင်းမယ်ဆို ပြောင်းပြီးလောက်ပြီ။”

သူ့အတိတ်ဘ၀အဆုံးသတ်၌ လူသားများတည်ထောင်ထားခဲ့သော သုတေသနအဖွဲ့အစည်းမှ ဖုတ်ကောင်ရောဂါပိုးသည် အလွန်မြင့်မားသော ကူးစက်နှုန်းရှိပြီး လူ့ဆဲလ်များကို ပျက်စီးစေနိုင်ကြောင်း သေချာစွာ နားလည်ခဲ့ကြသည်။ ဖုတ်ကောင်တ်စကောင် ကုတ်ခံရပြီး သို့မဟုတ် အကိုက်ခံရပြီးနောက် အနည်းငယ်လေးသာကူးစက်ခံလိုက်ရသည့်လူသည် ခြောက်နာရီမှ ဆယ့်နှစ်နာရီအတွင်းသေဆုံးနိုင်ပြီး ဗီဇပြောင်းသွားလိမ့်မည်။ သို့သော် လူငယ်လေးကဲ့သို့ ဖုတ်ကောင်တစ်ကောင်ထံမှ ဆိုးဆိုးရွားရွားအကိုက်ခံခဲ့ရပါက ဆိုးရွားသောကူးစက်မှုဖြစ်လာနိုင်ပြီး တစ်နာရီလောက်သာ ခုခံနိုင်လေသည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now