My Cherry Will Explode in the Apocalypse
Extra《 ကွေ့ကောက်သောလမ်းသည် ဆိတ်ငြိမ်သောအရပ်သို့ ဦးတည်လေသည် 》
Author: Drunken Light Song
Source: Jostena M
Translator: オタクမတ်လ 20 ရက်သည် အလွန်သာမန်ဖြစ်သောနေ့ဖြစ်သော်လည်း ကျန့်ယွင်၏အဖွဲ့၀င်များအားလုံးအတွက် အရေးကြီးသောနေ့ဖြစ်လေသည်။ ထိုနေ့သည် စုရွေ့ကျယ်၏မွေးနေ့ဖြစ်သောကြောင့် ပြောရမည်ဆိုလျှင်; နောက်ဆုံး၌ သူသည် အသက်ဆယ့်ရှစ်နှစ်အဖြစ်ပြောင်းလဲသွားပြီဖြစ်၏။ စုရွေ့ကျယ်သည် အဖွဲ့ငယ်လေး၏ အူတိုင်ဖြစ်လေသည်။
ကျန့်ယွင်တို့အဖွဲ့ထဲရှိ လူတိုင်းသည် သဘာ၀အတိုင်း သူ့မွေးနေ့ကို အလွန်အလေးထားကြပြီး ၎င်းကိုကျင်းပရန် အားလုံး အလုပ်ရှုပ်နေကြလေသည်။
စုရွေ့ကျယ်ကို အံ့အားသင့်စေဖို့ရန်အတွက် သူတို့သည် တပ်ခွဲမှူးကျန်းကို သွားနှုတ်ဆက်ပြီး သူ့ကို ဖုံးထားပေးရန် တောင်းဆိုခဲ့ကြသည်။ သူတို့သည် စုရွေ့ကျယ်ကို စားနပ်ရိက္ခာမလုံမလောက်ဟု အကြောင်းပြပြီး ဂိုဒေါင်သို့ ရိက္ခာလွှဲပြောင်းပေးရန် ဖိတ်ခေါ်ခဲ့ကြလေသည်။
ဝူကျင်းနှင့်ချန်းကျောင်းတို့သည် မီးပုံးပျံများ တစ်စည်း၊ ဖဲကြိုးများနှင့် ချန်ပန်းဇီ၏ဆိုင်ရှိ အရုပ်မျိုးစုံနှင့် လက်ဆောင်သေတ္တာများကို မှာကြားခဲ့ကြလေသည်။ စုရွေ့ကျယ် ထွက်သွားသည်နှင့် တပြိုင်နက် သူတို့သည် လူများကိုညွှန်ကြားပြီး အခန်းကိုအလှဆင်ရန် စတင်ခဲ့ကြသည်။
မိန်းကလေးနှစ်ယောက်သည် ယောက်ျားလေးများကို နေရာအနှံ့သွားခိုင်းပြီး အမိန့်ပေးခဲ့ကြကာ နောက်ဆုံး၌ မွေးနေ့ပါတီမြင်ကွင်းကို စီစဉ်ခဲ့ကြလေသည်။
လင်းကျား၏ကုသမှုနှင့် ပြန်လည်သက်သာလာပြီးနောက် ကျန်းချန်ဖုန့်၏ခြေထောက်သည် လုံးဝပြန်လည်ကောင်းမွန်လာသောကြောင့် သူသည် ပျော်ရွှင်စွာပါဝင်ခဲ့သည်။
သူသည် ကိတ်မုန့်လုပ်ရာတွင်ကျွမ်းကျင်သည့် ကိတ်မုန့်လုပ်သည့် လူတစ်ယောက်ကို ရှာတွေ့ခဲ့ပြီး သုံးထပ်နို့ချိုကိတ်တစ်လုံးကို မှာယူခဲ့လေသည်။ စုရွေ့ကျယ်သည် သစ်သီးစားရသည်ကို ကြိုက်နှစ်သက်မှန်း သူသိသောကြောင့် သူသည် ထိုလူအား ကိတ်မုန့်ထဲတွင် အသီးအနှံမျိုးစုံထည့်ခိုင်းခဲ့သည်။ ရှောင်ကျယ်သည် အလွန်သိတတ်သည်။ သူနှင့်လောင်ချောင်၏အိမ်တွင် သစ်သီး၀လံများ ဘယ်တော့မှ မပြတ်လပ်ခဲ့ချေ။ သုံးရက်ကြာအောင် စုပြီးနောက် သူသည် အားလုံးကိုထုတ်ယူလိုက်ကာ ကိတ်မုန့်လုပ်သူအား ကိတ်မုန့်ပေါ်တင်ရန်အတွက် ပေးလိုက်ပြီး စုရွေ့ကျယ်၏အမည်ကို ရေးမှတ်ခဲ့လေသည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...