My Cherry Will Explode in the Apocalypse
Chapter 111《 မိသားစုနှစ်ခု၏အခြေအနေ-၂ 》
Author: Drunken Light Song
Source: Jostena M
Translator: オタクလူတစ်စုသည် ကိစ္စများဤသို့တိုးတက်သွားမည်ကို မမျှော်လင့်ထားခဲ့ကြပါချေ။ ချန်းချီသည် တံခါးကို နောက်တစ်ကြိမ်ထပ်ခေါက်ချင်သည့်အခါတွင် ကျန့်ယွင်သည် သူ့အားတားလိုက်၏။
"အောက်ထပ်ကို ဆင်းကြည့်ရအောင်"
ကျန့်ယွင်သည် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
အခြေစိုက်စခန်းမှ စာရင်းသွင်းထားသည့်စာရင်းတွင် ပြဿနာမရှိနိုင်ချေ။ အိမ်ကို သူ့အဖေအားပေးခဲ့သည်ဖြစ်သင့်သော်လည်း ပန်လီဟွားနှင့်သူ့အဖေ ခွဲခွာသွားရသည့် အဖြစ်အပျက်ကို မည်သူသိနိုင်မည်နည်း။ ထို့အပြင် ပန်လီဟွား၏ စကားများမှတဆင့် ပြဿနာတချို့ကိုလည်း သူကြားခဲ့ရသည်။ သူမ၏ စကားလုံးများသည် သူ့ဖခင်အပေါ် မုန်းတီးမှုကိုပြသနေပြီး သူ့အဖေနှင့် ပြဿနာမှာရှိသင့်သည်။ ထို့ကြောင့် သူ့ဖခင်ကို အရင်ဦးစွာရှာဖွေရန် လိုအပ်သည်။
ပန်လီဟွားပြောသည့် အောက်ထပ်သည် သူတို့အောက်ကအထပ်ဖြစ်လေသဖြင့် သူတို့လေးယောက်သည် အောက်ထပ်ကိုဆင်းသွားကြပြီး ပန်လီဟွာ၏အိမ်အောက်ရှိ တိုက်ခန်းတံခါးကို ခေါက်လိုက်၏။ ကျန်းချန်ဖုန်းကို ရှာနေကြောင်းကို ထိုမိသားစုကြားသည့်အခါတွင် ကျန့်ချန်ဖုန်းသည် ပထမထပ်ရှိ လှေကားနှင့် မျက်နှာချင်းဆိုင်တိုက်ခန်းသို့ ပြောင်းရွှေ့သွားပြီဟု ပြောခဲ့လေသည်။
သူအားလုံး ကျေးဇူးတင်ကြောင်းပြောပြီးနောက် ပထမထပ်သို့ အတူတူသွားကြလေသည်။
တံခါး ထပ်ခေါက်ပြီးနောက် တံခါးဖွင့်ရန် အချိန်အတော်ကြာခဲ့သည်။
"မင်းတို့ ဘယ်သူ့ကိုရှာနေတာလဲ...."
တံခါးနောက်ကွယ်တွင် အိုမင်းရင့်ရော်နေသည့်မျက်နှာတစ်ခုရှိနေသော်လည်း ကျန့်ယွင်၏အဖေတော့မဟုတ်ခဲ့ပါချေ။
"ကျေးဇူးပြုပြီး၊ ကျန့်ချန်ဖုန်း ဒီမှာနေပါသလား?"
"မင်းတို့က ဘယ်သူလဲ?"

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...