My Cherry Will Explode in the Apocalypse
Chapter 83《 King Kong ရှစ်ယောက် 》
Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタクကျန့်ယွင်နှင့် တခြားသူများသည် ဆင်းပြီးကြသည်နှင့် မှတ်ပုံတင်ရုံးသို့သွားခဲ့ကြလေ၏။ ရွှီဖုန့်ယင်းသည် သူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိလိုသောကြောင့် သူမသည် သူတို့နှင့် တချိန်လုံးလိုက်သွားလေ၏။
အမှန်တကယ်တမ်းတွင် မှတ်ပုံတင်ရုံးသည် နှစ်ထပ်တိုက်တစ်လုံး၌ တည်ထားခြင်းဖြစ်၏။ ပထမထပ်သည် ပစ္စည်းများကို ပေးချေပြီး ရေတွက်သည့်နေရာဖြစ်ပြီး ဒုတိယထပ်ကတော့ မှတ်ပုံတင်စီမံခန့်ခွဲသည့် နေရာဖြစ်ပါသည်။
အဆောက်အဦငယ်လေးထဲ၌ လူတချို့သည် စကားစမြည်ပြောနေကြ၏။ သူတို့ဝင်လာသည်ကိုမြင်ပြီး တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလာလေ၏။
“ဒီကိုလာပြီး ပစ္စည်းတွေ လာပေးကြ”
သို့သော်လည်း ကျန့်ယွင်နှင့်အခြားသူများသည် ခေါင်းမထောင်ဘဲ အပေါ်ထပ်သို့တက်ရန် လှေကားဆီသို့ တည့်တည့်သွားရန်သာ ပြင်ဆင်နေကြလေသည်။
“အာ အာ! မင်းတို့ဘာလုပ်နေကြတာလဲ? မကြားဘူးလား?! ငါမင်းတို့ကို ပစ္စည်းတွေလာပေးစေချင်တယ်လေ!”
ကျန့်ယွင်သည် သူတို့အား အမှန်တကယ် လျစ်လျူရှုနေသည်ကို ထိုလူများတွေ့လိုက်သောအခါ သူတို့ဒေါသထွက်သွားကြလေ၏။
၎င်းကို ရွှီဖုန့်ယင်း မြင်လိုက်ပြီး ကျန့်ယွင်ရှေ့၌ အလျင်စလိုရပ်တားလိုက်ပြီး တိုးတိုးလေးပြောလိုက်၏။
“သူတို့တွေက အခြေစိုက်စခန်းခေါင်းဆောင်ရဲ့ ဆွေမျိုးသားချင်းတွေလေ။ သူတို့ကို မစော်ကားတာ ပိုကောင်းတယ်။ အခြေစိုက်စခန်းမှာ စည်းမျဥ်းစည်းကမ်းတွေ ရှိပြီး ပစ္စည်းတွေကို ပေးသင့်တယ်”
သို့သော်လည်း ကျန့်ယွင်နှင့်တခြားသူများသည် ပေးလိုစိတ်မရှိသည့်အတိုင်း ရပ်နေကြဆဲဖြစ်လေ၏။ ရွှီဖုန့်ယင်းသည် ဆက်ပြီး
“ရှင်တို့အတွက် အဆင်မပြေရင် ကျွန်မကပဲ ပေးလိုက်ပါရစေ။ ရှင်တို့ကယ်ဆယ်ခဲ့တဲ့ ကျေးဇူးတရားက အစားအစာဆယ်ဂျင်းထက်တော့ ပိုတန်ပါတယ်။ ကျွန်မရိက္ခာတွေကို အခုပဲ သွားယူလိုက်မယ်။ ကျေးဇူးပြုပြီး သူတို့ကို စိတ်မဆိုးပါနဲ့”

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...