My Cherry Will Explode in the Apocalypse
Chapter 87《 မိုးသည်းကြီးနောက်ဆုံးတိတ်သွားပြီ 》
Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタクမိုးသည်းထန်စွာရွာသွန်းမှုကြောင့် လင်းကျားရှိသည့် အဆောက်အဦး၏ တံခါးဝမှအစောင့်များသည် အဆောက်အဦးထဲသို့၀င်နေခဲ့ကြသည်။ အပြင်ဘက်တွင် မည်သူမျှမရှိခဲ့ပေ။ ဝူကျင်းသည် ညအမှောင်၏အကာအကွယ်အောက်တွင် အဆောက်အဦးအပြင်ဘက်သို့ လွယ်လင့်တကူထွက်လာလေသည်။ သူမ၏အသွင်အပြင်သည် လျင်မြန်စွာ မြူခိုးများအဖြစ်သို့ပြောင်းလဲသွားပြီး ဒုတိယအထပ်သို့လွင့်မျောသွားခဲ့လေသည်။ သူမသည် ဖောက်ထွင်းမှုကာကွယ်ရေးပြတင်းပေါက်မှ ဖြတ်ပြီး လင်းကျား၏ အခန်းထဲသို့ဝင်သွားခဲ့သည်။
သူ့အခန်းထဲတွင် သူတယောက်တည်း ရှိနေ၏။ ထိုအချိန်၌ ကုတင်ပေါ် တွင်လဲလျောင်းရင်း မသက်မသာအိပ်ပျော်နေခဲ့သည်။
ပြန်လည်ကောင်းမွန်လာပြီးနောက် ဝူကျင်းသည် လင်းကျားကို ညင်သာစွာ တွန်းလိုက်သည်။
မသက်မသာဖြစ်နေသောကြောင့် လင်းကျားသည် အနည်းငယ်သာအိပ်မောကျနေသောကြောင့် ချက်ချင်းနီးပါးပင် နိုးလာခဲ့သည်။
သူ့ရှေ့ရှိ ထူးဆန်းပြီး လှပသောအမျိုးသမီးကို အံ့သြတကြီး ကြည့်နေပြီး
“မင်းက ဘယ်သူလဲ? မင်းက ဘယ်လိုဝင်လာတာလဲ?”
“နိဟောင်၊ ကျွန်မနာမည်က ဝူကျင်းပါ”
ဝူကျင်းသည် အသံကို လျှော့ပြီး သူမ၏ဇာတိပကတိကို အတိုချုံးပြောပြလိုက်၏။ ပြီးနောက် သူမသည် ကြည်လင်သောအမြုတေခဲအများအပြားကို ထုတ်ကာ လင်းကျားကို ပေးလိုက်သည်။
“ ဒါတွေကို အမြုတေလို့ ခေါ်တယ်။ သူတို့တွေက ဖုတ်ကောင်တွေရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအင်ပုံဆောင်ခဲတွေပါ၊ သူတို့တွေရဲ့ စွမ်းအင်ကို ထောက်ပံ့ပေးနိုင်တဲ့အရာတွေပေါ့။ ရှင့်ရဲ့စွမ်းအားတွေကို အလွန်အကျွံသုံးစွဲတာကြောင့် ရှင့်ခန္ဓာကိုယ် ကအားနည်းလာတာ။ အမြုတေကို သုံးလိုက်ရင် ရှင် ပိုကောင်းလာလိမ့်မယ်”

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...