My Cherry Will Explode in the Apocalypse
Chapter 15
Author: Drunken Light Song
Source: Jostena M
Translator: オタク【Unicode】
နေရာလွတ်အပြင်ဘက်ပြန်ရောက်သောအခါ စုရွေ့ကျယ် မီးဖိုခန်းသို့သွားကာ ရုတ်တရက်နှောက်ယှက်ခံလိုက်ရသောအစားအသောက်ချက်ပြုတ်ခြင်းကို ဆက်လက်ချက်ပြုတ်ခဲ့ သော်လည်း နေ့လည်စာသည် နှောင့်နှေးသွားရကာ ညစာဖြစ်သွားလေသည်။
သူတွေးထားသကဲ့သို့ ငါးပေါင်းဟင်း၊ ၀က်သားငရုပ်စိမ်းကြော်နှင့် အရသာရှိသော အာလူးနံရိုးစွတ်ပြုတ် တို့ကိုပြုလုပ်ခဲ့သည်။
ဟင်းနှစ်ပွဲနှင့် စွတ်ပြုတ်တစ်ခွက် တို့နှင့်အတူ အနံ့မွှေးပျံ့လှသောထမင်း နှစ်မျိုးစလုံးသည် အလွန်သာယာစိတ်ကျေနပ်စရာကောင်းသောအစားအသောက်တစ်နပ်ဖြစ်လေသည်။
နောက်တစ်နေ့တွင် စုရွေ့ကျယ်သည် သူ့စာရင်းစာအုပ်နှင့် ဘဏ်ကတ်ကိုယူကာ ကျန့်ယွင်နှင့်အတူ အနီးအနားသို့သွားရန်ပြင်ဆင်လိုက်သည်။
မထွက်ကြသေးခင်တွင် စုရွေ့ကျယ်သည် ကျန့်ယွင်ကို သူ့အိမ်ထောင်စုစာအုပ်နှင့် ဘဏ်ကတ်အားပြလိုက်သည်။
ကျန့်ယွင်သည် စုရွေ့ကျယ် အိမ်ထောင်ဦးစီးဖြစ်သည်ကို မအံ့ဩလှပေ။ ထိုအချိန်တုန်က အိမ်ထောင်စုစာအုပ်တွင် သူနှင့် သူ့အဖိုးသာလျှင် ရှိခဲ့သည်။ အဖိုးစုဆုံးပါးသွားပြီးနောက် ဆယ့်ခြောက်နှစ်ကျော်အရွယ်စုရွေ့ကျယ်သည် အိမ်ထောင်ဦးစီးဖြစ်လာခဲ့ရသည်။
အမြဲတမ်းနေထိုင်ခွင့်မှတ်ပုံတင်စာအုပ်တွင် နောက်ထပ်နာမည်သုံးခုရှိသော်လည်း အတော်အတန်ပင် ရှင်းလင်းနေသည်။ တကယ်တမ်းတွင် သူတို့သည် စုရွေ့ကျယ်အား ယွမ်သုံးသိန်းပေးခဲ့သော်လည်း သူတို့လက်မခံချင်လောက်ပေ။
သို့သော်ငြား ဘဏ်ကတ်အားမြင်လိုက်သောအခါ ကျန့်ယွင် အနည်းငယ် မျက်ခုံးပင့်သွားရသည်။
"ဒီကတ်က မင်းဟာ ဟုတ်လို့လား?"
"ကျွန်တော့်အဖိုးရဲ့ဟာ "
အဖိုးစုသည် အသက်ကြီးနေပြီး သူ့မျက်လုံးများနှင့် ပိုက်ဆံသည် သိပ်မကောင်းတော့ပေ။ ထို့ကြောင့် ဘဏ်ကတ်အားလုံးသည် စုရွေ့ကျယ်သာသိမ်းထားခဲ့ရသည်။ သူပိုက်ဆံလိုအပ်သောအချိန်တုန်းက စုရွေ့ကျယ်သည် ဘဏ်သို့သွားကာ ပိုက်ဆံထုတ်ခဲ့သည်။ အချိန်အတော်ကြာ ထိုကတ်ကိုအသုံးပြုနေကျဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်သူသည် ထိုကတ်ထဲသို့ ပိုက်ဆံထည့်ပေးနိုင်သည်ဟု တွေးမိသည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ?????????? ???????????????????? ???????????????? 》 ???????????????????????????????????????????? ????????????????????????? ???????????????????????????????????? ?????????????????? ?????? ??????????????? ?????????????????????????????????????????????...