My Cherry Will Explode in the Apocalypse
Chapter 2
Author: Drunken Light Song
Source: Jostena M
Translator: オタク【Unicode】
လူများစွာသည် ပြေးလွှားနေကြပြီး စုရွေ့ကျယ် သူ့လက်ပေါ်ရှိအားများ သိသိသာသာတိုးလာသည်ကို ခံစားလိုက်ရသဖြင့် နောက်သို့လှည့်ကြည့်လိုက်သောအခါ ကျန့်ယွင်၏ဖြူဖျော့နေသောမျက်နှာသည် တဖြည်းဖြည်းကျလာသည်ကိုတွေ့လိုက်ရ၏။ ကံကောင်းစွာဖြင့် ကျန့်ယွင်၏ညီအစ်ကိုများက သူ့နောက်တွင်ရှိနေဆဲဖြစ်ကာ အား၀မ်ဟုခေါ်သော ဆံပင်အဝါနှင့်လူက သူ့အားကူညီခဲ့သော်လည်း အနည်းဆုံးတော့ ကျန့်ယွင်၏ဒဏ်ရာများအား နာကျင်ခွင့် မပြုနိုင်ပေ။“လောင်တ , လောင်တ ”
လူများစွာသည် ဒဏ်ရာမျိုးစုံရခဲ့ကြသော်လည်း သူတို့သည် ကျန့်ယွင်၏အခြေအနေအား ပိုစိုးရိမ်နေကြ၏။
ထိုအချိန်တွင် စုရွေ့ကျယ်သည် ကျန့်ယွင်၏ ဘယ်ဘက်လက်ဖြင့်ကာထားသော သူ့၀မ်းဗိုက်နားတွင် သွေးများဖုံးလွှမ်းနေသည်ကိုတွေ့လိုက်ရသည်။
“ကျန်းတကော ဒဏ်ရာရထားတာလား ? ”
စုရွေ့ကျယ် အလွန်အံ့အားသင့်သွားပြီးမေးလာ၏။
“ဘယ်လိုတွေ ဖြစ်နေတာလဲကွာ ? ”
“ဘာမှမပြောနဲ့တော့...”
အနက်ရောင်အခြမ်းအားဖွင့်ချလိုက်ဖို့*စိတ်မရှည်တော့သော သန်မာသည့် လူငယ်လေးသည် ဆံပင်အဝါ အား၀မ်၏ နှောက်ယှက်တာခံလိုက်ရ၏။
【T/N ; ဒေါသထွက်ပေါက်ကွဲတာကိုပြောချင်တာလို့ထင်ပါတယ် 】
“သူငါတို့ကို ကယ်ခဲ့တာ ! ”
သူ သူ့အားစကားပြောလိုက်ပြီးသည်နှင့် စုရွေ့ကျယ်အားကြည့်လိုက်ပြီး ပြောလိုက်၏။
“အဲ့လူတွေဘယ်ကနေသတင်းရထားသလဲမသိဘူး။ ငါတို့ လောင်တက ရဲတစ်တစ်ကောင်* ပါဆိုပြီးပြောနေကြပြီး ငါတို့အဆင်သင့်မဖြစ်သေးခင်မှာပဲ သူ့ကိုထောက်ချောက်ချ အကွက်ဆင်ထားခံလိုက်ရတာ။ ”
စု့ရွေ့ကျယ်မအံ့ဩတော့ပေ။ သူ့အရင်ဘ၀၌ ကျန့်ယွင်နှင့်ဆုံခဲ့ချိန်က ပျက်ကပ်ကြီးစတင်ပြီးနောက်ပိုင်းမှဖြစ်၏။ ထိုအချိန်တုန်းက ကျန့်ယွင်သည် သူ ရဲတစ်ယောက်ဖြစ်ကြောင်း တစ်ခါဖော်ပြခဲ့သေး၏။ သို့သော်လည်း ထိုအချိန်တုန်းက သူသည် သူ့အကြီးဆုံးအဒေါ်အား အလွန်ကိုယုံကြည်နေခဲ့၏။ သူသည် ကျန့်ယွင်၏ စကားလုံးများအား အမြဲလိုလိုပင် သံသယ၀င်နေခဲ့၏။ သူသည် သူ၏သက်သေခံအချက်အလက်များအား အခြေစိုက်စခန်းသို့မသွားခင်အထိ အတည်ပြုခြင်းမရှိခဲ့ပေ။ သို့သော်လည်း သူမမျှော်လင့်ထားသည်မှာ ကျန့်ယွင်၏ သက်သေခံအချက်အလက်များဆုတ်ဖြဲခံလိုက်ရပြီး ဒဏ်ရာရလိမ့်မည်ဟုပင်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...