My Cherry Will Explode in the Apocalypse
Chapter 25
Author: Drunken Light Song
Source: Jostena M
Translator: オタク【 Unicode 】
စုန့်ချန်ရှုသာကြက်သေ သေသွားသည်မဟုတ်ဘဲ ကျန့်ကျားဟယ်တောင် သူ့ကိုယ်သူ အံ့အားသင့်သွားလေတော့သည်။ သူသည် သူ့လက်များ ခြေများ အားနည်းနေသေးသည်ဟုခံစားရပြီး ထို့ကြောင့်ပင် ခွန်အားအကုန်သုံးခဲ့ခြင်းမျိုးမဟုတ်ပေ။ သူ မသိစိတ်ကြောင့် သူ့ထိုင်ခုံကိုမကာ ဖုတ်ကောင်ကိုတားရန်ဖြစ်သည်။ သို့သော် အလုပ်ဖြစ်သွားမည်မှန်း သူမထင်ခဲ့ချေ။
ကျန့်ကျားဟယ် သူ့လက်ဖဝါးကိုငုံ့ကြည့်ကာ တစ်ခုခု သူ မြန်မြန်ဆန်ဆန်နာမလည်နိုင်တော့ပုံရသည်။
“ခွန်အားစွမ်းရည် ဖြစ်ပုံရတယ်”
ကျန့်ယွင်ပြုံးလျက် ပြောလိုက်သည်။
“ကောင်းတယ်”
ကျန့်ယွင်သည် ကမ္ဘာပျက်ကပ်အတွင်း လူများ၏နိုးထလာသောစွမ်းရည်သည် မျိုးစုံဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာတိုးမြင့်လာမှုစွမ်းရည်များသည် ပိုသာလွန်သောစွမ်းရည်တစ်မျိုးဖြစ်ကြောင်း စုရွေ့ကျယ်ပြောသည်ကို ကြားဖူးသည်။ စုရွေ့ကျယ်၏ စွမ်းအားများကို အလွယ်တကူ ဖော်ထုတ်ခံရနိုင်သည်ကို စဉ်းစားရပါလျှင် စုန့်ချန်ရှုနှင့် သူကသာ လက်ရှိတွင် သူ့ကိုကာကွယ်ရန် စွမ်းအားမရှိကြသေးချေ။ အကယ်၍ ဤလူအား သူတို့နှင့်အတူ ခေါ်သွားပါက သူတို့လုံခြုံရေးသည် ပို၍ အာမခံနိုင်လိမ့်မည်။
စုရွေ့ကျယ်၏ မျက်လုံးများ ကျန့်ယွင်၏မျက်လုံးများနှင့် ဆုံသွားချိန်တွင် ကျန့်ယွင်တွေးနေသည်ကို နားလည်လိုက်သည်။ ကမ္ဘာပျက်ကပ်ကြီး၏ အစောပိုင်းနေ့ရက်များတွင် ခွန်အားအပေါ်မူတည်သည့် စွမ်းရည်များသည် အလွန်အရေးပါသောအခန်းကဏ္ဍမှ ပါ၀င်လိမ့်မည်။ အကယ်၍ ဤလူ၏ အကျင့်စရိုက်သည် အတော်အသင့်ကောင်းမွန်ပါက ဤသို့ဆိုလျှင် သူ့အနေဖြင့် ယခုမှစ၍ သူတို့နှင့် ပူးပေါင်းနိုင်သည်။
“မင်း....”
ကျန့်ယွင်သည် သူ့အား နောက်ထပ်ဘာဆက်လုပ်မည့်အကြောင်းမေးမြန်းချင်ခဲ့သည်။ ရုတ်တရက် တစ်စုံတစ်ယောက်သည် ဆေးဆိုင်၏တံခါးမှ ဖြတ်ကာ ပြေးလွှားသွားပြီး ဖုတ်ကောင်များ၏ ဟောက်သံများကိုလည်းကြားလိုက်ရသည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...